Monday, October 3, 2016

နှစ်ပတ်လည်နေ့အတွက် အချိန်မရှိဟု လီဗာပူးလ် နည်းပြ ယာဂန်ကလော့ပ် ပြောကြား

နှစ်ပတ်လည်နေ့အတွက် အချိန်မရှိဟု လီဗာပူးလ် နည်းပြ ယာဂန်ကလော့ပ် ပြောကြား
လီဗာပူးလ် အသင်းနည်းပြ ယာဂန်ကလော့ပ်က မိမိတွင် လုပ်ဆောင်စရာ လုပ်ငန်းဆောင်တာ အများအပြား ရှိနေ၍ နှစ်ပတ်လည်နေ့အတွက် အချိန်မရှိကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ် အသင်းကို ယာဂန်ကလော့ပ် စတင်တာဝန်ယူခဲ့သည်မှာ ၂၀၁၅ အောက်တိုဘာ (၈)ရက်က ဖြစ်၍ လာမည့် စနေနေ့တွင် သက်တမ်း တစ်နှစ်ပြည့်မည်ဖြစ်သည်။
ယာဂန်ကလော့ပ်က "ကျွန်တော့်ရဲ့ နှစ်ပတ်လည်နေ့က အောက်တိုဘာ (၈)ရက်၊ ဟုတ်လား။ ကျွန်တော်တို့ ဘာအခမ်းအနားမှ လုပ်မှာမဟုတ်ပါလို့ ခင်ဗျားကို ကျွန်တော် ပြောနိုင်ပါတယ်။ ဘယ်သူမှလည်း ကျွန်တော့်အတွက် ကိတ်မုန့် ယူမလာဖို့ မျှော်လင့်ပါတယ်"ဟု ဆိုခဲ့သည်။
ယာဂန်ကလော့ပ်က မိမိသည် လီဗာပူးလ် အသင်းအား တစ်နှစ်သာ ကိုင်တွယ်ခြင်း မဟုတ်ဘဲ ကာလရှည် ကိုင်တွယ်သွားမည်ဖြစ်၍ လုပ်ဆောင်စရာ၊ သင်ခန်းစာယူစရာ အများအပြား ရှိနေကြောင်းလည်း ဆိုခဲ့သည်။

No comments:

Post a Comment