■ အာဆင်နယ်၊ ဘာစီလိုနာ၊ဘိုင်ယန်မြူးနစ်နှင့် PSG တို့ ဂိုးပြတ်အနိုင်ရခဲ့တဲ့
ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၃) ဒုတိယနေ့ပွဲများ သုံးသပ်ချက်
ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၃) ဒုတိယနေ့ပွဲတွေမှာ အာဆင်နယ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နှင့် PSG တို့ ဂိုးပြတ်အနိုင်ရခဲ့ပြီး 
နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းက အိမ်ကွင်းမှာ လူဒိုဂိုရတ်စ်ကို သက်သောင့်သက်သာအနိုင်ယူခဲ့ပါတယ်။
ဝေါလ်ကော့၊ ဆန်းချက်ဇ်၊ အိုဇေးလ်တို့ရဲ့ တိုက်စစ်တွဲလုံးတွေကို လူဒိုဂိုရတ်စ် မထိန်းနိုင်ခဲ့ပါဘူး။
လူဒိုဂိုရတ်စ်က အာဆင်နယ်ဘက်ကို တစ်ဦးချင်းပြေးအားတွေနဲ့ ထိုးဖောက်နိုင်ခဲ့ပေမယ့်
ဂိုးဧရိယာနားရောက်ရင် မလုပ်တတ်မကိုင်တတ်ဖြစ်နေခဲ့ပါတယ်။
အတွေ့အကြုံအရလည်း အားနည်းချက်တွေရှိနေတယ်။
အာဆင်နယ်အတွက် ပထမဂိုးကို ဆန်းချက်ဇ်က လူဒိုဂိုရတ်စ် ဂိုးသမားကို ကျော်ပြီး 
လှလှပပကန်သွင်းယူခဲ့တာပါ။
ဒုတိယဂိုးကို အခွင့်အရေးတချို့ လွဲချော်ခဲ့တဲ့ ဝေါလ်ကော့က ဂိုးဧရိယာထိပ်နားကနေ 
ကန်သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းမှာ အာဆင်နယ်အတွက် ဂိုးတွေကို 
အိုဇေးလ်က (၅၆၊ ၈၃၊ ၈၇) မိနစ်တွေနဲ့ (၄၆)မိနစ်မှာ ချိန်ဘာလိန်တို့က သွင်းယူခဲ့ပါတယ်။
ဟက်ထရစ်ရခဲ့တဲ့ အိုဇေးလ်က အာဆင်နယ်အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်မှာဟက်ထရစ်ရတဲ့ (၅)ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားတယ်။
ဘာစီလိုနာအသင်းက နည်းပြဟောင်းဂွါဒီယိုလာရဲ့ မန်စီးတီးကို အကောင်းဆုံးဧည့်ခံခဲ့ပါတယ်။
ပထမပိုင်းမှာ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာတို့ရဲ့ တွဲလုံးတွေက မန်စီးတီးခံစစ်ရဲ့ ခပ်မာမာ၊ ခပ်ကြမ်းကြမ်း တုံ့ပြန်မှုအောက်မှာ သိပ်မလှုပ်ရှားနိုင်ခဲ့ဘူး။
ဇာဘလက်တာ၊ ဖာနန်ဒင်ဟိုတို့က ဘာစီလိုနာတိုက်စစ်တွေကို ခပ်ကြမ်းကြမ်းတားဆီးခဲ့တယ်။
ကွင်းလယ်ဒိုင်ရဲ့ ပွဲကို ထိန်းသိမ်းပုံတွေက လိုအပ်ချက်ရှိနေခဲ့ပြီး အ၀ါပြသချိန်မှာ မပြခဲ့တာတွေလည်း ရှိခဲ့တယ်။
ဒါကြောင့်  ဘာစီလိုနာကစားသမားတွေ ရှောင်ကစားနေခဲ့လို့ 
ပထမပိုင်းမှာ ဘာစီလိုနာက မက်ဆီသွင်းယူတဲ့ ဂိုးတစ်ဂိုးသာရခဲ့ပါတယ်။
မက်ဆီက အသင်းဖော်ဂိုးသမားဟောင်း ဘရာဗိုကို လိမ်ပြီး ဂိုးပေါက်ထဲ 
လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းယူခဲ့ပါတယ်။ 
ဒီဂိုးဟာ မက်ဆီအတွက် ချန်ပီယံလိဂ်နောက်ဆုံး (၈)ပွဲမှာ (၁၀)ဂိုးမြောက်သွင်းဂိုးပါပဲ။
(၅၃)မိနစ်မှာ မန်စီးတီးဂိုးသမား ဘရာဗို ဂိုးဧရိယာအပြင်ဘက်မှာ လက်နဲ့ပုတ်ခဲ့လို့ 
အနီကတ်နဲ့ ထုတ်ခံရပါတယ်။
အဲဒီနောက်မှာ မက်ဆီက တစ်ကိုယ်တော်အစွမ်းနဲ့ (၆၁၊ ၆၉)မိနစ်တွေမှာ (၂)ဂိုးသွင်းယူခဲ့တယ်။
(၇၃)မိနစ်မှာ ဘာစီလိုနာနောက်ခံလူ မက်သယူးထုတ်ပယ်ခံရပေမယ့် 
မန်စီးတီးအသင်းက နှစ်သိမ့်ဂိုးပြန်မသွင်းနိုင်ခဲ့ဘဲ
ဘာစီလိုနာအတွက် ပွဲသိမ်းဂိုးကို (၈၇)မိနစ်မှာ ပယ်နယ်တီလွဲခဲ့တဲ့
 နေမာက သွင်းယူကာ 
နည်းပြဟောင်း ဂွါဒီယိုလာရဲ့ မန်စီးတီးကို ဂိုးပြတ်အနိုင်ယူခဲ့တာပါပဲ။
ဘိုင်ယန်မြူးနစ်-PSV ပွဲက အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ အကြိတ်အနယ်ရှိခဲ့တယ်။
ဘိုင်ယန်မြူးနစ်အသင်းက သမ္ဘာ၊ ကစားသမားအင်အားသာလွန်တယ်ဆိုပေမယ့်
PSV ရဲ့ တန်ပြန်တိုက်စစ်တွေက
လည်း အသက်ဝင်ခဲ့တယ်။
ဒါကလည်း ဦးဆောင်ဂိုး (၂)ဂိုးရြ့ပီးချိန်မှာ ဘိုင်ယန်မြူးနစ်က Tempo 
လျှော့ချလိုက်လို့လည်းဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အတွက် ဂိုးတွေကို မူလာနဲ့ ကင်မစ်ခ်ျတို့က သွင်းယူခဲ့ပြီး
PSV အတွက် ချေပဂိုးတစ်ဂိုးကို နာဆင်းက (၄၁)မိနစ်မှာ သွင်းခဲ့ပေမယ့်
ဒုတိယပိုင်းမှာ ဘိုင်ယန်မြူးနစ်ရဲ့ စနစ်တကျတိုက်စစ်ကစားဟန်ကို
 PSV  မထိန်းနိုင်တော့ဘူး။
ဘိုင်ယန်မြူးနစ်အတွက် နောက်ထပ်အနိုင်ဂိုးတွေကို (၅၉)မိနစ်မှာ လီဝန်ဒေါစကီးနဲ့ (၈၄)မိနစ်မှာ ရော်ဘင်တို့က ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။
ရလဒ်များ
အာဆင်နယ် ၆-၀ လူဒိုဂိုရတ်စ်
PSG ၃-၀ ဘေဆယ်
နာပိုလီ ၂-၃ ဘက်ဆစ်တက်
ဒိုင်နမိုကိဗ် ၀-၂ ဘင်ဖီကာ
ဆဲလ်တစ် ၀-၂ မိုချန်ဂလာဘတ်
ဘာစီလိုနာ ၄-၀ မန်စီးတီး
ရော့စတော့ဗ် ၀-၁ အက်သလက်တီကို
ဘိုင်ယန်မြူးနစ် ၄-၁ PSV
No comments:
Post a Comment