ချယ်လ်ဆီး အသင်းခေါင်းဆောင် တယ်ရီသည် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး လာမည့် 
စနေနေ့တွင် လက်စတာအသင်းနှင့် ဆုံတွေ့မည့်ပွဲ၌ ပွဲထွက်နိုင်ဖွယ် ရှိကြောင်း 
သိရသည်။ အသက်(၃၅)နှစ်အရွယ်ရှိ အင်္ဂလန် နောက်ခံလူဟောင်း တယ်ရီသည် 
ဆွမ်ဆီး အသင်းနှင့် (၂-၂)ဂိုး သရေကျသည့်ပွဲတွင် ခြေကျင်းဝတ် အရွတ်ဒဏ်ရာ 
ရရှိခဲ့ပြီး မူလက (၁၀)ရက်ခန့်သာ အနားယူရမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း
 ပွဲမကစားနိုင်သည်မှာ (၁)လခန့် ကြာမြင့်ပြီဖြစ်သည်။

No comments:
Post a Comment