Friday, November 25, 2016

ကစားသမားဘ၀ ကိုအပြီးအပိုင်စွန့် လွှတ်လိုက်ပြီဖြစ်တဲ့ Steven Gerrard

ကစားသမားဘ၀ ကိုအပြီးအပိုင်စွန့် လွှတ်လိုက်ပြီဖြစ်တဲ့ Steven Gerrard
===================================
အသက် (၃၆)နှစ်အရွယ်ရှိပြီဖြစ်ပြီး (၁၈)နှစ်ကြာအောင် ကြိုးကြာနီအဖြစ် ပျံသန်းလာတဲ့ လီဗာပူးကစားသမားဟောင်း Steven Gerrard ဟာအခု LA Galaxy နဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီးတော့ ကစားသမားဘ၀ကို အပြီးအပိုင်စွန့် လွှတ်လိုက်ပြီလို့ ကြော်ငြာလိုက်ပါပြီ။
Gerrard ဟာလီဗာပူးမှာ(၅၀၄)ပွဲ ကစားထားပြီး ဂိုးပေါင်း (၁၂၀)သွင်းယူထားနိုင်တဲ့ဂန္တ၀င်ကစားသမားတစ်ဦးဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့LAGalaxyမှာလည်း(၅)ဂိုးသွင်းထားခဲ့ပါသေးတယ်။ နိုင်ငံအသင်းအင်္ဂလန်အတွက်လည်း (၂၂)ဂိုးပိုင်ဆိုင်ထားပါသေးတယ်။
Gerrard ရဲ့ ထူးခြားချက်ကတော့ ပရီးမီးယားလိဂ် သမိုင်းကြောင်းတစ်လျှောက်မှာ မိနစ် (၉၀) နောက်ပိုင်း အနိုင်ဂိုးကို (၄)ဂိုးထိသွင်းယူပေးနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ပါတယ်။
PFA Team of the Year မှာ (၈) ကြိမ်တိုင်တိုင် အရွေးချယ်ခံခဲ့ရသလို၊ Ballon d'Or Bronze Award ဆုကို(၂၀၀၅)ခုနှစ်မှာ ဆွတ်ခူးခဲ့ပြီး PFA Player of the Year ဆုကို (၂၀၀၆) ခုနှစ်နဲ့ PFA Merit Award Winner (၂၀၁၅) ဆုတို့ကို ဆွတ်ခူး ရရှိခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးလောကရဲ့ဂန္တ၀င်ကစားသမားတစ်ဦးဖြစ်တဲ့အပြင် ဘောလုံးလောကအတွက် စွမ်းဆောင်ပေးခဲ့တဲ့အရာတွေ မြက်ခင်းပြင်က သူ့ ရဲ့ ပုံရိပ်တွေအားလုံးကို ပြန်ပြီးသတိရနေမိတော့မှာပါ။
--------------------------------------

No comments:

Post a Comment