လီဟာနက်စ် - ဆီဗီလာ (၁၅-၁၀-၂၀၁၆ ညနေ ၅း၃၀)
ဆီဗီလာရဲ့အဝေးကွင်းကစားပုံက အခုထိအားရစရာမရှိ သေးဘူး။ နိုင်ပွဲရဖို့ရုန်းကန်နေရတုန်းပဲ။ အခုလည်းဒီပွဲအပြီးချန် ပီယံလိဂ်ကစားရမယ့်အနေအထားကြောင့် ဆီဗီလာကိုမျှော် လင့်ထားလို့ မရဘူး။ လီဟာနက်စ်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။
 ဘာစီလိုနာ - ဒီပို့တီဗို (၁၅-၁၀-၂၀၁၆ ည ၈း၄၅)
ဘာစီလိုနာမှာ မက်ဆီပြန်ကစားနိုင်မယ်လို့ သတင်းထွက်နေပေမယ့် နည်းပြအင်းနရစ်ကတော့ မက်ဆီ ပြန်ကစားနိုင်ရင် တောင် ဒီပွဲထက် မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲကိုပဲ ဦးစားပေးထားဖို့များတယ်။ ဘာစီလိုနာရဲ့ ကစားသမားတချို့ကလည်း နိုင်ငံ အတွက်ပြန်ကစားရင်း ဒဏ်ရာတွေရထားကြလို့ ရာကီတစ်၊ အယ်လ်ဘာတို့ဆိုရင်လည်း ဒီပွဲအတွက် ကြံ့ခိုင်မှုအပြည့်ရှိပါ့မလား စောင့်ကြည့်စရာဖြစ်နေသေးတယ်။ ဒီပို့တီဗိုကလည်း အဝေးကွင်း (၃)ပွဲမှာ အက်သလက်တီကိုတစ်သင်းတည်းကိုပဲ ရှုံးထားပြီး ကျန်တဲ့(၂)ပွဲကို သရေကစားထားတယ်။ အဝေးကွင်းဆိုရင် ခံစစ်ပိတ်ကစားဖို့လည်း ပြင်ဆင်ထားလေ့ရှိတဲ့အသင်းမျိုးဖြစ်တယ် ဆိုတာကို အဝေးကွင်း(၃)ပွဲမှာ ရဂိုးကတစ်ဂိုးမှမရှိသေးဘဲ ပေးဂိုးကအက်သလက်တီကိုနဲ့ပွဲမှ (၁)ဂိုးပဲရှိတာကိုကြည့်ရင် မြင်သာ နေတယ်။ ဒါကြောင့် အခုလည်း ဘာစီလိုနာအသင်းကိုရင်ဆိုင်ဖို့ ခံစစ်ကိုပဲအားပြုထားဦးမှာပဲ။ ဒီပွဲကလည်း ဘာစီလိုနာတိုက်စစ် နဲ့ ဒီပို့တီဗိုခံစစ် အဓိကအားပြိုင်ရမယ့်ပွဲမျိုးဖြစ်နေတဲ့အပြင် ဘာစီလိုနာအတွက် ဒီရာသီအိမ်ကွင်းမှာ အခက်အခဲ အနည်းငယ် ရှိနေပုံပေါ်နေလို့ ဘာစီလိုနာနိုင်ရင်တောင် ဂိုးမပြတ်ပါဘူး။ ဘာစီလိုနာ(၂-၀)လောက်နဲ့ပဲ ပြီးသွားနိုင်တယ်။
အက်သလက်တီကို - ဂရန်နာဒါ (၁၅-၁၀-၂၀၁၆ ည ၁၁း၀၀)
ထိပ်ဆုံးနေရာမှာမြဲနေဖို့ အက်သလက်တီကိုအနိုင်ကစား ထားမယ့်ပွဲပါ။ လက်ရှိဂရန်နာဒါရဲ့ ခြေစွမ်းအရလည်း အက်သ လက်တီကိုအတွက် စိုးရိမ်စရာသိပ်မရှိလှပါဘူး။ ချန်ပီယံလိဂ်ရှိ နေလို့ အက်သလက်တီကို ဂိုးနည်းနည်းနဲ့ နိုင်ပွဲယူလိမ့်မယ်။
ဘက်တစ် - ရီးယဲလ်မက်ဒရစ် (၁၆-၁၀-၂၀၁၆ နံနက် ၁း၁၅)
ရီးယဲလ်မက်ဒရစ်အတွက် ကြံ့ခိုင်မှုပိုင်းမှာ စိန်ခေါ်မှုရှိနိုင်တဲ့ပွဲမျိုးပါပဲ။ နည်းပြဇီဒန်းကတော့ သူတို့အသင်း လက်ရှိကြုံနေရ တဲ့အနေအထားကို စိတ်ပိုင်းဆိုင်ရာအားနည်းမှုကြောင့်လို့ ထုတ်ပြောထားပေမယ့် လက်တွေ့မှာတော့ ရီးယဲလ်မှာ ရုပ်ပိုင်းဆိုင် ရာကြံ့ခိုင်မှုပြဿနာတွေလည်းရှိနေတယ်။ အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့အပြင် အခုလည်းနောက်တန်းမှာ ရာမို့စ်ပါ ဒဏ်ရာကြောင့်နားရဦးမှာဆိုတော့ ရီးယဲလ်အတွက် အတော်လေးကို ထိခိုက်သွားနိုင်တဲ့အနေအထားပါပဲ။ နဂိုကတည်း က ကက်စ်မဲရိုးကွင်းလယ်မှာမကစားနိုင်ချိန်၊ ခံစစ်ပိုင်းအားလျော့နေရတဲ့ကြားမှာ အခုရာမို့စ်ပါထပ်ထိသွားတာက ရီးယဲလ်ခံစစ် အတွက် စိတ်ပျက်စရာလို့ပြောနိုင်တယ်။ ဘက်တစ်ကတော့ အိမ်ကွင်းမှာ ရှုံးပွဲမရှိသေးဘူး။ အိမ်ကွင်းမှာ (၁)ပွဲနိုင်၊ (၂)ပွဲ သရေ ကစားထားနိုင်ပြီး ပေးဂိုးမရှိအောင်ကစားထားတဲ့ပွဲက (၂)ပွဲတောင်ရှိတယ်။ နောက်ပြီး ဘက်တစ်ဟာ အိမ်ကွင်းမှာ ရီးယဲလ်ကို ခံကစားနိုင်တဲ့အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကလည်း (၁-၁)သရေကစားထားနိုင်တယ်။ အိမ်ကွင်းနောက်ဆုံးတွေ့ဆုံမှု(၃)ကြိမ် မှာလည်း (၁)ပွဲသာရှုံးထားလို့ ရီးယဲလ်အတွက်ခက်ခဲမှာပါ။ ဘက်တစ်ကိုပဲကြိုက်တယ်။ ဂိုးနည်းမယ်။
ပုံစာ- ပြီးခဲ့သည့်ရာသီတွေ့ဆုံမှုတွင် ဒီပို့တီဗိုဘက်သို့တိုက်စစ်ဆင်နေသည့် ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်
Photo:AFP

No comments:
Post a Comment