■ ချီယေဗို နှင့် ကာဂလီယာရီ (စနေည ၈း၃၀ နာရီ)
ကာဂလီယာရီရဲ့ပွဲတွေက ဂိုးတွေအရမ်းများနေတယ်။ ကိုယ့်အသင်းက ဂိုးတွေသွင်းနိုင်သလို၊ ပေးဂိုးတွေကလည်းအ ရမ်းများတယ်။ နောက်ဆုံး (၅)ပွဲမှာ (၁၁)ဂိုးသွင်းပြီး (၁၆)ဂိုးပြန် ပေးခဲ့ရတယ်။
ချီယေဗိုက နိုင်ပွဲပျောက်နေတာ ကြာပါပြီ။ တိုက် စစ်ပိုင်းလည်း အားနည်းတယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ အားနည်းနေ တဲ့ ကာဂလီယာရီခံစစ်ကို ကျော်ဖြတ်နိုင်မယ်။ နိုင်ပွဲရမယ်။
 ■ အူဒီးနီးစ် နှင့် နာပိုလီ (စနေည ၁၁း၃၀ နာရီ)
နာပိုလီက ခြေကျသွားတာ သိသာတယ်။ နောက်ဆုံး (၅) ပွဲမှာ အသင်းကြီး (၃)သင်းနဲ့ တွေ့တာ နှစ်ပွဲရှုံး၊ တစ်ပွဲသရေကျ ခဲ့တယ်။ အသင်းငယ်တွေကိုတော့ နိုင်နေတုန်းပဲ။ မာကျောတဲ့အ သင်းတွေကို ခက်ခက်ခဲခဲကစားနေရတယ်။ အူဒီးနီးစ်ကတော့ နောက်ဆုံး (၄)ပွဲဆက် ရှုံးပွဲမရှိကစားခဲ့တဲ့အသင်းပါ။ အူဒီးနီးစ် ကွင်းမှာ နာပိုလီမနိုင်လောက်ဘူး။
■ ဂျူ ဗင်တပ်စ် နှင့် ပက်စ်ကာရာ (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)
ချန်ပီယံလိဂ်ရှိနေပေမယ့် ဒီလိုပြိုင်ဘက်မျိုးကိုတော့ ဂျူ ဗင်တပ်စ်အိမ်ကွင်းမှာ ညှာတာမယ်မထင်ဘူး။ တစ်ချက်သတိ ထားရမှာက ချန်ပီယံလိဂ်မှာ အုပ်စုပထမနေရာအတွက် အဆုံး အဖြတ်လိုဖြစ်နေတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမှာကိုပဲ။ ဂျူဗင်တပ်စ် အရံကစားသမားအများစုနဲ့ ပွဲထွက်လာရင်တောင် စီးရီး အေနောက်ဆုံး(၁၀)ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ ပက်စ်ကာရာလို အသင်းကိုတော့ ဂိုးပြတ်နိုင်ဖို့မခဲယဉ်းပါဘူး။

No comments:
Post a Comment