■ ဘုန်းမောက် နှင့် စပါး (စနေညနေ ၆း၀၀ နာရီ)
ဟားလ်စီးတီးကို (၆-၁)နဲ့ နိုင်ထားတဲ့ ဘုန်းမောက်ရဲ့ ယုံ ကြည်မှု၊ ဘုန်းမောက်တိုက်စစ်ပိုင်းရဲ့ လျင်မြန်မှုနဲ့ မာကျောမှု၊ လူ မစုံ၊ ပွဲပန်းနေနိုင်တဲ့ စပါးခံစစ်။ ဒါတွေကို ထည့်စဉ်းစားရင် စပါးအ တွက် တော်တော်ခက်ခဲမယ့် ပွဲစဉ်တစ်ပွဲပါ။ ဘုန်းမောက်အနေနဲ့ အနိုင်ရဖို့အထိ မျှော်လင့်ဖို့ခက်ပေမယ့် သရေရနိုင်တယ်။
■ အာဆင်နယ် နှင့် မစ်ဒယ်ဘရော့(စနေည ၈း၃၀ နာရီ)
မစ်ဒယ်ဘရော့ရဲ့ ရလဒ်ရော၊ ခြေစွမ်းပါ အားရစရာလုံးဝ မရှိဘူး။ စိတ်ပျက်စရာပါ။ တိုက်စစ်လုံးဝမရှိပါဘူး။ နီဂရီဒို၊ ဒေါင်း နင်းတို့လို ခပ်ပျော့ပျော့ကစားပုံနဲ့ အာဆင်နယ်ကို ဂိုးရဖို့မဖြစ်နိုင်သလို၊ ခံစစ်ကလည်း အာဆင်နယ်ကို ထိန်းချုပ်နိုင်ဖို့မရှိပါဘူး။ အာဆင်နယ် ဂိုးပြတ်သွင်းလိမ့်မယ်။
■ ဘန်လေ နှင့် အဲဗာတန်(စနေည ၈း၃၀ နာရီ)
ဘန်လေက တန်းဆင်းဇုန်နဲ့ တစ်မှတ်အသာမှာ ရှိနေတယ်။ ဒီပွဲမှာ ရလဒ်ထပ်ဆိုးရင်တော့ တန်းဆင်းဇုန်ထဲရောက်သွားနိုင်ပါတယ်။
အဲဗာတန်ကတော့ မန်စီးတီးနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တာက တစ်ဖက်၊
ကံကောင်းတာက တစ်ဖက်ပဲ။ ရလဒ်အရစဉ်းစားရင် အားရစရာမရှိဘူး။
ဒီပွဲ သရေကျရင်အံ့သြစရာမရှိဘူး။
■ ဟားလ်စီးတီး နှင့် စတုတ်စီးတီး (စနေည ၈း၃၀ နာရီ)
ခြေတက်နေတဲ့ ၀က်စ်ဘရွန်းကိုသရေကစား၊ အသင်းကြီး တစ်သင်းဖြစ်တဲ့ မန်ယူကိုသရေကစားပြီး၊ ဆန်းဒါးလန်းကို သက် သောင့်သက်သာနိုင်ပွဲယူခဲ့ပြီးတဲ့နောက် စတုတ်လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပါပြီ။ ဟားလ်စီးတီးကိုလည်း ရှုံးစရာမရှိပါဘူး။ သရေနဲ့အနိုင်ပဲ။
■ လက်စတာ နှင့် ပဲလေ့စ်(စနေည ၈း၃၀ နာရီ)
ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းသလောက် ပရီးမီးယားလိဂ် မှာ ပုံစံပျက်နေတဲ့ လက်စတာအတွက် ခက်ခဲဦးမယ့် ပွဲတစ်ပွဲပါ။ ပဲလေ့စ်က ရလဒ်တွေကျနေပေမယ့် လူစာရင်းတောင့်ပြီး မထင် ရင် မထင်သလိုပေါက်ကွဲနိုင်စွမ်းရှိတယ်။
ဒါပေမဲ့ အားပျော့သလိုတော့ရှိတယ်။ လက်စတာ နိုင်မှာပါ။
■ ဆွမ်ဆီး နှင့် ၀က်ဖို့ဒ် (စနေည ၈း၃၀ နာရီ)
အစောပိုင်းမှာ ဂိုးတွေပေးလိုက်ရပေမယ့် စိတ်ဓာတ်ကျမ သွားဘဲ အာဆင်နယ်ကို ပြန်ဒုက္ခပေးနိုင်ခဲ့တဲ့ ဆွမ်ဆီးရဲ့ စိတ် ဓာတ်နဲ့ ခြေစွမ်းက အားရစရာပါ။ နည်းပြသစ် ဘရက်ဒလေကို စောင့်ကြည့်ရမယ်။ ၀က်ဖို့ဒ်ကခြေတက်နေတဲ့အသင်းပါ။ ဒါပေမဲ့ ဘိုရိုနဲ့ ပွဲမှာသိပ်တော့မဟုတ်လှဘူး။ ဆွမ်ဆီးနိုင်ပွဲရနိုင်တယ်။
■ ၀က်စ်ဟမ်း နှင့် ဆန်းဒါးလန်း(စနေည ၈း၃၀ နာရီ)
နောက်ဆုံးတော့ ၀က်စ်ဟမ်းနိုင်ပွဲပြန်ရသွားပါပြီ။ တိုက်စစ် မှာ အသုံးမ၀င်တဲ့ ဇာဇာကြောင့် ရုန်းကန်နေရပေမယ့် လန်ဇီနီ ပြန်လာပြီးနောက် ပါယက်လည်း ခြေပြန်တက်လာတယ်။ ဒါပေမဲ့ အရမ်းယုံကြည်ရမယ့်အနေအထားတော့မဟုတ်ဘူး။ ဆန်းဒါး လန်းညံ့လွန်းလို့သာ အနိုင်တွက်ရမှာ။ ဂိုးမပြတ်နိုင်ဘူး။
■ လီဗာပူးလ်နှင့် ၀က်စ်ဘရွန်း (စနေည ၁၁း၀၀ နာရီ)
ဝက်စ်ဘရွန်းက နောက်ဆုံး (၃)ပွဲဆက် သရေကစားခဲ့ တယ်။ ခံစစ်ကစားပုံ မဆိုးဘူး။ ဒါပေမဲ့ လီဗာပူးလ်လိုတိုက်စစ်မျိုး ကို ထိန်းချုပ်နိုင်ဖို့မလွယ်ဘူး။ လီဗာပူးလ်ခံစစ်ကိုလည်း ရွန်ဒွန်၊ ချတ်ဒ်လီတို့ ဒုက္ခပေးနိုင်တယ်။ လီဗာပူးလ်အနိုင်သေချာတယ်။ ဂိုးများနိုင်တယ်။ (၃-၁)လောက် ဖြစ်သွားနိုင်တယ်။

No comments:
Post a Comment