Saturday, October 15, 2016

ဟေးလ်စ်ဘရော့နှင့် မြူးနစ်ဖြစ်ရပ်ဆိုးများကို ရည်ရွယ်လှောင်ပြောင်မှုများ ရပ်တန့်ရန် မော်ရင်ဟို မျှော်လင့်

ဟေးလ်စ်ဘရော့နှင့် မြူးနစ်ဖြစ်ရပ်ဆိုးများကို ရည်ရွယ်လှောင်ပြောင်မှုများ ရပ်တန့်ရန် မော်ရင်ဟို မျှော်လင့်
မန်ယူအသင်းနည်းပြ မော်ရင်ဟိုက လာမည့်တနင်္လာနေ့တွင်ကစားမည့်
လီဗာပူးလ်-မန်ယူပွဲတွင် ဟေးလ်စ်ဘရော့နှင့် မြူးနစ်ဖြစ်ရပ်ဆိုးများကို ရည်ရွယ်လှောင်ပြောင်မှုများ
ရပ်တန့်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်-မန်ယူပွဲစဉ်များတွင် မန်ယူပရိသတ်အချို့သည် လီဗာပူးလ်ပရိသတ် (၉၆)ဦး
သေဆုံးခဲ့ရသည့် ဟေးဘရော့စ်ဖြစ်ရပ်ဆိုးကို ရည်ရွယ်၍ လှောင်ပြောင်အော်ဟစ်လေ့ရှိပြီး
လီဗာပူးလ်ပရိသတ်အချို့သည်လည်း ၁၉၅၈ ခုနှစ်က မန်ယူအသင်းသားများလိုက်ပါစီးနင်းလာသည့်
လေယာဉ်ပျက်ကျကာ (၂၃)ဦးသေဆုံးခဲ့ရသော မြူးနစ်ဖြစ်ရပ်ဆိုးကို ရည်ရွယ်၍
လှောင်ပြောင်မှုများ ပြုလုပ်လေ့ရှိသည်။
မော်ရင်ဟိုက လာမည့်လီဗာပူးလ်-မန်ယူပွဲစဉ်တွင် နှစ်ဖက်ပရိသတ်များထံမှ
လှောင်ပြောင်အားပေးသံများ မကြားရရန် မျှော်လင့်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့်ကြာသပတေးနေ့က လီဗာပူးလ်-မန်ယူပွဲတွင် နှစ်ဖက်ပရိသတ်များကြား
အပြန်အလှန်လေးစားမှုရှိစေရန် ရည်ရွယ်၍ ကြေညာချက်တစ်ခုကို နှစ်ဖက်အသင်းတာဝန်ရှိသူများ
ပူးပေါင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment