Tuesday, October 11, 2016

ဆလိုဗေးနီးယားနှင့်ပွဲတွင် ရွန်နီကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုမည် မဟုတ်

အင်္ဂလန်လက်ရွေးစင်အသင်း၏ ယာ ယီနည်းပြ ဆောက်ဂိတ်က ယနေ့ည ယှဉ်ပြိုင် ကစားရမည့် ဆလိုဗေးနီးယားနှင့်ပွဲတွင် အ သင်းခေါင်းဆောင် တိုက်စစ်မှူး ရွန်နီကို ပွဲ ထွက်ကစားသမားအဖြစ် အသုံးပြုမည်မ ဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အင်္ဂလန်အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖ လားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ပြီး အဖွင့်ပွဲနှစ်ပွဲစလုံးကို အနိုင်ရရှိထားသော် လည်း ရှုံးပွဲမရှိသေးသည့် ဆလိုဗေးနီးယားအ သင်းကို ယနေ့ညတွင် အဝေးကွင်း၌ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ ဆောက်ဂိတ်သည် မော်လ်တာအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ရွန်နီကို ကွင်းလယ်တွင် ပွဲချိန်ပြည့်အသုံးပြုခဲ့ ပြီး ရွန်နီ၏ ခြေစွမ်းကို အားရကြောင်း ဆိုခဲ့ သော်လည်း ပရိသတ်များကမူ ရွန်နီကို လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ ကြောင့် ဆောက်ဂိတ်၏ ယခုဆုံးဖြတ်ချက်မှာ မေးခွန်းထုတ်ချင်စရာလည်း ဖြစ်ခဲ့ရသည်။
သို့ သော် ဆောက်ဂိတ်က ''ကျွန်တော့်အတွက် အကြီးမားဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ ရတာဖြစ်ပေမယ့် အသင်းအတွက်
မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့တယ်လို့ ယူဆပါ တယ်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်တဲ့အခါမှာ ဘယ်သူတွေက ပရီးမီးယားလိဂ်မှာ နေရာရနေသလဲဆိုတာကလည်း အရေးကြီးပါတယ်'' ဟု ဆိုခဲ့သည်။
ဆောက်ဂိတ်သည် ရွန်နီကို ပထမက စားသမားအဖြစ် အသုံးပြုမည်မဟုတ်ကြောင်း တနင်္လာနေ့က ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်း စာရှင်းလင်းပွဲတွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းသတင်းထွက်ပေါ်လာပြီးနောက် ပရိသတ်များ၏ သဘောထားကို ကောက်ခံခဲ့ရာတွင်လည်း ပရိသတ်(၇၀%)က
ဆောက်ဂိတ် ၏ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပြီး (၃၀%)ကသာ ကန့်ကွက်ခဲ့ကြောင်းလည်း သိရသည်။
Photo: Reuters


No comments:

Post a Comment