ဂြီဒုိလင္ကို ရာထူးမှထုတ်ပယ်ပြီး ဆွမ်ဆီးအသင်း နည်းပြသစ် ခန့်အပ်
 ပရီးမီးယားလိဂ်ကလပ် ဆွမ်ဆီးအသင်းသည် အသင်း၏ အီတလီလူမျိုးနည်းပြ 
ဂွီဒိုလင်ကို ရာထူးမှ ထုတ်ပယ်ပြီး နည်းပြသစ် ခန့်အပ်လိုက်ကြောင်း သိရသည်။
 ဂွီဒိုလင်သည် ဆွမ်ဆီးအသင်းအား ပြီးခဲ့သည့် ဇန်န၀ါရီက စတင် 
ကိုင်တွယ်ခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် အဖွင့်ပွဲနောက်ပိုင်း 
နိုင်ပွဲပျောက်ဆုံးခဲ့၍ ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
 ဆွမ်ဆီးအသင်းသည် ဂွီဒိုလင်၏ နေရာတွင် အမေရိကန် လက်ရွေးစင် 
အသင်းနည်းပြဟောင်း ဘော့ဘ်ဘရက်ဒလေ (၅၈)နှစ်ကို အစားထိုး ခန့်အပ်လိုက်ကြောင်း
 သိရသည်။
 ပရီးမီးယားလိဂ် (၇)ပွဲ ကစားပြီးချိန်တွင် ဆွမ်ဆီးအသင်းမှာ ရမှတ် (၄)မှတ်ဖြင့် အဆင့်(၁၇) နေရာ၌ ရပ်တည်နေသည်။


No comments:
Post a Comment