အာဂျင်တီးနားဂန္ထ၀င်ဘောလုံးသမားများဖြစ်သည့် မာရာဒိုနာနှင့် ဗာရွန်တို့မှာ အောက်တိုဘာ(၁၂)ရက်နေ့က ကစားခဲ့သည့် ငြိမ်းချမ်းရေးဘောလုံးပွဲတွင် အချင်းများမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး၏ ဦးဆောင်မှုနှင့်အတူ ' Match of Peace-United For Peace' ခေါင်းစဉ်ဖြင့် အလှူရန်ပုံငွေပွဲ ကစားခဲ့ခြင်းဖြစ်သည်။
 အဖြူရောင်အသင်းနှင့် အပြာရောင်အသင်း (၂)သင်းခွဲကာ ကစားခဲ့ပြီး 
အဖြူရောင်အသင်းက (၄-၃)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဖြူရောင်အသင်းအတွက် 
ကနူတေး၊ ကာကစ်၊ ခရက်စပို၊ ကာဗီနာဂီတို့က သွင်းယူခဲ့ပြီး အပြာရောင်အတွက်မူ 
ဒီနာတာလီ၊ တော့တီ၊ ဘာဒစ်ဆိတို့က သွင်းယူပေးခဲ့သည်။
အပြာရာင် - မွန်ဒရာဂွန်၊ ကာဖူး၊ အယ်လ်ဒဲယား၊ ဘာဒစ်ဆို၊ ကန်ဒယ်လား၊ တက်ဒီ၊ ကာဘိုနီ၊ မာအူရီ၊ မာရာဒိုနာ၊ ဒီနာတာလီ၊ တော့တီ
အဖြူရောင် - ဘစ်ဇာရီ၊ ဇမ်ဘရော့တာ၊ မားကွက်ဇ်၊ ဆန်းချစ်၊ အဘီဒယ်လ်၊ ဒေးဗစ်၊ ဗာရွန်၊ ကာကစ်၊ ရော်နယ်လ်ဒင်ဟို၊ ခရက်စပို၊ ကနူတေး
Photo:AFP

No comments:
Post a Comment