မန်စီးတီးနောက်ခံလူ ဇာဘလက်တာက နည်းပြ ဂွါဒီယိုလာသည် အသင်း၏လေ့ကျင့်ရေးကွင်း၌ အင်တာနက်အသုံးမပြုရန် ပိတ်ပင်ထားသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။
ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နိုင်အောင် ဦးဆောင်ပေးထားသူဖြစ်ပြီး တင်းကျပ်သည့်စည်းကမ်းများဖြင့် ကစားသမားများကို ကိုင်တွယ်နေကြောင်းလည်း သိရှိရသည်။
 သို့သော် ကစားသမားများနှင့် ဆက်ဆံရေးကောင်းမွန်ပြီး ပြဿနာမရှိကြောင်းလည်း သိရှိရသည်။
ဇာဘလက်တာက "သူက ကျွန်တော်တို့ကို မနက်စာနဲ့ နေ့လယ်စာ တူတူစားဖို့လည်း စည်းကမ်းထုတ်ထားပါတယ်။ အင်တာနက်ကတော့ 3G တောင် သုံးခွင့်မပြုပါဘူး။ ဒါပေမဲ့ အားလုံးက အပြုသဘောဆောင်ပါတယ်။ အကောင်းဆုံးနည်းပြနဲ့ လေ့ကျင့်ချင်တဲ့ အိပ်မက်တွေ အခုလက်တွေ့ ဖြစ်ပေါ်နေတဲ့အတွက်လည်း ကျွန်တော် ကျေနပ်မိပါတယ်" ဟု ပြောကြားခဲ့သည်။
Photos: Gettyimages & ibtimes

No comments:
Post a Comment