ပရီးမီးယားလိဂ်၏ စက်တင်ဘာလအတွက် အကောင်းဆုံးသွင်းဂိုးဆုကို ရွေးချယ်ချီးမြှင့်လိုက်ရာ လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန် ရရှိခဲ့ကြောင်း သိရှိရသည်။
ဟန်ဒါဆန်သည် ချယ်လ်ဆီးအသင်းကို စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်း၌ (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် သွင်းယူခဲ့သောဂိုးဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။
 ပရီးမီးယားလိဂ်ဆုရွေးချယ်ရေးအဖွဲ့သည် ယခုဆုအတွက် 
ဆန်ခါတင်သွင်းဂိုး(၈)ဂိုးကို ဦးစွာရွေးချယ်ခဲ့ရာ လက်စတာနှင့်ပွဲမှ 
လီဗာပူးလ်ကွင်းလယ်လူ လယ်လာနာ၏ဂိုး၊ စတုတ်နှင့်ပွဲမှ စပါးတိုက်စစ်မှူး 
ဆွန်ဟောင်မင်၏ဂိုး၊ ဟားလ်စီးတီးနှင့်ပွဲမှ အာဆင်နယ်ကွင်းလယ်လူ 
ချာကာ၏ဂိုးတို့လည်း ပါဝင်ခဲ့သည်။
နောက်ဆုံးအဖြစ် ချယ်လ်ဆီးအသင်းဘက်သို့ ဟန်ဒါဆန်သွင်းယူခဲ့သည့် ဒုတိယဂိုးကို အကောင်းဆုံးအဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည်။
ဆုချီးမြှင့်ခံခဲ့ရသည့် ဟန်ဒါဆန်က မိမိသွင်းယူခဲ့သည့်ဂိုးများအနက် အကောင်းဆုံးဂိုးတစ်ဂိုးဖြစ်သည်ဟု ဆိုခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လအတွက် အကောင်းဆုံးသွင်းဂိုးဆုကိုမူ မစ်ဒယ်ဘရော့တိုက်စစ်မှူး စတူအာနီက ရရှိခဲ့ကြောင်းလည်း သိရှိရသည်။
Photo: premierleague.com

No comments:
Post a Comment