Saturday, October 15, 2016

ယနေ့ညယှဉ်ပြိုင်ကစားမည့် ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညယှဉ်ပြိုင်ကစားမည့် ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
မိုချန်ဂလာဘတ် - ဟမ်းဘတ် (၁၅-၁၀-၂၀၁၆ ည ၈း၀၀)
မိုချန်ဂလာဘတ်ရဲ့ အိမ်ကွင်းခြေစွမ်းကတော့ သံသယဖြစ်စရာမရှိဘူး။ ချန်ပီယံလိဂ်မှာ ဘာစီလိုနာ၊ မန်စီးတီးတို့နဲ့ တစ်အုပ်စုထဲကျနေတာမို့ စောစောစီးစီးလက်လျော့ထားပုံရတဲ့ မိုချန် ဘွန်ဒစ်လီဂါဘက်ကိုအာရုံပိုစိုက်ဖို့များတယ်။ ဂိုးပေါက်ပျောက်နေတဲ့ဟမ်းဘတ် တိုက်စစ်ကြောင့်မိုချန်ပေးဂိုးမဲ့နိုင်ပွဲရဖို့များတယ်။
ကိုလုံး - အင်ဂိုးလ်စတက်ဒ် (၁၅-၁၀-၂၀၁၆ ည ၈း၀၀)
ပြီးခဲ့တဲ့ရာသီတွေ့ဆုံမှုမှာတော့ (၂)ကျော့စလုံး တစ်ဂိုးစီသရေကျခဲ့တယ်။ (၅)ပွဲဆက်ရှုံးထားတဲ့အင်ဂိုးလ်စတက်ဒ်အသင်းရဲ့ အရှုံးသံသရာက ဒီပွဲမှာလွတ်မြောက်ဖို့လမ်းမမြင်ဘူး။ နိုင်ပွဲပြန်ရှာရတော့မယ့်ကိုလုံး ဂိုးပြတ်သွင်းမသွင်းကြည့်ရမယ်။
အော့စ်ဘတ် - ရှော်လ်ကေး (၁၅-၁၀-၂၀၁၆ ည ၈း၀၀)
ပွဲစဉ်(၅)မှာ နိုင်ပွဲစတွေ့ထားတဲ့ ရှော်လ်ကေးရဲ့အရှိန်က အခုပွဲအထိပါလာနိုင်တယ်။ မိုချန်ဂလာဘတ်ကို ဂိုးပြတ်သွင်းထားပေမယ့် ရှော်လ်ကေးနည်းပြ ၀ိုင်ဇီရယ်လ်ရဲ့ အနာဂတ်တည်ငြိမ်မှုမရှိသေးတာကိုလည်းသတိပြုရမှာပါ။ အော့စ်ဘတ်ကလည်း ဒီရာသီအိမ်ကွင်းစွမ်းဆောင်ရည်က အဝေးကွင်းလောက်တောင်မကောင်းပါဘူး။ ရှော်လ်ကေးအနိုင်နဲ့ သရေပါပဲ။
ဟော်ဖန်ဟင်မ် - ဖရိုင်းဘတ် (၁၅-၁၀-၂၀၁၆ ည ၈း၀၀)
ဖရိုင်းဘတ်အသင်း အဝေးကွင်းပွဲတိုင်း ရှုံးနေတာက ဒီပွဲရဲ့အဖြေကို တစ်စိတ်တစ်ဒေသဖွင့်ပြနေသလိုပါပဲ။ ဟော်ဖန်ဟင်မ်ကတော့ ဘိုင်ယန်၊ ကိုလုံး၊ လိုက်ပ်ဇစ်အသင်းတွေနဲ့အတူ ဒီရာသီ ရှုံးပွဲမရှိစာရင်းဝင်နေတဲ့အသင်းပါ။ ဟော်ဖန်ဟင်မ်ဘက်ကပဲရပ်တည်သင့်တယ်။
ဖရန့်ဖတ် - ဘိုင်ယန်မြူးနစ် (၁၅-၁၀-၂၀၁၆ ည ၈း၀၀)
ဖရန့်ဖတ်အသင်းက ဒီရာသီအိမ်ကွင်းမှာ ရှော်လ်ကေး၊ လေဗာကူဆင်တို့ကိုအနိုင်ကစားပြီး ဟာသာဘာလင်ကိုသရေကစားထားတယ်။ အခုဘိုင်ယန်နဲ့အတွေ့မှာ အမှတ်ခွဲယူနိုင်ဖို့မျှော်လင့်ချက်နည်းပေမယ့် သေချာပေါက်ဒုက္ခပေးဦးမှာပါ။ ဘွန်ဒစ်လီဂါပွဲတွေမှာ ဂိုးသွင်းအားကျလာတဲ့ ဘိုင်ယန်ကပ်နိုင်ဖို့များတယ်။
ဝါဒါဘရီမင် - လေဗာကူဆင် (၁၅-၁၀-၂၀၁၆ ည ၁၁း၀၀)
အသင်း(၂)သင်းကြားခြေစွမ်းထက် လေဗာကူဆင်လာမယ့် ကြားရက်မှာ စပါးနဲ့ ချန်ပီယံလိဂ်ကစားဖို့ရှိနေတာက ဒီပွဲကိုပိုပြီးသက်ရောက်မှုရှိနိုင်တယ်။ ၀ါဒါဘရီမင်အသင်းမှာ ကစားသမားသစ်တွေ တဖြည်းဖြည်းနဲ့အထိုက်ကျလာလို့ ရလဒ်ပိုင်းလည်း အနည်းငယ်တည်ငြိမ်လာတယ်။ ၀ါဒါဘရီမင်ရှုံးဖို့မရှိပါဘူး။

No comments:

Post a Comment