Sunday, November 20, 2016

အင်္ဂလန်အသင်းနည်းပြအဖွဲ့တွင် ဂျရတ်နှင့် လမ်းပတ် ပါဝင်လာဖွယ်ရှိ

■ အင်္ဂလန်အသင်းနည်းပြအဖွဲ့တွင် ဂျရတ်နှင့် လမ်းပတ် ပါဝင်လာဖွယ်ရှိ

အင်္ဂလန်အသင်းနည်းပြအဖွဲ့ဝင်အဖြစ် လီဗာပူးလ်ဂန္ထ၀င် ဂျရတ်နှင့် ချယ်လ်ဆီးဂန္ထ၀င် လမ်းပတ်တို့ ပါဝင်လာဖွယ်ရှိနေသည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) တာဝန်ရှိသူများသည် ဂျရတ်နှင့် လမ်းပတ်တို့ကို နည်းပြအဖွဲ့ဝင်များအဖြစ် ခန့်အပ်ရန်အတွက် ကာယကံရှင်များနှင့် ဆွေးနွေးရန် စီစဉ်လျက်ရှိသည်။

လက်ရှိအချိန်တွင် အင်္ဂလန်အသင်းနည်းပြအဖြစ် ခန့်အပ်ထားခြင်းမရှိသေးသော်လည်း
ယူ-၂၁အသင်းနည်းပြ ဆောက်ဂိတ်က နည်းပြသစ်ဖြစ်လာရန် တစ်ဦးတည်းရေပန်းစားနေပြီး
လာမည့်တနင်္လာနေ့တွင် FA ၏ (၅)ဦးပါအဖွဲ့မှ တွေ့ဆုံမေးမြန်းမည်ဖြစ်သည်။

■ ဂျရတ်၏ အင်္ဂလန်ကစားသမားဘ၀မှတ်တမ်း

(၁၁၄)ပွဲ၊ (၂၁)ဂိုး

■ လမ်းပတ်၏ အင်္ဂလန်ကစားသမားဘ၀မှတ်တမ်း

(၁၀၆)ပွဲ၊ (၂၉)ဂိုး

Photos: AP, Getty Images

No comments:

Post a Comment