Monday, October 3, 2016

မန်ယူကစားသမားများကို အပြစ်မတင်လိုကြောင်း မော်ရင်ဟို ပြောကြား

အခွင့်အရေးများစွာရခဲ့သော်လည်း စတုတ်စီးတီးနှင့် သရေကျခဲ့ခြင်းအတွက် မန်ယူကစားသမားများကို အပြစ်မတင်လိုကြောင်း မော်ရင်ဟို ပြောကြား
အခွင့်အရေးများစွာရခဲ့သော်လည်း စတုတ်စီးတီးနှင့် သရေကျခဲ့ခြင်းအတွက် မန်ယူကစားသမားများကို အပြစ်မတင်လိုကြောင်း နည်းပြ မော်ရင်ဟိုက ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယင်းပွဲတွင် ကန်သွင်းမှုပေါင်း (၂၄)ကြိမ်အထိ ရှိခဲ့သော်လည်း စတုတ်စီးတီး ဂိုးသမား ဂရန့်၏ လက်စွမ်းပြ ကာကွယ်မှု၊ တိုင်ထိထွက်မှုများကြောင့် (၆၉)မိနစ်တွင် မာစီယဲလ် သွင်းယူသည့် တစ်ဂိုးသာ ရရှခဲ့ပြီး ယင်းဂိုးကို စတုတ်စီးတီး ကွင်းလယ်လူ အယ်လန်က (၈၂)မိနစ်တွင် ချေပကာ (၁-၁)ဂိုး သရေကျခဲ့သည်။
ပွဲအပြီးတွင် မန်ယူအသင်းနည်းပြ မော်ရင်ဟိုက "အခွင့်အရေးတွေကို ဆုံးရှုံးခြင်းအတွက် ကစားသမားတွေကို ကျွန်တော် ဘယ်တော့မှ အပြစ် မတင်ပါဘူး။ စတုတ်စီးတီး အသင်းရဲ့ ဂိုးသမားက ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဖြစ်ဖို့ ထိုက်တန်ပါတယ်။ ဂိုးတိုင်လည်း အတူတူပါပဲ"ဟု ဆိုခဲ့သည်။
Photos: DailyMail


No comments:

Post a Comment