မဟုတ်ဟု မော်ရင်ဟို ဆို
မန်ယူအသင်းနည်းပြမော်ရင်ဟိုက အသင်းခေါင်းဆောင်ရွန်နီအနေဖြင့် အာဆင်နယ်နှင့်ပွဲတွင် ပါဝင်ကစားရန် ကြံ့ခိုင်မှုအပြည့်ရှိနေပြီး အင်္ဂလန် အသင်းအတွက် ပါဝင်ကစားစဉ်အရက်သောက်သုံးခြင်းအပေါ် မိမိ တစ်စုံတစ်ရာ မှတ်ချက်ပြုမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။
ရွန်နီသည် စကော့တလန်ကို အနိုင်ရခဲ့သည့် ၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲအ
ပြီးတွင် မင်္ဂလာဆောင်ပါတီတစ်ခု၌ အရက်များ အလွန်အကျွံသောက်သုံးခဲ့
သည့် ပုံရိပ်များကြောင့် ဝေဖန်ခံနေရပြီး ဒူးဒဏ်ရာကြောင့် စပိန်နှင့်ကစားခဲ့
သော ခြေစမ်းပွဲကို လွဲချော်ခဲ့သည်။ သို့သော်လည်း မော်ရင်ဟိုက-ရွန်နီဟာ
တခြားကစားသမားတွေလိုပဲ လေ့ကျင့်ခန်းဆင်းနေပါပြီ။ သူ့အနေနဲ့ တခြားသူ
တွေလို ဒီပွဲမှာ ပါဝင်ကစားဖို ဆန္ဒရှိနေပါတယ်။ နိုင်ငံအသင်းမှာ ဖြစ်ပျက်ခဲ့
တာက နိုင်ငံအသင်းနဲ့ပဲ သက်ဆိုင်ပါတယ်။ အဲဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော် ၀င်ရောက်စွက်ဖက်မှာမဟုတ်သလို၊ မှတ်ချက်လည်းပေးမှာမဟုတ်
ပါဘူး-ဟုပြောကြားခဲ့သည်။
REF:Daily Mail

No comments:
Post a Comment