■ လာလီဂါပွဲစဉ်များ အကြိုသုံးသပ်ချက်
■ ဆယ်လ်တာဗီဂို နှင့် ဒီပို့တီဗို (တနင်္ဂနွေညနေ ၄း၃၀ နာရီ)
ဗီလာရီးယဲလ်ကို ဂိုးပြတ်ရှုံးခဲ့လို့ အခုပွဲမှာ ဆယ်လ်တာဗီဂို သိက္ခာဆယ်နိုင်ဖို့ကြိုးစားလိမ့်မယ်။ ဒါပေမဲ့ ဒီပို့တီဗိုကလည်း
အဝေးကွင်းမှာ ခံစစ်သက်သက်ကစားတဲ့ အသင်းဖြစ်နေတယ်။ 
ဂိုးနည်းပြီး သရေကျသွားမယ့်ပွဲလို့ပဲမြင်တယ်။
■ ဆီဗီလာ နှင့် အက်သလက်တီကို (တနင်္ဂနွေည ၈း၄၅ နာရီ)
ဆန်းချက်ဇ်ပစ်ဟွမ်မှာ နောက်ဆုံးကစားထားတဲ့ (၃)ပွဲစလုံးကိုတော့ အက်သလက်တီကို အသာရထားတယ်။ ဒါပေမဲ့ ဆီဗီလာကလည်း လက်ရှိအချိန်မှာ အိမ်ကွင်းရလဒ်ကောင်းနေတဲ့အပြင် နည်းပြ ဆမ်ပါအိုလီလက်ထဲမှာလည်း အသင်းကစားပုံ မာကျောမှုပိုရှိလာတာ တွေ့ရတယ်။ ဆမ်ပါအိုလီရဲ့အဓိကအားသာမှုက ပြိုင်ဘက်ကိုလိုက်ပြီး သူ့အသင်းကစားပုံကို ကြိုတင် ပြင်ဆင်ထားနိုင်တဲ့အချက်ပါပဲ။ ဒါကြောင့် အခုလည်း ခံစစ်ကောင်းပြီးကစားပုံမာကျောတဲ့ အက်သလက်တီကိုçကို မာမာကျော ကျောနဲ့ တုံ့ပြန်ကစားဖို့ရှိနေတယ်။ အက်သလက်တီကိုက ဒီရာသီမှာ အသင်းကစားပုံ ပိုအသားကျလာတဲ့အပြင် တောင်ပံတိုး အားတွေပါ ပိုကောင်းလာလို့ တိုက်စစ်ပိုင်းထက်မြက်မှုပိုရှိလာတာတွေ့ရတယ်။ ခံစစ်၊ တိုက်စစ်ဟန်ချက်ပိုမျှလာပြီး ကွင်းမရွေး ဘဲ ကစားလာနိုင်တာတွေ့ရတယ်။ အက်သလက်တီကိုရဲ့ခံစစ်ပိုင်းကို ပိုစိတ်ချထားလို့ရပေမယ့် တိုက်စစ်ကတော့ အဝေးကွင်း ဆိုရင် ဂိုးသွင်းနှုန်း အတက်အကျရှိတာကို သတိပြုရလိမ့်မယ်ထင်တယ်။ နှစ်သင်းစလုံး ဒီပွဲမတိုင်ခင် ချန်ပီယံလိဂ်ကစားထားရလို့ ပွဲပန်းခံရမှုကလည်း 
သိပ်မကွာပါဘူး။ ဂိုးနည်းပြီး သရေကျမယ့်ပွဲမျိုးလို့ပဲ မှန်းထားချင်တယ်။ 
■ ဗီလာရီးယဲလ် နှင့် လက်စ်ပါးမားစ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)
ဗီလာရီးယဲလ် တစ်ပွဲပြီးတစ်ပွဲခြေတွေ့လာနေတဲ့အပြင် အိမ်ကွင်းကစားပုံကလည်း အမှားနည်းတယ်။ လက်စ်ပါမားစ်ကတော့ (၄)ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့အပြင် ကစားပုံကလည်း အားရစရာမရှိဘူး။ 
ဗီလာရီးယဲလ်နဲ့ ဂိုးအနည်းပဲရွေးထားမယ်။
■ မာလာဂါ နှင့် လီဟာနက်စ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)
မာလာဂါကစားပုံ တဖြည်းဖြည်းအရှိန်ရလာနေပါပြီ။ အိမ် ကွင်းနောက်ဆုံး (၂)ပွဲအနိုင်ရထားတယ်။ လီဟာနက်စ်ကလည်း အဝေးကွင်း နောက်ဆုံး(၂)ပွဲစလုံးအနိုင်ယူထားလို့ လျှော့တွက်မရဘူး။ 
ဒါပေမဲ့ အိမ်ရှင်နဲ့ ဂိုးအနည်းပဲကောင်းမယ်။
■ ရီးယဲလ် နှင့် ဘီလ်ဘာအို (တနင်္လာနေ့ ၁း၁၅ နာရီ)
ပြိုင်ပွဲစုံ (၄)ပွဲဆက် သရေကျမှုကို ဘက်တစ်နဲ့ပွဲမှာရပ်တန့် ခဲ့တဲ့အပြင် ရီးယဲလ် ဂိုးပါမြူးခဲ့တယ်။ ချန်ပီယံလိဂ်မှာပါ ဂိုးပြတ် နိုင်ပွဲယူပြီး တိုက်စစ်အားကိုပြခဲ့တယ်။ 
ဒီအနေအထားမှာတော့ ရီးယဲလ်မက်ဒရစ်နဲ့ ဂိုးအများကိုပဲ ဆက်ရွေးထားချင်တယ်။
No comments:
Post a Comment