■ မိမိတို့ ရှုံးပွဲနှင့် ထိုက်တန်သည်ဟု မော်ရင်ဟို ၀န်ခံ
မန်ယူနည်းပြ မော်ရင်ဟိုက ဖီနာဘာချီအသင်းကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ ထိုက်တန်သည်ဟု ၀န်ခံပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပထမအကျော့က အိမ်ကွင်းတွင် ဂိုးပြတ်အနိုင်ရခဲ့သော်လည်း တူရကီမြေတွင် ခြေစွမ်းရော ရလဒ်ပိုင်းပါ အရှုံးပေးခဲ့ရခြင်းဖြစ်သည်။
မော်ရင်ဟိုသည် ယင်းပွဲတွင် မန်ယူကစားသမားများ၏ ကစားပုံနှင့် စိတ်ဓာတ်ပိုင်းကို စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ၀န်ခံပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
မော်ရင်ဟိုက "ဖီနာဘာချီအသင်းက အနိုင်ရဖို့ ထိုက်တန်ပါတယ်။ ဘောလုံးဆိုတာ အရည်အသွေးသက်သက် မဟုတ်ပါဘူး။ ကစားသမားတွေရဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှု၊ စိတ်အားထက်သန်မှုတွေနဲ့လည်း သက်ဆိုင်ပါတယ်။ သူတို့မှာ ဒီအချက်တွေအားလုံး ပြည့်စုံခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ပွဲချိန်(၂)မိနစ်မှာပဲ ဂိုးပေးလိုက်ရပြီး ဘယ်အရာမှ အသင့်မဖြစ်သေးကြောင်း ပြသခဲ့ပါတယ် " ဟု ဆိုခဲ့သည်။
Photos: EPA & Reuters
No comments:
Post a Comment