ယနေ့ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
 မန်ယူ - စတုတ်စီးတီး (၂-၁၀-၂၀၁၆ ညနေ ၅း၃၀)
(၂)မှတ်သာရသေးတဲ့ စတုတ်စီးတီးနဲ့ ဆုံတွေ့နေတာ မန်ယူအတွက် အခွင့်အရေးပါပဲ။ 
အမှတ်ပေးဇယားထိပ်ဆုံးက အသင်းနှစ်သင်း ထိပ်တိုက်တွေ့နေတဲ့အချိန်မှာ 
ဘယ်လိုရလဒ်ပဲ ထွက်ထွက် ကိုယ့်အသင်းက 
အခွင့်အရေးကိုအသုံးချထားနိုင်ဖို့လိုပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ 
လက်စတာကို ဂိုးပြတ် အနိုင်ရခဲ့တာက မန်ယူအတွက် Turning point  
ဖြစ်လာနိုင်တယ်။ မှန်ကန်တဲ့ လူထုတ်ပုံ၊ မှန်ကန်တဲ့အခင်းအကျင်းနဲ့ နည်းဗျူ ဟာတွေကို မြင်တွေ့ခွင့်ရခဲ့တယ်။ ပြဿနာက မန်ယူက 
 လူသာများပြီး အားကိုးရတဲ့အရံကစားသမား နည်းပါးနေတယ်။ ယူရို ပါလိဂ်ပွဲစဉ်မှာ
 ရုန်းကန်ရမယ်၊ အဓိကçကစားသမားတွေ ပွဲပန်းထားမယ်ဆိုရင် ပြဿနာရှိတယ်။ 
မန်ယူတိုက်စစ်မှာ ဂိုးပြန် ပျောက်နေတဲ့ အီဘရာဟီမိုဗစ်က ဒီပွဲမှာတော့ 
ဂိုးပေါက်ပြန်တွေ့နိုင်ပါတယ်။ စတုတ်ကလည်း
  ပုံမှန်အားဖြင့် 
ခြေစွမ်းကောင်းပြီး လူအင်အားတောင့်တဲ့အသင်းတစ်သင်းဆိုပေမယ့် လက်ရှိပုံစံက 
တော်တော်ဆိုးတယ်။ ယုံကြည်မှု ပျောက်ဆုံးနေရင် အသင်း ကိုပြန်ဆွဲတင်ရတာ 
ခက်ပါတယ်။ ဒီအနေအထားနဲ့ မန်ယူကို မယှဉ်နိုင်ပါဘူး။ မန်ယူ 
သေချာပေါက်နိုင်မယ်။ 
 လက်စတာ - ဆောက်သမ်တန် (၂-၁၀-၂၀၁၆ ည ၇း၄၅)
 ဆောက်သမ်တန်က နှစ်ပွဲဆက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ရှိန်း လောင်း 
ဂိုးပေါက်ပျောက်နေပြီး ချာလီအော်စတင်ကိုလည်း ပွဲ တိုင်းအားကိုးရမယ် 
မထင်ဘူး။ လက်စတာက မန်ယူကို ဂိုးပြတ် ရှုံးခဲ့ပေမယ့် ခြေပျက်၊ 
စိတ်ဓာတ်ပျက်သွားမယ့် အသင်းမျိုးမဟုတ် ဘူး။ ဒီတစ်ပတ် 
နိုင်ပွဲပြန်ယူလိမ့်မယ်။ 
 စပါး - မန်စီးတီး (၂-၁၀-၂၀၁၆ ည ၇း၄၅)
စပါးနဲ့ မန်စီးတီးက လက်ရှိပရီးမီးယားလိဂ်မှာ 
အကောင်းဆုံးပုံစံပြနေတဲ့အသင်းတွေပါ။ နှစ်သင်းစလုံးက ခံစစ်၊ တိုက်စစ် 
ဟန်ချက်ညီတယ်။ မန်စီးတီးက တိုက်စစ်ပိုကောင်းပြီး၊ စပါးကတော့ 
ခံစစ်ကစားပုံကောင်းတယ်။ လက်ရှိ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ ဝေါ်လ်ကာ၊ 
 အယ်လ်ဒါဝီရယ်၊ ဗာတွန်ဂန်၊ ရို့စ်တို့လောက် အတွဲညီပြီး မာကျောတဲ့ 
ခံစစ်မရှိဘူးလို့တောင် ပြောလို့ရတယ်။ ဒါပေမဲ့ ဒီပွဲမှာ ရို့စ်အစား 
ဒေးဗီးစ်ကစားမှာဖြစ်လို့ အားနည်းချက် နည်းနည်းလေးရှိတယ်။ မန်စီးတီးမှာ 
ဒီဘရိုင်း မပါတာလည်း တော်တော်လေး နစ်နာတယ်။ ဒေးဗစ်ဆေးလ်ဗား၊ 
စတာလင်တို့ရဲ့ ကစားဟန်ကို စပါး ကွင်းလယ်နဲ့ ခံစစ်က သိပ်မကြောက်တဲ့ 
ပုံစံမျိုးမှာရှိတယ်။ စပါးခံစစ်ကို ကျော်ပြီး ခေါင်းတိုက်ဖို့ခက်သလို၊ 
အဂွဲရိုးရဲ့ Power နဲ့အမြန်နှုန်းကို စပါး နောက်ခံအတွဲက 
ကောင်းကောင်းလိုက်နိုင်၊ ကာနိုင်မယ့် အနေအထားလည်းရှိတယ်။ စပါးတိုက်စစ်မှာ 
 ဟာရီကိန်းမပါတာက လည်း စပါးအတွက် နစ်နာပါတယ်။ ယန်ဆန်က မန်စီးတီးခံစစ်ကို 
ကျော်ဖြတ်နိုင်မယ့်အနေအထားမရှိဘူး။ In-form ဖြစ်နေတဲ့ ဆွန်ဟောင်မင်နဲ့ 
အဲရစ်ဆင်၊ အယ်လီ၊ လာမယ်လာတို့လိုကွင်းလယ်လူတွေကအဓိကဖြစ်လာမယ်။ စပါး 
မရှုံးနိုင်ပါဘူး။ 
 ဘန်လေ - အာဆင်နယ်  (၂-၁၀-၂၀၁၆ ည ၁၀း၀၀)
ဘန်လေက ခြေတက်နေတဲ့ ၀က်ဖို့ဒ်ကို နှစ်ဂိုးပြတ်နိုင်ခဲ့ပြန် ပါတယ်။ ဒါပေမဲ့ 
ဘန်လေတိုက်စစ်က အမြင့်ဘောနဲ့ ခေါင်းတိုက် ဂိုးလောက်ပဲ အားပြုနေရတယ်။ 
မူစတာဖီက အမြင့်ဘောတွေမှာ လည်း အားသာချက်ရှိတာတွေ့ရလို့ 
စိတ်ပူစရာမရှိပါဘူး။ အာ ဆင်နယ် နိုင်ပွဲဆက်ဦးမှာပါ။ 
 ပုံစာ-ပြီးခဲ့သည့်ရာသီ တွေ့ဆုံမှုတွင် မန်ယူတိုက်စစ်မှူးမာစီယဲလ်၏ထိုးဖောက်မှုကိုကာကွယ်နေသည့်စတုတ်နောက်ခံလူဘာစလေ
No comments:
Post a Comment