ရီးယဲလ်မက်ဒရစ်အသင်း ကပ်ဆိုက်နေခြင်း မဟုတ်ဟု အသင်းနည်းပြ ဇီဒန်းက အီဘာအသင်းနှင့် (၁-၁)ဂိုး သရေကျခဲ့သည့် လာလီဂါ ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် လာလီဂါတွင် (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သလို၊ ပြိုင်ပွဲစုံတွင်လည်း (၄)ပွဲဆက် နိုင်ပွဲပျောက်ဆုံးလျက်ရှိသည်။ ယင်းပွဲ အားလုံးမှာ သရေရလဒ်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
 ဇီဒန်းက 
"ဒီအရာက ကပ်ဆိုက်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အောက်တိုဘာလ အတွင်းမှာပဲ 
ရှိနေပါသေးတယ်။ လိဂ်ပွဲ (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီဆိုရင်တော့ 
အမှားအယွင်း တစ်စုံတစ်ရာ ရှိနေတာ အမှန်ပါပဲ။ ကစားသမားတွေက လက်ရွေးစင် 
အသင်းနဲ့ ပူးပေါင်းတော့မှာဖြစ်ပြီး ကျွန်တော်က အဖြေရှာရပါမယ်။ ကစားသမားတွေ 
ပြန်လာတဲ့အခါမှာလည်း ပြန်လည်ဆန်းစစ်ပါမယ်။ ကျွန်တော်တို့ ဒီအတိုင်း 
ဆက်သွားလို့ မရပါဘူး"ဟု ဆိုခဲ့သည်။
Photo: DailyMail
Photo: DailyMail

No comments:
Post a Comment