■ စီးရီးအေပွဲစဉ်အကြိုသုံးသပ်ချက်
■ အူဒီးနီးစ် နှင့် ပက်စ်ကာရာ (တနင်္ဂနွေညနေ ၅း၀၀ နာရီ)
အူဒီးနီးစ်က ပြီးခဲ့တဲ့ ပွဲစဉ်မှာ ဂျူဗင်တပ်စ်ဆီက ရမှတ် တစ်မှတ်ကိုရလုနီးပါးဖြစ်ခဲ့တယ်။ အမြဲတမ်းလိုလိုပဲ ခြေစွမ်း ကောင်းပြီး ရလဒ်တွေဆိုးနေတာကို မပြင်နိုင်သေးဘူး။ ခံကစား တဲ့ ပွဲတွေကောင်းသလောက် ခြေရည်တူအသင်းတွေ၊ နိမ့်တဲ့အသင်းတွေနဲ့ဆို လိုက်ညံ့နေတယ်။ ပက်စ်ကာရာကိုတော့ အိမ် ကွင်းမှာ နိုင်သင့်ပါပြီ။ 
(၁-၀၊ ၂-၀)ကို ကြိုက်တယ်။
■ အတ္တလန်တာ နှင့် အင်တာမီလန် (တနင်္ဂနွေည ၇း၃၀ နာရီ)
အတ္တလန်တာက ဖီအိုရင်တီးနားနဲ့ ပွဲမှာ သူတို့အသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ စုစည်းမှုကို ပြသနိုင်ခဲ့တယ်။ ဂျူဗင် တပ်စ်ကို နိုင်ပြီးတဲ့နောက် နောက်ဆုံး (၄)ပွဲမှာ (၁)ပွဲနိုင်ပြီး (၂)ပွဲရှုံးခဲ့ခြင်းက အင်တာမီလန်ဟာ စိတ်မချရတဲ့အသင်းဆိုတာ ကို ပြတယ်။ ဖရန့်ဒီဘိုးဝါးကလည်း အရင်ပုံစံဟောင်းကို မှေး လိုက်နေပြီး ဘာမှမပြောင်းရဲဘူး။ အိမ်ရှင်ပဲ ကြိုက်တယ်။
■ ကာဂလီယာရီ နှင့် ဖီအိုရင်တီးနား (တနင်္ဂနွေည ၇း၃၀ နာရီ)
ဆမ်ဒိုးရီးယားနဲ့ ခရိုတိုနီတို့ကိုအနိုင်ကစားခဲ့တဲ့ ကာဂလီ ယာရီက နောက်ဆုံးပွဲမှာလည်း အင်တာမီလန်ကိုအနိုင်ကစား ခဲ့ပြန်တယ်။ ဖီအိုရင်တီးနားကတော့ နိုင်ပွဲပျောက်တာ ကြာနေ ပြီ။ နောက်တစ်ပွဲပြန်မနိုင်မချင်း ဖီအိုရင်တီးနား နိုင်ပွဲပြန်ရမယ်လို့ မပြောရဲဘူး။ နိုင်ပွဲတစ်ပွဲအတွက် ယုံကြည်မှုဆိုတာ မလွယ်ဘူး။ 
ဆက်တိုက် နိုင်ပွဲပျောက်နေချိန်ဆိုပိုခက်တယ်။ 
ကာဂလီယာရီကို ကြိုက်တယ်။  
■ ခရိုတိုနီ နှင့် နာပိုလီ(တနင်္ဂနွေည ၇း၃၀ နာရီ)
ခရိုတိုနီရဲ့ အစောပိုင်းသွင်းဂိုးက ဆာဆူအိုလိုရဲ့ နောက် ကျဂိုးနှစ်ဂိုးကြောင့်နိုင်ပွဲရဖို့ မလုံလောက်ခဲ့ဘူး။ ဒီအသင်းရဲ့ ထူး ခြားမှုက ပွဲတော်တော်များများမှာ ရလဒ်မကောင်းပေမယ့် ဂိုးတစ်ဂိုးတော့ ရအောင်ယူနိုင်လေ့ရှိတာပဲ။ နာပိုလီကိုလည်း အိမ် ကွင်းမှာ ဂိုးသွင်းနိုင်ဖို့ရှိတယ်။ နာပိုလီလည်း နိုင်မယ်။ ဂိုးများနိုင် တယ်။ 
(၁-၃၊ ၁-၂)ရလဒ်တွေကြိုက်တယ်။ 
■ အမ်ပိုလီ နှင့် ချီယေဗို(တနင်္ဂနွေည ၇း၃၀ နာရီ)
တစ်နာရီနီးပါးလောက် တစ်ယောက်အသာနဲ့ ကစားရ တာတောင် အနိုင်ဂိုးတစ်ဂိုးကိုမရှာဖွေနိုင်ခဲ့တဲ့ အမ်ပိုလီရဲ့ တိုက်စစ်က မေးခွန်းထုတ်စရာပါ။ နောက်ဆုံး(၅)ပွဲမှာ တစ်ဂိုးမှ မရခဲ့ဘူး။ ဒီပွဲမှာ စရမလားလို့ စဉ်းစားဖို့ထက် ဒီပွဲလည်းဂိုးပေါက် ပျောက်မှာပဲလို့တွေးတာကပိုနီးစပ်နိုင်တယ်။ 
ချီယေဗိုကိုကြိုက် တယ်။ သွင်းဂိုးနည်းနိုင်တယ်။ 
■ တိုရီနို နှင့် လာဇီယို (တနင်္ဂနွေည ၇း၃၀ နာရီ)
တိုရီနိုက နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၃)ပွဲမှာ ဂိုးတွေပုံ မှန်ပေးပြီး ပြိုင်ဘက်ထက် ပိုဂိုးသွင်းနိုင်ခဲ့တယ်။ ဖယ်လ်ကေးက အကောင်းဆုံး ပုံစံရနေသလို၊ ဘယ်လော့တီ၊ လယာယစ်တို့ရဲ့ တိုက်စစ်ကလည်း အားရစရာပါ။ အသင်းဟောင်းနဲ့ ပြန်တွေ့ ရမယ့် အီမိုဘီလီကတော့နောက်ဆုံးပွဲမှာ လာဇီယိုသရေရအောင် ကူညီခဲ့တယ်။ ဒီပွဲက ဂိုးများနိုင်တယ်။ (၂-၁)ဖြစ်နိုင်တယ်။
■ ဘိုလော့ဂ်နာ နှင့် ဆာဆူအိုလို(တနင်္ဂနွေည ၁၀း၃၀ နာရီ)
လာဇီယိုကွင်းမှာ ဦးဆောင်ဂိုးစောစောစီးစီးရခဲ့ပြီး ပွဲပြီးခါ နီး ပယ်နယ်တီပေးလိုက်ရလို့ ဘိုလော့ဂ်နာ သရေပဲရခဲ့တယ်။ တိုက်စစ်ပိုင်းက အားနည်းပေမယ့် ခံစစ်ကောင်းတယ်။ အိမ် ကွင်းမှာ ခက်ခက်ခဲခဲနဲ့ ကပ်နိုင်လေ့ရှိတယ်။ ဒါပေမဲ့ ဆာဆူအို လိုကိုတော့ နိုင်ဖို့မလွယ်လောက်ဘူး။ သရေပဲကျဖို့များပါတယ်။ (၁-၁)လောက် ဖြစ်နိုင်တယ်။
■ ရိုးမား နှင့် ပါလာမို (တနင်္လာနံနက် ၁း၁၅ နာရီ)
အင်တာမီလန်ကို အိမ်ကွင်းမှာ အနိုင်ရခဲ့ပြီးတဲ့နောက် စီး ရီးအေရဲ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့နာပို လီကို အဝေးကွင်းမှာ ထပ်ပြီးအနိုင်ရခဲ့တာက ရိုးမားကို အမြင့် မားဆုံးယုံကြည်မှုတွေ ရရှိစေပါတယ်။ ပါလာမိုလို အဆိုးရွားဆုံး အခြေအနေရောက်နေတဲ့ အသင်းတစ်သင်းနဲ့ ပွဲမှာ (၃)ဂိုးလောက် အသာစီးယူဖို့ မခက်လောက်ဘူး။
No comments:
Post a Comment