ပရီးမီးယားလိဂ်ပွဲစဉ်များ အကြိုသုံးသပ်ချက်
 ■ မန်ယူ နှင့် အာဆင်နယ်(စနေည ၇း၀၀ နာရီ)
 နိုင်ပွဲပျောက်နေတာကြာပြီဖြစ်တဲ့ မန်ယူက နောက်ဆုံးတော့ 
နိုင်ပွဲပြန်ရခဲ့တယ်။ ဆွမ်ဆီးအသင်းရဲ့ကွင်းမှာ ပုံစံကောင်းကို 
ပြနိုင်ခဲ့ပြီး အသင်းလိုက်ကစားပုံလည်း ပြန်ငြိမ်လာတာတွေ့ရတယ်။ ဒါပေမဲ့ အဓိက
 တိုက်စစ်မှူး အီဘရာဟီမိုဗစ်ပွဲပယ်ခံရတာ က မော်ရင်ဟိုရဲ့ ပြင်ဆင်မှုကို 
အနှောင့်အယှက်ပေးလိမ့်မယ်။ မန်ယူအသင်းရဲ့ တိုက်စစ်မြားဦးမှာ 
အီဘရာဟီမိုဗစ်အပြင်ဆို ရင် မော်ရင်ဟို ယုံကြည်တဲ့သူမရှိသေးဘူး။ 
လက်ရှိအနေအထားအရဆိုရင်တော့ ရပ်ရှ်ဖို့ဒ်ပဲ ပွဲထွက်လာဖို့များတယ်။ အာဆင် 
နယ်ကလည်း ပုံစံကောင်းပြနေပေမယ့် နောက်ဆုံး (၃)ပွဲမှာ (၂)ပွဲသရေကျခဲ့တယ်။ 
ဆန်းဒါးလန်းနဲ့ ပွဲမှာလည်း နောက်ပိုင်းမိ နစ်တွေမှာ ဂိုးပြတ်သွားပေမယ့် 
ကစားရတာ ခက်ခဲခဲ့တယ်။ ဒီပွဲမှာလည်း ဘယ်လာရင်မကစားနိုင်ရင် ညာတောင်ပံခံစစ် 
ပြဿ နာရှိတယ်။ လက်ရှိ ဒီနှစ်သင်းရဲ့ ခြေစွမ်းချင်းယှဉ်ရင် အာဆင်နယ်သာတယ်။ 
အစဉ်အလာပိုင်းအရဆိုရင် မန်ယူက သာသလို၊ မော်ရင်ဟိုကလည်း ၀င်းဂါးနဲ့ပတ်သက်ရင်
 စိတ်ပိုင်းဆိုင်ရာ အသာစီးအနေအထားက ရှိတယ်။ ဒါပေမဲ့ အာဆင်နယ်က အနိုင် 
ယူဖို့ခက်ခဲတဲ့အသင်းလို့ ပြောလို့ရတယ်။ အာဆင်နယ်တိုက်စစ်ကလည်း 
ကယ်တင်နိုင်စွမ်းရှိတယ်။ အာဆင်နယ်မရှုံးနိုင်ဘူး။ 
 ■ ခရစ္စတယ်ပဲလေ့စ် နှင့် မန်စီးတီး(စနေည ၉း၃၀ နာရီ)
 မစ်ဒယ်ဘရော့နဲ့အိမ်ကွင်းပွဲမှာ နောက်ဆုံးမိနစ်ချေပဂိုး ပေးလိုက်ရတာ
  တော်တော်ဆိုးတယ်။ မန်စီးတီးတိုက်စစ်က သိပ် အားရစရာမရှိတော့ဘူး။ 
ဆာနေးပါရင် တိုက်စစ်ကစားပုံချောင် တယ်။ ဒါပေမဲ့ သူ့ကို နည်းပြက မကြိုက်ဘူး။
 သူကိုယ်တိုင်လည်း အပျက်များလွန်းတယ်။ 
 ဒီပွဲလည်း မန်စီးတီးနိုင်ဖို့ခက်မယ်။ 
 ■ အဲဗာတန် နှင့် ဆွမ်ဆီး(စနေည ၉း၃၀ နာရီ)
 အဲဗာတန်က ချယ်လ်ဆီးကွင်းမှာ သွားကစားတဲ့ပွဲမှာ က လေးတွေလိုဖြစ်သွားတယ်။ 
တိုက်စစ်မရှိ၊ ခံစစ်မရှိ၊ ကွင်းလယ်က စားကွက်မယှဉ်နိုင်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ 
တစ်ပွဲစာ ခြေစွမ်းနဲ့ရလဒ် ပိုင်းကို သိပ်စဉ်းစားစရာမလိုသလို၊ အရှုံးကနေ 
ပြန်ပေါက်ကွဲပြ မယ့် တွန်းအားကို စောင့်ကြည့်ရမယ်။ သေချာပေါက်နိုင်မယ်။ 
 ■ ဆောက်သမ်တန် နှင့် လီဗာပူးလ်(စနေည ၉း၃၀ နာရီ)
 ဟားလ်စီးတီးနဲ့ပွဲတုန်းက ဆောက်သမ်တန်က နိုင်ပွဲရဖို့ ရေပန်းစားခဲ့တဲ့ အနေအထားပါ။ ဒါပေမဲ့ ရှုံးပွဲတွေ့ခဲ့တယ်။ 
 ဒီရှုံး ပွဲကြောင့် ဆောက်သမ်တန်ရဲ့ နိုင်ပွဲပျောက်ဆုံးမှုက 
(၃)ပွဲရှိသွားပြီ။ ဒီအခြေအနေမျိုးမှာ ခြေစွမ်းရော၊ ယုံကြည်မှုပါ ကျဆင်းလာ 
ပြီလို့ ပြောရမယ်။ လီဗာပူးလ်က နိုင်ပွဲတွေဆက်တိုက်ယူနေတယ်။ 
 အမြင့်ဆုံးယုံကြည်မှုကို ရရှိထားတယ်။ နောက်ဆုံး (၃)ပွဲမှာ 
 တိုက်စစ်က (၁၂)ဂိုးသွင်းခဲ့တာတွေ့ရတယ်။ တိုက်စစ်က အရှိန်ရနေသလို၊ 
ကစားပုံလည်းကောင်းတယ်။ ယုံကြည်မှုလည်း မြင့်တယ်။ အခြေအနေပေါင်းစုံ၊ နေရာစုံက
 ထိုးဖောက်နိုင်တဲ့တိုက်စစ်ကို ဆောက်သမ်တန် ခက်ခက်ခဲခဲထိန်းချုပ်ရလိမ့်မယ်။
 အကောင်းဆုံးအားသာချက်ဖြစ်တဲ့ ခံစစ်ကစားပုံမှာ ယိုယွင်းမှုတွေရှိလာတဲ့အတွက် 
ဆောက်သမ်တန် ဒီအချိန်မှာ ချက်ချင်း ထူမတ်နိုင်ဖို့ မလွယ်ဘူး။ စိန့်မေရီမှာ 
ပုံစံကောင်းပြလေ့ရှိပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးကိုရောက်နေတဲ့ လီဗာပူးလ်ကို
 တော့ ဆောက်သမ်တန် ယှဉ်နိုင်ဖို့ခက်တယ်။ လယ်လာနာ ပါဖို့မသေချာပေမယ့် 
ဟန်ဒါဆန်-ချန်-၀ိုင်နယ်လ်ဒမ်းကွင်းလယ် အတွဲကလည်း ပုံပျက်သွားဖို့မရှိပါဘူး။
 လီဗာပူးလ်ပဲ ကြိုက်တယ်။ 
 ■ စတုတ်စီးတီး နှင့် ဘုန်းမောက်(စနေည ၉း၃၀ နာရီ)
 ဘုန်းမောက်က မစ်ဒယ်ဘရော့၊ ဆန်းဒါးလန်းတို့လိုအသင်း တွေနဲ့ပွဲမှာ 
တစ်မှတ်မှမရခဲ့တာ တော်တော်ဆိုးပါတယ်။ ပရီးမီး ယားလိဂ်မှာ 
ဒီလောက်ပွဲချောင်ရင် အမှတ်ယူနိုင်ဖို့လိုတယ်။ ဘုန်းမောက်မှာ 
အားနည်းချက်တွေရှိလာတယ်။ စတုတ်ကလည်း ရှာကီရီမပါရင် တိုက်စစ်သေနေတတ်တယ်။ 
သရေကျမယ့်ပွဲပါ။ 
 ■ ဆန်းဒါးလန်း နှင့် ဟားလ်စီးတီး(စနေည ၉း၃၀ နာရီ)
 ရလဒ်တွေရော၊ နောက်ပိုင်းပွဲဖြတ်သန်းပုံပါ သိပ်မကွာကြ ဘူး။ ခြေစွမ်းလည်း 
ညီတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဟားလ် စီးတီးက ပိုမာတယ်။ ဘုန်းမောက်ကို 
ဆန်းဒါးလန်းနိုင်ခဲ့တယ်ဆို တာလည်း ကံကြောင့်ပါတယ်။ ဆန်းဒါးလန်းခြေက 
နှစ်ပွဲဆက် နိုင်လောက်တဲ့အနေအထားမရှိဘူး။ ဟားလ်စီးတီးမရှုံးနိုင်ဘူး။ 
 ■ ၀က်ဖို့ဒ် နှင့် လက်စတာ(စနေည ၉း၃၀ နာရီ)
 လီဗာပူးလ်ကို (၁-၆)ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲကလွဲရင် ၀က်ဖို့ဒ်ကစား ပုံက 
ငြိမ်ပါတယ်။ ရလဒ်ရော၊ ခြေစွမ်းပါ မဆိုးဘူး။ လက်စတာက လည်း ဒီပွဲပြီးရင် 
အာရုံစိုက်ရမယ့် ချန်ပီယံလိဂ်ကြောင့် အပြည့် အ၀ အားစိုက်မယ်မထင်ဘူး။ 
လက်စတာက ခြေသာပေမယ့် ဒီ ပွဲမှာ ၀က်ဖို့ဒ်ကိုပဲကြိုက်တယ်။ 
 ■ စပါး နှင့် ၀က်စ်ဟမ်း(စနေည ၁၂း၀၀ နာရီ)
 စပါးရဲ့အဓိက ပြဿနာက တိုက်စစ်ပိုင်းပဲ။ ကစားပုံကောင်း တယ်။ ခံစစ်က 
စိတ်ချရတယ်။ ကွင်းလယ်ကလည်း အခွင့်အရေး ကောင်းတွေဖန်တီးနိုင်တယ်။ ဒီပွဲလည်း 
ဝက်စ်ဟမ်းကို အသာစီး ယူဖို့၊ အခွင့်အရေးကောင်းတွေဖန်တီးဖို့ မခက်ပါဘူး။ 
တိုက်စစ်က အသုံးချနိုင်ဖို့ပဲ လိုတယ်။ နိုင်ပွဲရမှာပါ။
No comments:
Post a Comment