အသင်း၏ လက်ရှိအခြေအနေကို အားရကျေနပ်မိဟု အာဆင်နယ်နည်းပြ ၀င်းဂါး ဆို
 အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အသင်း၏ လက်ရှိအခြေအနေကို အားရကျေနပ်မိဟု ပြောကြားခဲ့သည်။
 '' ကျွန်တော်တို့အသင်းက တိုက်စစ်နဲ့ ခံစစ်ကြားမှာ ဟန်ချက်ညီလာပါပြီ။
 ကျွန်တော်တို့အသင်းက အမြဲတမ်းတိုက်စစ်ဦးစားပေးအသင်းဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ဟန်ချက်ညီပြီး ယုံကြည်မှုအားကောင်းနေပါတယ်။
 ပွဲအပေါ် အာရုံစူးစိုက်မှုကလည်း မြင့်မားနေပါတယ်။ ဒီလိုအာရုံစိုက်ပုံမျိုးကို ကျွန်တော်သဘောကျပါတယ်။
 ကျွန်တော်တို့အသင်း ဘယ်လောက်အထိ စွမ်းဆောင်နိုင်ဦးမလဲဆိုတာ မသိနိုင်ပါဘူး'' ဟုပြောကြားခဲ့သည်။
 အာဆင်နယ်အသင်းသည် ရာသီအဖွင့်ပွဲတွင် လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲစုံရှုံးပွဲမရှိသေးဘဲ
 ယနေ့(တနင်္ဂနွေနေ့)တွင် ကစားမည့် ဘန်လေအသင်းနှင့်ပွဲမှာ
 နည်းပြအာစင်ဝင်းဂါး၏ အာဆင်နယ်နည်းပြသက်တမ်း နှစ်(၂၀)ပြည့်အထိမ်းအမှတ်ကာလနှင့် တိုက်ဆိုင်လျက်ရှိသည်။

No comments:
Post a Comment