■ Goal.com မှ ပြုလုပ်သည့် ဆယ်စုနှစ်အကောင်းဆုံးကစားသမား
 ရွေးချယ်မှုတွင် မက်ဆီ မဲအများဆုံးရရှိ
ဘာစီလိုနာအသင်း၏ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် Goal.com မှ ပြုလုပ်သည့် ဆယ်စုနှစ်အကောင်းဆုံးကစားသမား ရွေးချယ်မှုတွင် မဲအများဆုံးရရှိခဲ့ကြောင်း သိရှိရသည်။
Goal.com သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံးကစားသမားကို အားကစားကလောင်ရှင်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့ရာ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ရရှိခဲ့သည်။
ထို့နောက် ဆယ်စုနှစ်အကောင်းဆုံးကစားသမား ရွေးချယ်ရန် ကစားသမား(၁၀)ဦးစာရင်းကို ထုတ်ပြန်ပေးခဲ့ပြီး ပရိသတ်များထံမှ ဆန္ဒမဲတောင်းခံခဲ့ခြင်းဖြစ်သည်။
အဆိုပါကစားသမား(၁၀)ဦးမှာ အီဘရာဟီမိုဗစ်၊ အင်နီယေစတာ၊ မက်ဆီ၊ သောမတ်စ်မူလာ၊ နေမာ၊ ရာမို့စ်၊ ရော်ဘင်၊ စီရော်နယ်လ်ဒို၊ ဆွာရက်ဇ်နှင့် ဇာဗီတို့ဖြစ်ပြီး စာရင်းပိတ်သိမ်းချိန်တွင် ပရိသတ်(၂၇၀၀၀)ကျော် မဲပေးခဲ့ကြောင်း သိရှိရသည်။
မက်ဆီသည် မဲအရေအတွက် (၁၂၈၀၀)ရရှိခဲ့သည့်အတွက် ပရိသတ်များရွေးချယ်သော ဆယ်စုနှစ်အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး စီရော်နယ်လ်ဒိုမှာ မဲအရေအတွက် (၁၀၂၃၄)မဲ ရရှိခဲ့ကြောင်း သိရှိရသည်။
ကျန်ကစားသမားများရရှိခဲ့သည့် မဲအရေအတွက်များမှာ - အင်နီယေစတာ(၈၅၁)မဲ၊ အီဘရာဟီမိုဗစ်(၆၉၃)မဲ၊ ရာမို့စ်(၃၇၉)မဲ၊ ဇာဗီ(၃၄၀)မဲ၊ နေမာ(၂၂၈)မဲ၊ ရော်ဘင်(၂၁၆)မဲ၊ သောမတ်စ်မူလာ(၂၁၄)မဲ၊ ဆွာရက်ဇ်(၁၅၃)မဲတို့ဖြစ်ကြောင်း သိရှိရသည်။
Photos: Goal & Gettyimages
 
 
 
No comments:
Post a Comment