Saturday, November 26, 2016

နိုင်ပွဲကိုယ်စီရယူပြီး ချယ်လ်ဆီးကို ဖိအားပေးလိုက်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီး

■ နိုင်ပွဲကိုယ်စီရယူပြီး ချယ်လ်ဆီးကို ဖိအားပေးလိုက်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီး

ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) စနေည ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ လီဗာပူးလ်နဲ့ မန်စီးတီးတို့ နိုင်ပွဲကိုယ်စီရပြီး ချယ်လ်ဆီး-စပါးပွဲမတိုင်ခင်မှာ အမှတ်ပေးဇယားထိပ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ လီဗာပူးလ်နဲ့ မန်စီးတီးက
အမှတ်တူ အနေထားဖြစ်ပြီး လီဗာပူးလ်က ဂိုးကွာခြားချက်အသာနဲ့ ထိပ်ဆုံးရောက်ကာ ချယ်လ်ဆီးကို ဖိအားပေးခဲ့တာပါ။

စနေည အစောဆုံးပွဲစဉ်အဖြစ် ဘန်လေနဲ့ မန်စီးတီးတို့ ယှဉ်ပြိင်ခဲ့ပြီး မန်စီးတီးက အဝေးကွင်းမှာ (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ပွဲပန်းလာတဲ့ မန်စီးတီးဟာ ဒီဘရိုင်းနဲ့ ဒေးဗစ်ဆေးလ်ဗားတို့ကို အရံခုံပို့ခဲ့ပြီး တိုက်စစ်မှာ အဂွဲရိုး၊ သူ့နောက်မှာ နိုလီတို၊ ယာယာတိုရေး၊ စတာလင်၊ ကွင်းလယ်မှာ ဖာနန်ဒို၊ ဖာနန်ဒင်ဟိုတို့နဲ့ ပွဲထွက်လာပါတယ်။ ပွဲအစ (၁၄)မိနစ်မှာပဲ ဘန်လေ အသင်းက ကွင်းလယ်လူ မာနေးရဲ့ အဝေးကန်ချက်နဲ့ ဦးဆောင်ခဲ့ပြီး မန်စီးတီး နောက်ကလိုက် ကစားခဲ့ရပါတယ်။ (၃၇)မိနစ်မှာ ထောင့်ကန်ဘောကတစ်ဆင့် လျှံထွက်လာတဲ့ ဘောလုံးကို အဂွဲရိုးက ပိတ်သွင်းပြီး မန်စီးတီး ချေပဂိုး ရခဲ့ပါတယ်။ မန်စီးတီး အသင်းအတွက် အနိုင်ဂိုးကို ဒုတိယပိုင်း မိနစ်(၆၀)မှာ အဂွဲရိုးကပဲ ထပ်မံသွင်းယူခဲ့တာပါ။

စနေည (၉း၃၀)မှာ ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ ဆန်းဒါးလန်း ပွဲမှာတော့ လီဗာပူးလ်က (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ ကွင်းလယ်လူ ကော်တင်ဟို ဒဏ်ရာရသွားပြီး ကာလရှည် အနားယူရဖွယ်ရှိကြောင်း သုံးသပ်ချက်တွေ ရှိနေတာကြောင့် လီဗာပူးလ်က နိုင်ပွဲအတွက် အဖိုးအခများစွာ ပေးခဲ့ရတာပါ။ ကွင်းလယ်မှာ လယ်လာနာ မပါဝင်သလို၊ ကော်တင်ဟိုကိုလည်း (၃၄)မိနစ်ကတည်းက လူစားလဲခဲ့ရတာကြောင့် လီဗာပူးလ် ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။  ကော်တင်ဟို အစား လူစားဝင်လာတဲ့ အော်ရီဂီက ဒုတိယပိုင်း (၇၅)မိနစ်ရောက်မှ လီဗာပူးလ် အသင်းအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ မိနစ်(၉၁)မှာတော့ မာနေကြောင့်ရတဲ့ ပယ်နယ်တီကို မီလ်နာက ကန်သွင်းပြီး လီဗာပူးလ် (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အခြားပွဲစဉ်တွေမှာ ဟားလ်စီးတီး၊ လက်စတာတို့ အိမ်ကွင်းမှာ သရေပွဲကိုယ်စီ ကြုံတွေ့ခဲ့ပါတယ်။ ဆွမ်ဆီးနဲ့ ပဲလေ့စ် ပွဲကတော့ အပြန်အလှန်ဂိုးတွေနဲ့ ဖျော်ဖြေမှုပေးခဲ့ပြီး နှစ်သင်းပေါင်း (၉)ဂိုးအထိ သွင်းယူခဲ့ပါတယ်။ ပဲလေ့စ်က (၁-၀)ဂိုးနဲ့ စတင်ဦးဆောင်ခဲ့ပေမယ့် ဆွမ်ဆီးက ချေပဂိုး၊ အနိုင်ဂိုးတွေသွင်းပြီး  (၃-၁)ဂိုးနဲ့ ပြန်လည် ဦးဆောင်ပါတယ်။ တစ်ခါ ပဲလေ့စ်က (၃)ဂိုး ထပ်မံသွင်းယူပြီး (၄-၃)ဂိုးနဲ့ တစ်ကျော့ပြန် ဦးဆောင်ခဲ့သေးတယ်။ ဒါပေမဲ့ မိနစ်(၉၀)နောက်ပိုင်းမှာ ဆွမ်ဆီးက နှစ်ဂိုးပြန်သွင်းပြီး (၅-၄)ဂိုးနဲ့ အနိုင်ရသွားပါတယ်။

■ ပရီးမီးယားလိဂ် ရလဒ်များ
ဘန်လေ ၁-၂ မန်စီးတီး
ဟားလ်စီးတီး ၁-၁ ၀က်စ်ဘရွန်း
လက်စတာ ၂-၂ မစ်ဒယ်ဘရော့
လီဗာပူးလ် ၂-၀ ဆန်းဒါးလန်း
ဆွမ်ဆီး ၅-၄ ခရစ္စတယ်ပဲလေ့စ်
ချယ်လ်ဆီး - စပါး (ည ၁၂း၀၀)

■ လာလီဂါ ရလဒ်များ
မာလာဂါ ၄-၃ ဒီပို့တီဗို
ရီးယဲလ်မက်ဒရစ် ၂-၁ စပို့တင်းဂီဂျွန်
အက်စ်ပန်ညို - လီဟာနက်စ် (ည ၁၂း၀၀)
ဆီဗီလာ - ဗလင်စီယာ (နံနက် ၂း၁၄)

■ စီးရီးအေ ရလဒ်များ
တိုရီနို - ချီယေဗို (ည ၁၁း၃၀)
အမ်ပိုလီ - အေစီမီလန် (နံနက် ၂း၁၅)

■ ဘွန်ဒစ်လီဂါ ရလဒ်များ
မိုချန်ဂလာဘတ် ၁-၁ ဟော်ဖန်ဟင်မ်
ကိုလုံး ၀-၀ အော့စ်ဘတ်
ဟမ်းဘတ် ၂-၂ ၀ါဒါဘရီမင်
အင်ဂိုးလ်စတက်ဒ် ၁-၁ ၀ုလ်ဖ်ဘတ်
ဖရန့်ဖတ် ၂-၁ ဒေါ့မွန်
ဘိုင်ယန်မြူးနစ် - လေဗာကူဆင် (ည ၁၂း၀၀)

■ ပြင်သစ်လီဂူး ရလဒ်များ
မိုနာကို - မာဆေးလ် (ကစားနေဆဲ)
ဘော်ဒိုး - ဒီယွန်း (နံနက် ၁း၃၀)
မောင့်ပယ်လီယာ - နန်စီ
နန့်စ် - လိုင်လီ
ကိန်း - ဂူအင်ဂမ့်
မက်ဇ် - လော်ရီယန့်

■ လိဂ်ချန်ပီယံရှစ် ရလဒ်များ
အက်စတွန်ဗီလာ ၃-၁ ကာဒစ်ဖ်
ဘရန့်ဖို့ဒ် ၁-၂ ဘာမင်ဂမ်
ဘရိုက်တန် ၂-၁ ဖူလ်ဟမ်
ဒါဘီ ၁-၀ နောဝစ်ခ်ျ
အစ်ဝစ်ခ်ျ ၃-၀ QPR
နယူးကာဆယ် ၀-၁ ဘလက်ဘန်း
ပရက်စတန် ၁-၁ ဘာတန်
ရက်ဒင်း ၂-၁ ဘရစ္စတိုးလ်စီးတီး
ဝုလ်ဗ် ၀-၂ ရှက်ဖီးဝင်းစ်ဒေး
ရော့သာဟမ် - လိဒ်စ် (ည ၁၂း၀၀)

Photos: DailyMail

No comments:

Post a Comment