Saturday, October 15, 2016

ယနေ့ညနှင့် မနက်ဖြန်နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် အီတလီစီးရီးအေပွဲစဉ်များပွဲကြိုသုံးသပ်ချက်

ယနေ့ညနှင့် မနက်ဖြန်နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် အီတလီစီးရီးအေပွဲစဉ်များပွဲကြိုသုံးသပ်ချက်
နာပိုလီ - ရိုးမား (၁၅-၁၀-၂၀၁၆ ည ၇း၃၀)
နာပိုလီအသင်းရဲ့ အဓိကတိုက်စစ်မှူး မီလစ်ခ်ပိုလန်အသင်းအတွက်ကစားရင်း ဒဏ်ရာရသွားတာ တော်တော်ဆိုးပါတယ်။ သူ့နေရာမှာ ဂတ်ဘီယာဒီနီနဲ့ တိုက်ရိုက်အစားထိုးမလား၊ မာတင်စ်၊ အင်ဆစ်ဂနီ၊ ကယ်လီဟွန်တို့ကိုပဲ False 9 တစ်ယောက်ကို အရှင်ထားကစားပြီး Fluid attack ပုံစံမျိုးကစားမလားဆိုတာကို နာပိုလီနည်းပြ ဆာရီစဉ်းစားရမယ်။ နာပိုလီရဲ့ ခံစစ်မှာတော့ ဟေဆိုင်၊ ကူလီဘာလီ၊ မက်ဆီမိုဗစ်၊ ဂူလမ်တို့က အကောင်းဆုံးအနေအထားမှာ ရှိနေကြဆဲပဲ။ ရိုးမားက အင်တာမီလန်ကို နိုင် တုန်းကလိုပဲ ဟွမ်ဂျီးဆက်စ်၊ မာနိုလက်စ်၊ ဖာဇီယိုတို့ကိုအထိုင်ထားပြီး ဖလော်ရန်ဇီနဲ့ ဘရူနိုပီရက်စ်တို့ကို Wing backs တွေ ထားနိုင်တယ်။ ကွင်းလယ်မှာ ဒီရော့ဆီ၊ စထရုမန်းတို့ကို တည်ကစားလိမ့်မယ်။ ဒါပေမဲ့ နာပိုလီကွင်းလယ်က ယော်ဂင်ဟိုနဲ့ ဇီ လင်စကီးတို့ကို ယှဉ်ကစားနိုင်မယ်မထင်ဘူး။ ဟမ်ဆစ်ကလည်း ရိုးမားကို ခြိမ်းခြောက်နိုင်စွမ်းရှိသူဖြစ်တယ်။ ဂျက်ကို၊ ဆာလာ တို့ကို နာပိုလီခံစစ်က ထိန်းချုပ်နိုင်မှာပါ။ နာပိုလီကိုပဲ ကြိုက်တယ်။
ပက်စ်ကာရာ - ဆမ်ဒိုးရီးယား (၁၅-၁၀-၂၀၁၆ ည ၁၀း၃၀)
ပက်စ်ကာရာရော၊ ဆမ်ဒိုးရီးယားပါ ရလဒ်တွေကျဆင်းနေ တယ်။ ဆမ်ဒိုးရီးယားက ပိုဆိုးတယ်။ ခြေစွမ်းလည်း ပိုဆိုးတယ်။ ပြိုင်ဘက်အနေအထားကလည်း ပက်စ်ကာရာလောက် ပွဲမကျပ် ဘဲ ပိုဆိုးနေတယ်။ နှစ်သင်းစလုံးက နိုင်ပွဲတစ်ပွဲယူနိုင်လောက် တဲ့ ခြေစွမ်းမျိုးတွေ မရှိကြဘူး။ ဒီပွဲက သရေကျဖို့များပါတယ်။ ဂိုးလည်းနည်းနိုင်တယ်။
ဂျူဗင်တပ်စ် - အူဒီးနီးစ် (၁၆-၁၀-၂၀၁၆ နံနက် ၁း၁၅)
ဂျူဗင်တပ်စ်က စီးရီးအေ နောက်ဆုံး (၃)ပွဲဆက် အနိုင်ရ ခဲ့တယ်။ တောင်အမေရိကဇုန်ခြေစစ်ပွဲတွေကနေ ပြန်လာတဲ့ ဒီ ဘားလား၊ ဟီဂွါအင်တို့ ပွဲပန်းနေနိုင်တယ်။ ဒါပေမဲ့ တိုက်စစ်ပိုင်း မှာ အစားထိုးစရာမရှိလို့ အနည်းဆုံး တစ်ယောက်တော့ ပါလာ ပြီး မန်ဇူကစ်နဲ့ တွဲနိုင်တယ်။ ဒီတိုက်စစ်ကိုလည်း အူဒီးနီးစ်ထိန်း ချုပ်နိုင်မှာ မဟုတ်ဘူး။ ဂျူဗင်တပ်စ် အနိုင်သေချာတယ်။
ပုံစာ-ပြီးခဲ့သည့်ရာသီ တွေ့ဆုံမှုတွင် နာပိုလီကွင်းလယ်လူ ဟမ်ဆစ်နှင့် ရိုးမားကွင်းလယ်လူ နိုင်ဂိုလန်တို့ရင်ဆိုင်အတွေ့
Photo:AFP

No comments:

Post a Comment