Friday, October 21, 2016

လာလီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ်များ အကြိုသုံးသပ်ချက် ■ အက်စ်ပန်ညို နှင့် အီဘာ (စနေညနေ ၅း၃၀ နာရီ)
အက်စ်ပန်ညိုခြေစွမ်းက မှန်းရခက်နေသေးတယ်။ အထူး သဖြင့် တိုက်စစ်က
ပုံမှန်မရှိသေးဘူးဖြစ်နေလို့ အီဘာလို စုစည်း မှုကောင်းတဲ့အသင်းကို
အလွယ်တကူကျော်ဖြတ်နိုင်မယ်မထင်ဘူး။
ဂိုးနည်းပြီး သရေကျမယ့်ပွဲလို့ပဲထင်တယ်။

■ ဗလင်စီယာ နှင့် ဘာစီလိုနာ (စနေည ၈း၄၅ နာရီ)
နည်းပြသစ် ပရင်ဒယ်လီရဲ့ပွဲဦးထွက်ကတော့ အနိုင်နဲ့စနိုင်ခဲ့တယ်။ စပို့တင်းဂီဂျွန်ကို
အဝေးကွင်းမှာအနိုင်ရလိုက်လို့ ယခင်နည်းပြမရှိတော့တဲ့နောက် ကစားခဲ့တဲ့(၄)ပွဲမှာ(၃)ပွဲမြောက် နိုင်ပွဲရသွားခဲ့တယ်။ ရှုံးခဲ့တာလည်း အက်သလက်တီကိုလို အသင်းကို ရှုံးခဲ့တာဖြစ်လို့ ဗလင်စီယာရဲ့ခြေစွမ်းပိုင်းကတိုးတက်မှုပြလာတယ်လို့တော့ပြောလို့ရတယ်။
ဒါပေမဲ့ ဗလင်စီယာရဲ့ ခံစစ်ပိုင်းအားနည်းနေဆဲပဲဆိုတာ ကစားပြီးတဲ့(၄)
ပွဲစလုံးဂိုးတွေပေးခဲ့ရတာက ပြနေသလိုပါပဲ။ အသင်းတိုက်စစ်ပိုင်းက
ပုံမှန် အတိုင်းရှိလို့ နည်းပြပရင်ဒယ်လီအနေနဲ့ အသင်းခံစစ်ကို
ဦးစားပေးပြုပြင်ထားနိုင်မလားဆိုတာ ဆက်ပြီးစောင့်ကြည့်ရဖို့ရှိနေ တယ်။
ဘာစီလိုနာကလည်း မက်ဆီပြန်ကစားနိုင်ပြီဖြစ်လို့ ပိုပြီးအားကောင်းလာနိုင်တယ်။
နောက်ဆုံးကစားထားတဲ့ အဝေးကွင်း ပွဲမှာလည်း ဆယ်လ်တာဗီဂိုကို
အရှုံးပေးခဲ့ရလို့ ဒီပွဲကို ပိုဂရုစိုက်ကစားလာဖို့များနေတယ်။
ဒါပေမဲ့ ချန်ပီယံလိဂ်ကစားထားရလို့ ပွဲပန်းနေနိုင်ပြီး
ဗလင်စီယာလောက်တော့ပြင်ဆင်ချိန်မရလောက်ဘူး။ ပြီးခဲ့တဲ့ရာသီကလည်း
မတ်စ်တဲလားမှာ (၁-၁)သရေကျ ထားတဲ့အပြင် ဗလင်စီယာနဲ့တွေ့တိုင်း
ဘာစီလိုနာ ရုန်းကန်ရပါတယ်။
ဗလင်စီယာနဲ့ ဂိုးအများကိုဦးစားပေးထားရမလိုပါပဲ။
■ ဆိုစီဒက် နှင့် အလာဗတ်စ် (စနေည ၁၁း၀၀ နာရီ)
ဆိုစီဒက်ကတော့ အိမ်ကွင်းကစားပုံငြိမ်နေပြီး အိမ်ကွင်း နောက်ဆုံး (၂)ပွဲဆက် နိုင်ပွဲရထားတယ်။ အလာဗတ်စ်ကလည်း အခုနောက်ပိုင်း
အဝေးကွင်းကစားပုံကျနေသလိုတွေ့နေရလို့
ဒီပွဲတော့ဆိုစီဒက်နဲ့ ဂိုးအများပဲ ပိုကြိုက်နေမိတယ်။
■ ဂရန်နာဒါ နှင့် စပို့တင်းဂီဂျွန်(တနင်္ဂနွေနံနက် ၁း၁၅ နာရီ)
(၄)ပွဲဆက်ရှုံးပွဲကြုံထားလို့ အခုအိမ်ကွင်းပွဲကိုတော့ ဂရန်နာဒါပြန်ရုန်းလိမ့်မယ်ထင်တယ်။ စပို့တင်းဂီဂျွန်ကလည်း
အဝေး ကွင်းခြေစွမ်းအားရမရှိသလို၊ တိုက်စစ်လည်းအားနည်းတယ်။
ဒီအနေအထားမှာတော့ ဂရန်နာဒါနဲ့ ဂိုးအနည်းပဲကြိုက်တယ်။

No comments:

Post a Comment