Saturday, October 15, 2016

ယနေ့ညယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များပွဲကြိုသုံးသပ်ချက်

ယနေ့ညယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
ချယ်လ်ဆီး - လက်စတာ (၁၅-၁၀-၂၀၁၆ ညနေ ၆း၀၀)
ချယ်လ်ဆီးခံစစ်က အဖက်ဖက်က အားနည်းနေတယ်။ Open Play နဲ့ ထိုးဖောက်ရင်လည်း မထိန်းနိုင်ဘူး။ တစ်ဦးချင်း စွမ်းရည်နဲ့ ထိုးဖောက်တဲ့သူတွေကို မထိန်းနိုင်ဘူး။ အမြင့်ဘောတွေတားဆီးပုံလောက်ပဲ အားရစရာရှိတယ်။ ကွန်တီအနေနဲ့ ဗာဒီ၊ မာရက်ဇ်၊ ဆလီမာနီတို့လို ကစားသမားကောင်းတွေရှိတဲ့ လက်စတာကို ထိန်းချုပ်ဖို့ လူထက် စနစ်ကို အားပြုရလိမ့်မယ်။ ကစားနေကြပုံစံထက် ဟားလ်စီးတီးကို နိုင်ခဲ့တုန်းကလို (၄-၂-၃-၁) အခြေပြုပေမယ့် တကယ်တမ်း Position အရဆို 3 backs ပုံစံမျိုး ကစားသွားတာက ပိုကောင်းတယ်။ အက်ဇ်ပီလီကွယ်တာကို Stopper အဖြစ် လူးဝစ်ဇ်၊ ကာဟေးလ်တို့နဲ့ တွဲ။ မားကို့စ်အလွန်ဆိုနဲ့ မိုဆက်စ်တို့ကို Wing Backs ပုံစံထားပြီး တိုက်စစ်မှာ ဟာဇက် တစ်ကိုယ်တော်စွမ်း ရည်ကိုသုံး၊ ဒီယေဂိုကော်စတာရဲ့ Scoring form ကို အားပြုတာက ပိုသင့်တော်မယ်။ ကွန်တီကိုယ်တိုင်လည်း မစွန့်စားလောက် ဘူး။ ဟားလ်စီးတီးနဲ့ ပွဲမှာ အလုပ်ဖြစ်ခဲ့တဲ့ ပုံစံကိုပဲ ဆက်သုံးလိမ့်မယ်ထင်တယ်။ လက်စတာက အဝေးကွင်းမှာ လီဗာပူးလ်နဲ့ မန်ယူကို ဂိုးပြတ်ရှုံးခဲ့တာကိုကြည့်ရင် Big match plan တွေက သိပ်မကောင်းတော့ပါဘူး။ ချယ်လ်ဆီးနိုင်လိမ့်မယ်။
ဘုန်းမောက် - ဟားလ်စီးတီး (၁၅-၁၀-၂၀၁၆ ည ၈း၃၀)
ဟားလ်စီးတီးက နောက်ဆုံး (၃)ပွဲမှာ အာဆင်နယ်၊ လီဗာ ပူးလ်၊ ချယ်လ်ဆီးတို့နဲ့ ဆက်တိုက်တွေ့ခဲ့ပြီး ဂိုးပြတ်ရှုံးပွဲတွေကြုံ တွေ့ခဲ့တယ်။ ဒီပွဲမှာ အဆင့်တူအချင်းချင်း ပြန်တွေ့တာပါ။ ဒါပေ မဲ့ ကျဆင်းနေတဲ့အရှိန်ကို ချက်ချင်းထိန်းဖို့မလွယ်လောက်ဘူး။ ဘုန်းမောက်ပဲ နိုင်ဖို့များပါတယ်။
အာဆင်နယ် - ဆွမ်ဆီး (၁၅-၁၀-၂၀၁၆ ည ၈း၃၀)
ဒီအချိန်မှာ အာဆင်နယ်ရဲ့ ခြေစွမ်းကို ရပ်တန့်ဖို့မလွယ် ဘူး။ ရပ်တန့်နိုင်ခြေရှိတဲ့အသင်းလည်း သိပ်မရှိဘူး။ ဒီအထဲမှာ ဆွမ်ဆီး လုံးဝကို မပါဘူး။ နည်းပြသစ်နဲ့ ပွဲဦးထွက်လာမယ့် ဆွမ် ဆီးက အီမရိတ်စ်မှာ ဂိုးပြတ်မရှုံးဖို့ပဲ ရုန်းကန်ရလိမ့်မယ်။ ဒါပေမဲ့ မလွယ်ပါဘူး။ အာဆင်နယ်ဂိုးပြတ်သွင်းနိုင်တယ်။
မန်စီးတီး - အဲဗာတန် (၁၅-၂၀-၂၀၁၆ ည ၈း၃၀)
အဲဗာတန်က ဘုန်းမောက်ကိုရှုံး၊ ပဲလေ့စ်ကို သရေကျပြီး အခြေအနေယိုင်သွားတယ်။ မန်စီးတီးကလည်း နိုင်ပွဲဆက်နေရာ က စပါးကို ရှုံးခဲ့တယ်။ နှစ်သင်းစလုံး ဖိအားကိုယ်စီတော့ရှိနေ တယ်။ မန်စီးတီးကွင်းဖြစ်နေတဲ့အတွက် မန်စီးတီးကအခြေအနေ ကို ပိုထိန်းနိုင်မယ်ထင်တယ်။ ခြေကသာပြီးသားပါ။ နိုင်မယ်။
စတုတ်စီးတီး - ဆန်းဒါးလန်း (၁၅-၁၀-၂၀၁၆ ည ၈း၃၀)
စတုတ်စီးတီးက နောက်ဆုံးပွဲမှာ မန်ယူကို သရေကစားခဲ့ တယ်။ မန်ယူအသင်းကိုယ်တိုင်က ခြေငြိမ်တဲ့အသင်းမဟုတ်လို့ စတုတ်ရဲ့သရေပွဲက အရမ်းအထင်ကြီးစရာတော့မဟုတ်ဘူး။ ဆန်းဒါးလန်းကလည်း ရလဒ်တွေဆက်တိုက်ဆိုးနေတယ်။ သရေ ရလဒ်နဲ့ပဲ ပြီးဆုံးဖို့များနေပါတယ်။
ဝက်စ်ဘရွန်း - စပါး (၁၅-၁၀-၂၀၁၆ ည ၈း၃၀)
စပါးက ခြေစွမ်းရော၊ ယုံကြည်မှုပါ အမြင့်ဆုံးအနေအထား ကို ရောက်နေတယ်။ အိမ်ကွင်း၊ အဝေးကွင်း သိပ်ပြီး စဉ်းစားစရာ မလိုတဲ့ ကစားဟန်ကို ပိုင်ဆိုင်နေပြီ။ ၀က်စ်ဘရွန်းက ဒီရာသီမှာ ပုံစံကောင်းပြနေပါတယ်။ ဒါပေမဲ့ စပါးနဲ့ ခြေကွာပါတယ်။ စပါးပဲ အနိုင်ရလိမ့်မယ်။
ခရစ္စတယ်ပဲလေ့စ် - ၀က်စ်ဟမ်း (၁၅-၁၀-၂၀၁၆ ည ၁၁း၀၀)
တောင်ဆန်၊ ဇာဟာ၊ ပွန်ချီယွန်တို့ရှေ့မှာ ဘန်တီကီရှိနေ တဲ့ ပဲလေ့စ်ရဲ့တိုက်စစ်ပိုင်းက အသင်းတိုင်းကို ခြိမ်းခြောက်နိုင်ပါ တယ်။ ဒါပေမဲ့ ခြေတွေ့ဖို့တော့လိုတယ်။ ၀က်စ်ဟမ်းကတော့ အားရစရာမရှိတဲ့ ခံစစ်၊ တိုက်စစ်၊ ကွင်းလယ်တွေနဲ့အလုပ်မဖြစ် တဲ့အသင်းပါ။ ပဲလေ့စ်နိုင်ပွဲရလိမ့်မယ်။
ပုံစာ-ပြီးခဲ့သည့်ရာသီ ချယ်လ်ဆီး-လက်စတာပွဲမှာ ဒီယေဂိုကော်စတာနှင့် ဗာဒီတို့ ရင်ဆိုင်အတွေ့
Photo:AFP

No comments:

Post a Comment