Monday, November 21, 2016

2016 Ballon d'Or ဆုကို ဆွတ်ခူးရန် အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီဟု ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒို ပြောကြား

2016 Ballon d'Or ဆုကို ဆွတ်ခူးရန် အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီဟု ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒို ပြောကြား
ရီးယဲလ်မက်ဒရစ် အသင်း၏ တိုက်စစ်မှူး စီရော်နယ်လ်ဒိုက သူသည် 2016 Ballon d'Or ဆုကို ဆွတ်ခူးရန် အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီဟု ပြောကြားခဲ့ကြောင်း သိရသည်။
မက်ဒရစ်ဒါဘီတွင် စီရော်နယ်လ်ဒို ဟက်ထရစ် သွင်းယူခဲ့ပြီးနောက် ရီးယဲလ် အသင်းနည်းပြ ဇီဒန်းက 2016 Ballon d'Or ဆုကို စီရော်နယ်လ်ဒို ဆွတ်ခူးမည်မှာ သံသယဖြစ်စရာ မရှိတော့ကြောင်း ပြောကြားခဲ့သလို၊ စီရော်နယ်လ်ဒိုကလည်း ယင်းဆုကို ရယူလိုကြောင်း ၀န်ခံပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုက "ကျွန်တော် ဒီရာသီမှာ အရာအားလုံး လုပ်ဆောင်ခဲ့ပါပြီ။ ချန်ပီယံလိဂ်ရခဲ့တယ်။ ပေါ်တူဂီအသင်းနဲ့ ယူရိုချန်ပီယံဖြစ်ခဲ့တယ်။ မဲပေးမှုက ကျွန်တော်အပေါ်မှာ မူတည်တာ မဟုတ်သလို၊ အဲဒီအရာကိုလည်း စိတ်ထဲမှာ မထားပါဘူး။ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို Ballon d'Or ဆု လိုချင်သလားလို့ မေးရင် Yes လို့ ဖြေပါမယ်။ ဒီနှစ်က ကျွန်တော့်အတွက် ဆုဖလားတွေနဲ့ အံ့အားသင့်စရာကောင်းတဲ့နှစ်ပါ။ ကျွန်တော့်ရဲ့ အကောင်းဆုံး ရာသီ ဖြစ်ပါတယ်။ အဲဒီအတွက် သံသယမရှိပါဘူး"ဟု ဆိုခဲ့သည်။
2016 Ballon d'Or ဆု ဆွတ်ခူးသည့် ကစားသမားကို ဒီဇင်ဘာ (၁၃)ရက်တွင် ကြေညာမည်ဖြစ်ပြီး ဥရောပ ဂျာနယ်လစ်များ၏ မဲဆန္ဒဖြင့် ရွေးချယ်မည်ဖြစ်သည်။
Photo: AFP

No comments:

Post a Comment