■ ချက် နှင့် အဇာဘိုင်ဂျန် 
 အဇာဘိုင်ဂျန်က ဆန်မာရီနိုကို အဝေးကွင်းမှာ နိုင်ခဲ့တာ 
ချီးကျူးစရာမရှိပေမယ့် နော်ဝေကို အိမ်ကွင်းမှာ ထပ်အနိုင်ရခဲ့ တာနဲ့ 
နှစ်ပွဲစလုံး ဂိုးမပေးခဲ့ရတာတွေကတော့ ချီးကျူးစရာပါ။ 
 ချက်က 
အသင်းကောင်းတစ်သင်းဖြစ်ပြီး၊ အဇာဘိုင်ဂျန်ထက် လည်း သာပါတယ်။ ဒါပေမဲ့ လက်ရှိ
 အဇာဘိုင်ဂျန်ရဲ့အနေအထား ကို ဂိုးပြတ်သွင်းနိုင်ဖို့ မလွယ်ဘူး။ 
နိုင်တော့နိုင်လိမ့်မယ်။ 
 ■  ဂျာမနီ နှင့် မြောက်အိုင်ယာလန်
 
ယူရို-၂၀၁၆ အုပ်စုပွဲမှာဆုံတွေ့ခဲ့တော့ ဂျာမနီက မာရီယို ဂိုးမက်ဇ်ရဲ့ 
တစ်လုံးတည်းသောဂိုးနဲ့အနိုင်ရခဲ့တယ်။ မြောက်အိုင် ယာလန်က 
ခံစစ်မှတ်တမ်းကောင်းတဲ့ အသင်းတစ်သင်းပါ။ အရည် အသွေးမြင့်နောက်ခံလူတွေလည်း 
ရှိပါတယ်။ ဒါပေမဲ့ ဂျာမနီနဲ့ ယှဉ် ရင် အဆင့်အတန်းကွာတယ်။ တစ်ဦးချင်း 
ကွာသလို၊ စုဖွဲ့မှုမှာလည်း ဂျာမနီက အများကြီးသာနေပါတယ်။ ဂျာမနီတိုက်စစ်က 
ဂိုးလည်း မြူးနေလို့ (၂)ဂိုး၊ (၃)ဂိုးလောက် သွင်းသွားနိုင်တယ်။ 
 ■  နော်ဝေ နှင့် ဆန်မာရီနို
 နော်ဝေက နောက်ဆုံး (၄)ပွဲဆက် ရှုံးပွဲတွေ့ခဲ့တယ်။ အသင်း ကြီးတွေကို 
ရှုံးခဲ့သလို၊ အသင်းငယ်တွေကိုလည်း ရှုံးခဲ့တာတွေ့ရ တယ်။ 
ကစားသမားကောင်းတချို့ရှိပေမယ့် အသင်းလိုက်ဟန်ချက် က 
ပျောက်ဆုံးသလိုဖြစ်နေတယ်။ ဒီလိုအချိန်မှာ ဆန်မာရီနိုလိုအ သင်းမျိုးနဲ့ 
ဆုံတွေ့နေတာကတော့ နော်ဝေအတွက် ကံကောင်းပါ တယ်။ ဂိုးတွေသွင်းနိုင်ဖို့ 
ကြိုးစားရမယ့်ပွဲပါ။ (၃၊ ၄)ဂိုးနိုင်ဖို့ ကိုပဲ ကြိုးစားရမှာဖြစ်ပြီး 
သာမန်နိုင်ပွဲကတော့ မခက်ပါဘူး။ 
 ■ ဒိန်းမတ် နှင့် မွန်တီနီဂရိုး
 ပိုလန်နဲ့ ပွဲမှာ ဒိန်းမတ် နောက်ကနေ လိုက်ကစားပြီး ပြန် 
ဒုက္ခပေးနိုင်ခဲ့တာကိုတွေ့ရတယ်။ အသင်းလိုက်ကစားပုံက မာ တယ်။ 
တစ်ဦးချင်းအရည်အသွေးပိုင်းမှာ မွန်တီနီဂရိုးက ပို ကောင်းပြီး၊ 
အုပ်စုဖွဲ့ကစားပုံမှာလည်း ပိုလှတယ်။ ဒါပေမဲ့ ဒိန်း မတ်ရဲ့ မာကျောမှုကို 
မမီဘူး။ ဒိန်းမတ်က  အိမ်ကွင်းရလဒ် ကောင်းသလို၊ 
မွန်တီနီဂရိုးကလည်းအဆင့်တူအချင်းချင်းအဝေးကွင်းမှာ နိုင်လေ့မရှိဘူး။ 
ဒိန်းမတ်အနိမ့်ဆုံးသရေပါ။ 
 ■  ပိုလန် နှင့် အာမေးနီးယား
 
ရိုမေးနီးယားကို အိမ်ကွင်းမှာ (၅)ဂိုးပြတ် ရှုံးခဲ့တဲ့ အနေအ ထားက 
တော်တော်လေးဆိုးရွားပါတယ်။ အာမေးနီးယားမှာ မစ်ခီတာရီယန်မရှိရင် 
အသင်းလိုက်ကစားပုံရော၊ စိတ်ဓာတ်ပါ ပျက်ဆီး သွားတတ်တယ်။ ပိုလန်က ယူရို-၂၀၁၆ 
ခြေစစ်ပွဲတွေတုန်းက 
 တိုက် စစ်အကောင်းဆုံးအသင်းဖြစ်ခဲ့သလို၊ အခုလည်း နှစ်ပွဲကစားပြီးချိန်မှာ (၅)ဂိုးသွင်းထားပြီးပြီ။ ဒီပွဲလည်း ဂိုးပြတ်သွင်းပါဦးမယ်။ 
 ■  လစ်သူယေးနီးယား နှင့် မော်လ်တာ
 ဥရောပရဲ့အသင်းငယ်တွေအချင်းချင်းတွေ့ကြတာဆိုပေမယ့် လစ်သူယေးနီးယားက 
မော်လ်တာထက် ပိုမာကျောသလို ပိုကောင်းပါတယ်။ ပိုလန်၊ ဆလိုဗေးနီးယား၊ 
စကော့တလန်တို့ လိုအသင်းတွေဆိုတာ 
 ဥရောပမှာ ထိပ်တန်းစာရင်းဝင်အသင်း တွေပါ။ ဒီအသင်းတွေကို တောက်လျှောက်သရေခံကစားခဲ့တဲ့ ခြေစွမ်းကို
  လျှော့မတွက်သင့်ဘူး။ လစ်သူယေးနီးယားနိုင်မယ်။ 
 ■  ဆလိုဗက်ကီးယား နှင့် စကော့တလန်
 ဆလိုဗက်ကီးယားက ကစားသမားကောင်းတွေရှိပေမယ့် ပွဲ ကျပ်တွေကြောင့် 
ရလဒ်တွေဆိုးနေတယ်။ အင်္ဂလန်ကို အိမ်ကွင်းမှာ ရှုံးခဲ့ပြီးတော့ 
ဆလိုဗေးနီးယားကို အဝေးကွင်းမှာ ထပ်ရှုံးခဲ့တယ်။ အ ခုလည်း အုပ်စုတွင်းအဓိက 
ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ စ ကော့တလန်နဲ့ တွေ့နေတယ်။ စကော့တလန်က 
ပွဲချောင်နှစ်ပွဲမှာ မော်လ်တာကိုနိုင်ခဲ့ပေမယ့် လစ်သူယေးနီးယားကို 
အိမ်ကွင်းမှာသ ရေကျခဲ့တာအရမ်းနစ်နာပါတယ်။ 
 ဒီပွဲလည်း သရေလောက်ပဲ မျှော်လင့်လို့ရမယ့် အနေအထားဖြစ်ပါလိမ့်မယ်။ 
 ■  ဆလိုဗေးနီးယား နှင့် အင်္ဂလန်
 ဆလိုဗေးနီးယားမြို့တော် ယူဘယ်ယာနာမှာ ကစားမှာပါ။ ဆလိုဗေးနီးယားက 
နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ ဆလိုဗက်ကီး ယားကိုနိုင်ခဲ့တယ်။ 
အုပ်စုတွင်းအဓိကပြိုင်ဘက်အသင်းတစ်သင်းကို အနိုင်ရခဲ့တာ ကျေနပ်စရာပါ။ 
ဒီပွဲမှာ သရေရလဒ်လောက် ခံကစားထားနိုင်ရင် ဆလိုဗေးနီးယား 
တော်တော်လေးအခြေအနေကောင်းသွားနိုင်ပါတယ်။ ဒါပေမဲ့ အင်္ဂလန်အသင်းက ယူရို- ၂၀၀၈
 ခြေစစ်ပွဲတုန်းက မော်စကိုမှာ ရုရှားကို ရှုံးခဲ့ပြီးနောက်ပိုင်း 
ခြေစစ်ပွဲအဝေးကွင်းပွဲစဉ်တွေမှာ ရှုံးပွဲမရှိတာ ကြာသွားပါပြီ။ 
အဝေးကွင်းတွေမှာ ကစားခဲ့တဲ့ ခြေစစ်ပွဲပုံစံပွဲစဉ်နောက်ဆုံး (၈)ပွဲမှာ 
ပေးဂိုးမရှိခဲ့တဲ့ ပွဲက (၆)ပွဲရှိခဲ့ပါတယ်။ တော်တော်လေး အားရစရာကောင်းတဲ့ 
မှတ်တမ်းလို့ ဆိုရပါမယ်။
  အင်္ဂလန်နဲ့ ဆလိုဗေးနီးယား 
(၄)ကြိမ်ဆုံတွေ့ခဲ့တဲ့ မှတ်တမ်းမှာလည်း အင်္ဂလန်က 
ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့ပါတယ်။ စတာလင်နဲ့ လယ်လာနာတို့ 
ဒဏ်ရာကြောင့်မပါနိုင်ပေမယ့် အင်္ဂလန်အသင်းရဲ့ အရံအင်အား ကြောင့် 
ပြဿနာမရှိပါဘူး။ အဝေးကွင်းမှာ အခက်အခဲရှိနိုင်ပေမယ့် 
အင်္ဂလန်နိုင်ဖို့အတွက်လည်း အရမ်းတော့မခက်ခဲပါဘူး။ 
 အင်္ဂလန်ကိုပဲ ကြိုက်ပါတယ်။
No comments:
Post a Comment