မန်ယူတိုက်စစ်မှူး ရွန်နီက မိမိကို ပွဲထွက်လူစာရင်းမှ နည်းပြမော်ရင်ဟို ချန်လှပ်ရသည့်အကြောင်းကို သိရှိသည်ဟု ပြောကြားခဲ့သည်။
ရွန်နီသည် ရာသီအဖွင့်ပွဲစဉ်များတွင် မန်ယူအသင်း၏ ပထမကစားသမားအဖြစ် တောက်လျှောက်ပါဝင်ကစားခွင့် ရရှိခဲ့သော်လည်း နောက်ဆုံး(၃)ပွဲဆက်တိုက် အရံကစားသမားအဖြစ်သာ ပါဝင်ခဲ့ရခြင်းဖြစ်သည်။
 ယင်းအခြေအနေအတွက် ရွန်နီက 
"၀က်ဖို့ဒ်ကို ရှုံးခဲ့တဲ့ပွဲမှာ ကျွန်တော့်ခြေစွမ်း ဆိုးဆိုးရွားရွားဖြစ်ခဲ့တာကြောင့်ပါပဲ။ ဒါကို ကျွန်တော် နားလည်သလို၊ နောက်ပွဲမှာ ကျွန်တော် ပွဲထွက်ခွင့် မရနိုင်တော့ဘူးဆိုတာလည်း သဘောပေါက်ခဲ့ပါတယ်။ အခွင့်အရေးပြန်ရဖို့ ပြင်းပြင်းထန်ထန် ကြိုးစားရတော့မယ်ဆိုတာလည်း ကျွန်တော်သိပါတယ်။ ပုံမှန်နေရာ ပြန်ရဖို့ ကျွန်တော် တိုက်ပွဲဝင် ကြိုးစားသွားမှာပါ" ဟု ဆိုခဲ့သည်။
မော်ရင်ဟိုသည် ရွန်နီကို စက်တင်ဘာလအစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့သော နိုင်ငံတကာပွဲစဉ်များအပြီးတွင် ခြားနားသည့်ပုံစံဖြင့်
မြင်တွေ့လိုသည်ဟု ပြောကြားခဲ့ဖူးပြီး ယခုလည်း ထပ်မံစောင့်ကြည့်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။
Photo: AFP

No comments:
Post a Comment