ချန်ပီယံလိဂ်ပွဲစဉ်များ အကြို သုံးသပ်ချက်
 ■ CSKA မော်စကို နှင့် လေဗာကူဆင်(အင်္ဂါည၁၁း၃၀နာရီ)
 CSKA က ဒီပွဲရှုံးရင် မျှော်လင့်ချက်မရှိတော့ပါဘူး။ ယူ 
ရိုပါလိဂ်ဝင်ခွင့်အိပ်မက်ပါ ကုန်ဆုံးသွားလိမ့်မယ်။ လေဗာကူ ဆင်ကလည်း 
မိုနာကို၊ စပါးတို့နဲ့ အုပ်စုတက်ရေးကို အပြိုင်လု နေရတဲ့အသင်းဖြစ်ပြီး 
အမှားမခံဘူး။ လက်ရှိအနေအထားအ ရ ခြေစွမ်းက တော်တော်ကွာပါတယ်။ 
လေဗာကူဆင်ကွင်းမှာ (၂-၂)ဂိုးနဲ့ သရေကျခဲ့ပေမယ့် ဒီပွဲတော့ 
လေဗာကူဆင်နိုင်မယ်။ 
 ■ မိုနာကို နှင့် စပါး
 မိုနာကိုက လက်ရှိ
 ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ (၅)ခုမှာ တိုက်စစ်အကောင်းဆုံးအသင်း။ 
ဒီရာသီလိဂ်ပွဲ သွင်းဂိုးက (၃၉) ဂိုးရှိတယ်။ 
တစ်ဦးချင်းကစားပုံအရမ်းကောင်းတယ်။ အသင်းလိုက်စုဖွဲ့ပုံပါ 
ကောင်းနေတဲ့အချိန်မှာ တစ်သင်းလုံးဟန်ချက်ညီ ပြီး 
အကောင်းဆုံးတိုက်စစ်ကစားပုံကိုပါ တွေ့ရတယ်။ ဖာဘင်ဟိုဦးဆောင်တဲ့ ကွင်းလယ်၊ 
ဂလိခ်ဦးဆောင်တဲ့ ခံစစ်တွေက အ ကောင်းဆုံးပုံစံဖြစ်နေတဲ့အပြင် 
တိုက်စစ်မှာလည်း ဖယ်လ်ကာကို၊ ဘာနာဒိုဆေးလ်ဗားတို့ ခြေစွမ်းပြနေကြတယ်။ စပါးက
 ပထ မအကျော့အိမ်ကွင်းပွဲစဉ်မှာတုန်းကလည်း မိုနာကိုကို အရှုံးပေးခဲ့ရတယ်။ 
ကစားပုံပါ မယှဉ်နိုင်ခဲ့တာတွေ့ရတယ်။ လက်ရှိအ ချိန်မှာလည်း မိုနာကိုက 
အနည်းဆုံး ယူရိုပါလိဂ်ဝင်ခွင့်ရနေပြီဆိုပေမယ့် 
ချန်ပီယံလိဂ်အုပ်စုတက်ရေးအတွက် ဒီပွဲက အရမ်း အရေးပါနေတယ်။ စပါးကို 
သရေကစားလိုက်ရင်ပဲ ရှုံးထွက်အဆင့်ကို တက်ဖို့ သေချာသွားပါပြီ။ ဒါကြောင့် 
စပါးအတွက် မဖြစ် မနေအနိုင်ကစားရမယ့်အနေအထားမျိုးဖြစ်နေတယ်။ သရေဆိုရင် 
မိုနာကို ကို မမီတော့သလို၊ လေဗာကူဆင်ကို မီဖို့ကလည်း 
အခွင့်အရေးတော်တော်နည်းသွားလိမ့်မယ်။ နှစ်သင်းစလုံး 
အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားမယ့်ပွဲပါ။ မိုနာကို အိမ်ကွင်းဖြစ်သလို  
ခြေစွမ်းလည်း ပိုကောင်းနေပါတယ်။ မိုနာကိုပဲ နိုင်ဖို့များတယ်။ 
 ■ စပို့တင်းလစ္စဘွန်း နှင့် ရီးယဲလ်မက်ဒရစ်
 စပို့တင်းလစ္စဘွန်းက ရီးယဲလ်မက်ဒရစ်အသင်းရဲ့ကွင်း မှာ နောက်ဆုံးမိနစ်အထိ 
အနိုင်ကစားခဲ့ပြီးမှ ပွဲပြီးခါနီးမှာ (၂)ဂိုး ပေးရပြီး ရှုံးနိမ့်ခဲ့တာပါ။ 
ဒေါ့မွန်ကိုလည်း အိမ်ကွင်းမှာ ခြေစွမ်း အသာစီးနဲ့ ကစားနိုင်ခဲ့တယ်။ 
ရီးယဲလ်မက်ဒရစ်အသင်းအ တွက် ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ အုပ်စုဗိုလ်နေရာအတွက် 
ရီးယဲလ် အမှတ်လိုနေပေမယ့် နိုင်ဖို့မလွယ်ပါဘူး။ 
 ■ ဒေါ့မွန် နှင့် လီဂီယာဝါဆော
 ဒေါ့မွန်နဲ့ လီဂီယာဝါဆောက ပြိုင်ဘက်အဆင့်တွေမ ဟုတ်ပါဘူး။ ရီးယဲလ်မက်ဒရစ်က 
စပို့တင်းလစ္စဘွန်းကွင်းမှာ ပွဲကျပ်ကစားရမယ့်အနေအထားဖြစ်လို့ ဒေါ့မွန်က 
လီဂီယာဝါ ဆောဆီက အပိုင် (၃)မှတ်ယူပါလိမ့်မယ်။ ဖိအားကင်းကင်းနဲ့ 
စိတ်ကြိုက်တိုက်စစ်ဆင်ကစားမှာဖြစ်ပြီး ပထမအကျော့တုန်း ကလိုပဲ 
ဂိုးမိုးရွာဦးမယ်။ 
 ■ လက်စတာ နှင့် ကလပ်ဘရုဂေး
 လက်စတာက 
ဘရုဂေးရဲ့ကွင်းမှာ ဂိုးပြတ်အနိုင်ကစား ခဲ့တယ်။ လက်ရှိအချိန်မှာ အနည်းဆုံး 
ယူရိုပါလိဂ်ဝင်ခွင့်သေ ချာနေပြီဖြစ်သလို၊ ဒီပွဲသရေဆိုရင်လည်း 
နောက်တစ်ဆင့်တက် ပါပြီ။ အိမ်ကွင်းမှာ ကစားရမယ့်ပွဲကို လက်စတာအမှားခံမှာ 
မဟုတ်ဘူး။ ဒီပွဲအတွက် အပြည့်အ၀အာရုံစိုက်ထားမှာဖြစ်ပြီး  လက်စတာ 
အနိုင်သေချာပါတယ်။ 
 ■ FC ကိုပင်ဟေဂင် နှင့် ပေါ်တို
 ပေါ်တိုက 
အိမ်ကွင်းမှာ ကိုပင်ဟေဂင်ကို သရေပဲ ကစား နိုင်ခဲ့တယ်။ ခြေလည်း သိပ်မကွာဘူး။
 ပေါ်တိုခြေပျက်နေတယ် ဆိုတာထက် ကိုပင်ဟေဂင်၊ လက်စတာတို့က ပေါ်တိုရဲ့ ခြေကို 
မီနေတာဖြစ်ပြီး ဒီပွဲတွေက ခြေရည်တူပွဲတွေပါ။ အိမ်ရှင်ဖြစ်တဲ့ 
ကိုပင်ဟေဂင်ကိုပဲ ကြိုက်တယ်။ 
 ■ ဒိုင်နမိုဇာဂရက် နှင့် လိုင်ယွန်
 ဆီဗီလာနဲ့ ဂျူဗင်တပ်စ်တို့ ဆုံတွေ့နေချိန်မှာ လိုင်ယွန်အ 
မှားခံလို့မဖြစ်ဘူး။ ဒီပွဲနိုင်ရင် ရှုံးထွက်အဆင့်ကို တက်ဖို့ မျှော် 
လင့်ချက်ရှိနေပါသေးတယ်။ ဒိုင်နမိုဇာဂရက်က အုပ်စုတွင်း အားအနည်းဆုံးအသင်းပါ။
 လိုင်ယွန်ကွင်းမှာတုန်းက ဂိုးပြတ် ခဲ့သလို၊ ဒီပွဲလည်း လိုင်ယွန်ပဲ 
ဆက်နိုင်လိမ့်မယ်။ 
 ■ ဆီဗီလာ နှင့် ဂျူဗင်တပ်စ်
 ဆီဗီလာက 
အုပ်စုတွင်းမှာ (၃)ပွဲနိုင်၊ (၁)ပွဲသရေနဲ့ ဦး ဆောင်နေတဲ့အသင်းဖြစ်ပြီး 
ဒီပွဲသရေဆိုရင်တောင် အုပ်စုဗိုလ်နေ ရာသေချာသွားပါပြီ။ ဂျူဗင်တပ်စ်ကလည်း 
ဒီပွဲနိုင်မှ အုပ်စုဗိုလ် နေရာ သေချာမယ့်အနေအထားဖြစ်နေတယ်။ ရှုံးရင် 
နောက်ဆုံးပွဲ က အရေးကြီးသွားမယ်။ ဂျူဗင်တပ်စ်ကို ပိုကြိုက်တယ်။ 
 (ကျန်ပွဲများ ဗုဒ္ဓဟူးနေ့နံနက် ၂း၁၅ နာရီတွင် ကစားမည်ဖြစ်ပါသည်)
No comments:
Post a Comment