Saturday, October 15, 2016

လီဗာပူးလ်နှင့်ကစားမည့်ပွဲတွင် လုခ်ရှောနှင့် မစ်ခီတာရီယန်တို့ ပါဝင်နိုင်ဖွယ်ရှိ

လီဗာပူးလ်နှင့်ကစားမည့်ပွဲတွင် လုခ်ရှောနှင့် မစ်ခီတာရီယန်တို့ ပါဝင်နိုင်ဖွယ်ရှိ
မန်ယူအသင်းမှ ကစားသမား(၂)ဦးဖြစ်သည့် လုခ်ရှောနှင့် မစ်ခီတာရီယန်တို့
မှာ ကြံ့ခိုင်မှုပြည့်ဝလာပြီဖြစ်၍ လီဗာပူးလ်နှင့်ကစားမည့်ပွဲတွင် ပါဝင်ကစားနိုင်
ဖွယ်ရှိနေကြောင်းသိရသည်။
မန်ယူနောက်ခံလူ လုခ်ရှောသည် ကြွက်သားဒဏ်ရာကြောင့် ၀က်ဖို့ဒ်နှင့်ကစား
ခဲ့သောပွဲနောက်ပိုင်း ပါဝင်ကစားခဲ့ခြင်းမရှိသလို၊ မစ်ခီတာရီယန်မှာလည်း
ပေါင်ဒဏ်ရာမှ ပြန်လည်သက်သာရန် ရုန်းကန်နေရသည်။ သို့သော်လည်း မန်ယူအသင်းနည်းပြမော်ရင်ဟိုက ၎င်းတို့နှစ်ဦး၏ ဒဏ်ရာအနေအထားမှာ
စိုးရိမ်စရာအနေအထားမရှိတော့ဟု အတည်ပြုခဲ့ရာ လီဗာပူးလ်နှင့်ပွဲတွင် ပါဝင်
နိုင်ရန် နီးစပ်နေကြောင်းသိရသည်။
REF&Photo:Goal.com

No comments:

Post a Comment