ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ စက်တင်ဘာလအတွက် အကောင်းဆုံးကစားသမားနှင့် နည်းပြဆုများကို ကြေညာခဲ့ရာ အကောင်းဆုံးကစားသမားဆုကို စပါးကစားသမား ဆွန်ဟောင်မင် ရရှိခဲ့ပြီး အကောင်းဆုံးနည်းပြဆုကို လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် ရရှိခဲ့ကြောင်း သိရှိရသည်။
ဆွန်ဟောင်မင်သည် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ပထမဆုံးအကြိမ်ရရှိသည့် အာရှသားအဖြစ် မှတ်တမ်းဝင်သွားခဲ့သလို၊ ယာဂန်ကလော့ပ်မှာလည်း အကောင်းဆုံးနည်းပြဆုရရှိသည့် ပထမဆုံးဂျာမန်နည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
 ဆုလက်ခံရယူအပြီးတွင် ယာဂန်ကလော့ပ်က 
"ငါတို့ တစ်လတာအကောင်းဆုံးနည်းပြဆု ရခဲ့ပြီလို့ ကျွန်တော့်နည်းပြအဖွဲ့ဝင်တွေကို ပြောမှာပါ" ဟု ပြောကြားခဲ့ပြီး ဆွန်ဟောင်မင်က "ဒီဆုကို ရရှိတဲ့ ပထမဆုံးအာရှသား ဖြစ်လာတာ မယုံနိုင်အောင်ပါပဲ။ တကယ့်ကို ပျော်ရွှင်မိပါတယ်။ ဒုတိယအကြိမ်၊ တတိယအကြိမ်တွေလည်း ထပ်ရချင်ပါသေးတယ်" ဟုပြောကြားခဲ့သည်။
Photos: premierleague.com

No comments:
Post a Comment