Thursday, October 13, 2016

ရီးယဲလ်အသင်းနှင့်ပွဲကို လီဂီယာဝါဆော ကွင်းပိတ်ကစားရမည်

ရီးယဲလ်အသင်းနှင့်ပွဲကို လီဂီယာဝါဆော ကွင်းပိတ်ကစားရမည်
ပိုလန်ကလပ်လီဂီယာဝါဆောအသင်းသည် လာမည့်လအတွင်း ကစားမည့် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်ကို ကွင်းပိတ်(ပရိသတ်မပါဘဲ)ကစားရမည်ဖြစ်ကြောင်း သိရသည်။
လီဂီယာဝါဆောအသင်းသည် ပြီးခဲ့သည့်လအတွင်းက ကစားခဲ့သည့် ဒေါ့မွန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင်
ပရိသတ်များကို နိုင်နင်းအောင်မထိန်းသိမ်းနိုင်ခဲ့သဖြင့်
UEFA က စွဲချက်တင်ခဲ့ပြီး ဒဏ်ငွေ ယူရို (၈)သောင်းနှင့် အိမ်ကွင်းပိတ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။
UEFA က လီဂီယာဝါဆောအသင်း၏ အယူခံကို ပယ်ချခဲ့ပြီး မူလအတိုင်းပြစ်ဒဏ်ကျခံစေရန် ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

လီဂီယာဝါဆောအသင်းသည် အနှစ်(၂၀)အတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိသည့်
ပိုလန်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
(ပုံစာ - ဒေါ့မွန်အသင်းနှင့်ပွဲတွင် ခိုက်ရန်ဖြစ်ပွားမှု၊ ဆိုးသွမ်းရမ်းကားမှုများ
ပြုလုပ်ခဲ့သည့် လီဂီယာဝါဆောပရိသတ်များ)



No comments:

Post a Comment