Sunday, October 30, 2016

ယနေ့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
= = = = = = = = = = = = = = =
■ ပြင်သစ်လီဂူး
= = = = = =
■ နိုက်စ် နှင့် နန့်စ် (တနင်္ဂနွေ ည ၈း၃၀ နာရီ)
- - - - - -
နိုက်စ်က ဒုတိယနေရာက မိုနာကို ကို (၄)မှတ်၊ PSGကို (၆)မှတ်ဖြတ်ထားနိုင်တဲ့အထိ အမြင့်ပျံနေပါပြီ။ ဒီလိုအိမ်ကွင်းပွဲမျိုးမှာလည်း ရိုးရိုးလေးစဉ်းစားမယ်ဆို နိုင်ပွဲမရစရာအကြောင်းမရှိဘူး။ နန့်စ်က ဒီရာသီအဝေးကွင်းခြေစွမ်းမဆိုးပေမယ့် နိုက်စ်ပဲ (၂)ဂိုးပြတ်လောက်နိုင်ဖို့များတယ်။

■ ရန်းစ် နှင့် မက်ဇ် (တနင်္ဂနွေ ည ၁၀း၃၀ နာရီ)
- - - - - -
မက်ဇ်က ရာသီအစနဲ့ မတူကွဲပြားစွာဘဲ အောက်ကိုကျဆင်းလာပါပြီ။ အစဉ်အလာအရ အိမ်ကွင်းမာဂုဏ်အပြည့်ရှိတဲ့ ရန်းစ်ဆီက အမှတ်ရဖို့လည်း မျှော်လင့်ချက်နည်းပါတယ်။ ရန်းစ် (၂-၁)ဂိုးလောက်နဲ့ နိုင်မယ်။

■ မာဆေးလ် နှင့် ဘော်ဒိုး (တနင်္လာ နံနက် ၂း၁၅ နာရီ)
- - - - - -
နည်းပြရူဒီဂါစီယာရဲ့ ပထမဆုံးပွဲမှာ မာဆေးလ်က PSG ကို အဝေးကွင်းမှာ သရေကစားနိုင်ခဲ့လို့ စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲဖြစ်လာနိုင်တယ်။ ဒီရာသီ အိမ်ကွင်း(၅)ပွဲမှာ ရှုံးပွဲမရှိသေးလို့လည်း ဘော်ဒိုးဆီက အမှတ်ပြည့်ရဖို့ မခက်ပါဘူး။ မာဆေးလ်နဲ့ ဂိုးအများဖြစ်လာနိုင်တယ်။

■ ဂျာမန်ဘွန်ဒစ်လီဂါ
= = = = = =
■ ဟော်ဖန်ဟင်မ် နှင့် ဟာသာဘာလင် (တနင်္ဂနွေ ည ၉း၀၀ နာရီ)
- - - - - -
ဟော်ဖန်ဟင်မ်က စိတ်ဓာတ်ပိုင်းအမြင့်ဆုံးကို ရောက်နေနိုင်တာ ယုံမှားသံသယရှိစရာမလိုပါဘူး။ ဒါပေမဲ့ ဟာသာဘာလင်ရဲ့အဝေးကွင်းစွမ်းဆောင်မှုကိုလည်း ထည့်တွက်ရမယ်။ အဝေးကွင်း(၅)ပွဲမှာ ဘိုင်ယန်တစ်သင်းကိုသာ ဂိုးပြတ်ရှုံးပြီး ကျန်(၄)ပွဲမှာ (၂)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့တယ်။ ဒီတစ်ပွဲလည်း ဟာသာဘာလင် အိမ်ရှင်အသင်းဆီက အမှတ်ခွဲယူနိုင်ဖို့ ညှစ်ကစားသွားမှာသေချာတယ်။ ဟာသာဘာလင်ကိုပဲ ယုံကြည်သင့်တယ်။

■ ကိုလုံး နှင့် ဟမ်းဘတ် (တနင်္ဂနွေ ည ၁၁း၀၀ နာရီ)
- - - - - -
ဟမ်းဘတ်အသင်း ပြန်လာနိုင်မယ်လို့ မျှော်လင့်နေရင်းကပဲ အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်တဲ့အထိတောင်ဖြစ်လာခဲ့တယ်။ ဘွန်ဒစ်လီဂါ(၆)ပွဲဆက် ဂိုးပေါက်ပျောက်နေတဲ့ ဟမ်းဘတ်တိုက်စစ်ကလည်း ကိုလုံးဘက်ကို ဂိုးသွင်းနိုင်ဖို့မလွယ်ဘူး။ ကိုလုံး (၁-၀)၊ (၂-၀)လောက်ဖြစ်နိုင်တယ်။

■ အင်္ဂလန်လိဂ်ချန်ပီယံရှစ်
= = = = = =
■ ဘာမင်ဂမ် နှင့် အက်စတွန်ဗီလာ (တနင်္ဂနွေ ည ၆း၃၀ နာရီ)
- - - - - -
ဘာမင်ဂမ်က အိမ်ကွင်းနောက်ဆုံး(၅)ပွဲမှာ (၄)ပွဲအထိ အနိုင်ရခဲ့တယ်။ အက်စတွန်ဗီလာကလည်း နည်းပြ စတိဗ်ဘရုစ်လက်ထက်မှာ နိုင်ပွဲဆက်လာပါတယ်။ ဒီပွဲမှာတော့ ဘာမင်ဂမ်ကို ရွေးချယ်ထားချင်တယ်။

No comments:

Post a Comment