Sunday, October 23, 2016

ပရီးမီးယားလိဂ်ပွဲစဉ် အကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် အကြိုသုံးသပ်ချက်

■ မန်စီးတီး နှင့် ဆောက်သမ်တန် (တနင်္ဂနွေည ၇း၀၀ နာရီ)

ပွဲတွေကျပ်နေတဲ့ မန်စီးတီးအတွက် နောက်ထပ် အခက်အခဲတစ်ခု၊ အတားအဆီးတစ်ခုလို့ ပြောရမယ်။ စပါးကိုရှုံး၊ အဲဗာ တန်ကို သရေ၊ ကြားထဲမှာ ဘာစီလိုနာနဲ့ အဝေးကွင်းပွဲကစားပြီး အခု ဆောက်သမ်တန်နဲ့ ဆက်တွေ့နေတယ်။ ဆောက်သမ် တန်ရဲ့ လက်ရှိပုံစံက မန်စီးတီးကို ဒုက္ခပေးနိုင်လိမ့်မယ်ဆိုတာ သေချာတယ်။ ပြောရရင် မန်စီးတီးက morale ပိုင်းမှာ နည်း နည်းကျလာပြီး ဆောက်သမ်တန်က ဒီအပိုင်းမှာ အရမ်းအားကောင်းလာတယ်။ ဆွမ်ဆီး၊ ၀က်စ်ဟမ်း၊ ဘန်လေတို့ကိုဆက် တိုက်နိုင်ပြီး လက်စတာနဲ့ အဝေးကွင်းသရေကျတယ်ဆိုတာ အသင်းကြီးတစ်သင်းရဲ့ စွမ်းဆောင်ရည်လိုပဲ။ ဆောက်သမ်တန် ခံစစ်မှာ ဗန်ဒိုက်နဲ့ ဖွန်တေက အမှားနည်းပြီး စိတ်ချရတယ်။ အတွဲအဖက်ပြန်မိလာပြီး နားလည်မှုအားကောင်းလာတယ်။ တာ ဂတ်နဲ့ မာတီနာ၊ ကွင်းလယ်ခံစစ်က ရိုမီအူ၊ ကလာဆီတို့ရဲ့ လုပ်အားနှုန်းနဲ့ တာဒစ်၊ ရက်ဒ်မွန်းတို့ရဲ့ အမြန်နှုန်းတွေက မန်စီးတီး အတွက်အခက်တွေ့စေမယ့်အရာတွေပါ။ ဒီအပိုင်းကို ချုပ်နိုင်ရင် အော်စတင်က ထည့်စဉ်းစားစရာတောင်မရှိဘူး။ မန်စီးတီး ခက်ခဲမှာတော့ သေချာတယ်။ ဒါပေမဲ့ နိုင်ပွဲပြန်ရသင့်ပါပြီ။ မန်စီးတီး ၂-၁ လောက် ဖြစ်မယ်ထင်တယ်။

■ ချယ်လ်ဆီးနှင့် မန်ယူ (တနင်္ဂနွေည ၉း၃၀ နာရီ)

လက်စတာကို သက်သောင့်သက်သာအနိုင်ရခဲ့ပြီးတဲ့နောက် ချယ်လ်ဆီးက ပရီးမီးယားလိဂ် နှစ်ပွဲဆက်နိုင်ပွဲ ပြန်ရှာဖွေ နိုင်ခဲ့ပါပြီ။ အာဆင်နယ်ကို (၃)ဂိုးပြတ် ရှုံးခဲ့ပြီးတဲ့နောက် အသင်းကို ပြောင်းလဲမှုတွေအများကြီးလုပ်ခဲ့တဲ့ ကွန်တီရဲ့လုပ်ဆောင် မှုက အောင်မြင်တယ်လို့ ပြောလို့ရတယ်။ ဒီပွဲလည်း (၃-၅-၂)နဲ့ပဲ ဆက်သွားလိမ့်မယ်။ ၀ီလီယံတော့ ပြန်ပါလာနိုင်တယ်။ မားကို့စ်အလွန်ဆိုနဲ့ ဗစ်တာမိုဆက်စ်တို့ရဲ့ လုပ်အားနှုန်းက အသင်းရဲ့ဟန်ချက်ပြန်ဖြစ်လာပြီး ပြီးခဲ့တဲ့ နှစ်ပွဲစလုံးဒီwing back နှစ်ယောက်ကို timing လွဲအောင် လုပ်နိုင်တဲ့အသင်းမရှိခဲ့ဘူး။ မော်ရင်ဟိုက ဒီအချက်ကို သတိပြုရမယ်။ ပြီးခဲ့တဲ့ပွဲ တွေမှာ ကစားခဲ့တဲ့ ခြေစွမ်းအရဆိုရင် ဒီနှစ်သင်းက သိပ်တော့ကွာလှတဲ့အသင်းတွေမဟုတ်ဘူး။ ချယ်လ်ဆီးက နောက် ဆုံး နှစ်ပွဲဆက်နိုင်လို့ ပြန်သာသလိုဖြစ်လာတာပဲရှိတယ်။ တစ်ခုရှိတာက ဂိုးမြူးနေတဲ့ဒီယေဂိုကော်စတာ မန်ယူခံစစ်ကို ဒုက္ခ  ပေးနိုင်သလို၊ ဟာဇက်နဲ့ ၀ီလီယံတို့က မန်ယူခံစစ်ကို ခြိမ်းခြောက်နိုင်ပါတယ်။ မန်ယူတိုက်စစ်မှာ တစ်ဦးချင်းကျော်ဖြတ်တဲ့အ ပိုင်းက  အရမ်းအားနည်းတယ်။ ဒါကြောင့် မော်ရင်ဟိုရဲ့ ပြင်ဆင်မှုတွေကခက်ခဲနေတာကို တွေ့ရတယ်။ မန်ယူအလွန်ဆုံးသရေပဲ။

No comments:

Post a Comment