■ ပါလာမို နှင့် လာဇီယို (တနင်္ဂနွေည ၆း၀၀ နာရီ)
အဖက်ဖက်က အားနည်းနေတဲ့ ပါလာမိုလိုအသင်းမျိုးက လာဇီယိုကို ဒုက္ခပေးနိုင်မယ်မထင်ဘူး။ ပါလာမိုရဲ့ ခံစစ်က အ ရမ်းအားနည်းတယ်။ တိုက်စစ်ကတော့ ဂိုးတွေသွင်းနေတယ်။ ဒါပေမဲ့ တစ်ပွဲတစ်ဂိုးထက်မပိုပါဘူး။ လာဇီယိုက နောက်ဆုံး (၅) ပွဲမှာ ပွဲတိုင်းဂိုးရခဲ့တယ်။ (၁၂)ဂိုးသွင်းခဲ့တယ်။ ကီတာဘယ်လ်ဒီ၊ အီမိုဘီလီ၊ ဖိလစ်ပီအန်ဒါဆန်တို့ရဲ့လာဇီယို နိုင်ပွဲရဦးမယ်။
 ■ ဘိုလော့ဂ်နာ နှင့် အတ္တလန်တာ (တနင်္ဂနွေည ၈း၃၀ နာရီ)
ဘိုလော့ဂ်နာက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ပါလာမိုကို ဂိုးပြတ်အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ပါလာမိုလိုအသင်းကို အနိုင်ရ တာက သိပ်တော့ ပြောစရာမရှိပါဘူး။
အတ္တလန်တာက လက်ရှိ စီးရီးအေမှာ အကောင်းဆုံးပုံစံပြနေတဲ့အသင်းဖြစ်ပြီး နောက် ဆုံးပွဲမှာလည်း ရိုးမားကို အနိုင်ကစားခဲ့တယ်။
ဥရောပ၀င်ခွင့် မျှော်လင့်ချက်ရှိလာတဲ့ အတ္တလန်တာ နိုင်ဦးမယ်။
■ ကာဂလီယာရီ နှင့် အူဒီးနီးစ် (တနင်္ဂနွေည ၈း၃၀ နာရီ)
နှစ်သင်းစလုံးက ခြေတော့ သိပ်မကွာကြဘူး။ အူဒီးနီးစ် က နည်းနည်းသာတယ်။ ကာဂလီယာရီက အိမ်ကွင်းဖြစ်နေ တယ်။ တစ်ခုရှိတာက အူဒီးနီးစ်တိုက်စစ်က ရုန်းအားကောင်း တယ်။ ဒူဗန်ဇာပါတာလို ကစားသမားမျိုးကို ကာဂလီယာရီရဲ့ အားနည်းနေတဲ့ ခံစစ်က ထိန်းချုပ်ဖို့ခက်တယ်။ ဒီပွဲလည်း တိုက် စစ်ပိုကောင်းတဲ့ အူဒီးနီးစ်ကို ကြိုက်တယ်။
■ ခရိုတိုနီ နှင့် ဆမ်ဒိုးရီးယား (တနင်္ဂနွေည ၈း၃၀ နာရီ)
ဆမ်ဒိုးရီးယားက နောက်ပိုင်းပွဲတွေမှာ ခြေပြန်တက်လာ တာကိုတွေ့ရတယ်။ အင်တာမီလန်ကို နိုင်တယ်။ ဖီအိုရင်တီး နားကို သရေကစားပြီး ဆာဆူအိုလိုကိုလည်း အရှုံးကနေနောက် ဆုံးမိနစ် သွင်းဂိုးနှစ်ဂိုးနဲ့ ပြန်နိုင်ခဲ့တယ်။ ဒါက သူတို့ရဲ့ ယုံကြည် မှုကို ပြပါတယ်။ လက်ရှိခြေစွမ်းနဲ့ဆိုရင် ခရိုတိုနီကို အနိုင်ယူဖို့ မခက်ပါဘူး။ ဆမ်ဒိုးရီးယားပဲ ကြိုက်တယ်။
■ ဂျီနိုအာ နှင့် ဂျူဗင်တပ်စ် (တနင်္ဂနွေည ၈း၃၀ နာရီ)
ပြီးခဲ့တဲ့ တစ်ပတ်ကပွဲမှာ ဂျီနိုအာက လာဇီယိုကို ဘယ်လိုမှ ယှဉ်မကစားနိုင်ဘဲ အရှုံးပေးခဲ့ရတယ်။ လာဇီယိုတိုက်စစ်ကို မထိန်းချုပ်နိုင်ဘူး။ လာဇီယို ခံစစ်ကို မကျော်ဖြတ်နိုင်ဘူး။ ရခဲ့တဲ့ တစ်ဂိုးကလည်း ကံကောင်းလို့ရခဲ့တာပါ။ ဂျူဗင်တပ်စ်ကတော့ အသင်းငယ်လေးတစ်သင်းဖြစ်တဲ့ ပက်စ်ကာရာကို အလွယ်တကူအနိုင်ရခဲ့တယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဆီဗီလာ ကိုအဝေးကွင်းမှာ ဂိုးပြတ်နိုင်ခဲ့တယ်။ ဂျီနိုအာနဲ့ ဂျူဗင်တပ်စ်က နှိုင်းယှဉ်စရာအဆင့်တွေမဟုတ်ပါဘူး။ ဒါပေမဲ့ လက်ရှိအနေအ ထားမှာ ဂျူဗင်တပ်စ်လူမစုံတာကို သတိပြုရမယ်။ ဂျီနိုအာက အသင်းကြီးတွေကို အိမ်ကွင်းမှာ ဒုက္ခပေးလေ့ရှိတာကို သတိပြု ရမယ်။ ဂျူဗင်တပ်စ်အနေနဲ့ နောက်ကနေလိုက်နေတဲ့ ဒုတိယနေရာက ရိုးမား၊ တတိယနေရာက အေစီမီလန်တို့ကို အမှတ် ပြန်ဖြတ်နိုင်ခဲ့လို့ သရေကျသွားလို့လည်း ပြဿနာမရှိတာကို သတိပြုရမယ်။ ဂျူဗင်တပ်စ် ခြေစွမ်းကောင်းပေမယ့် စိတ်ပိုင်းဆိုင် ရာ အားလျော့နေနိုင်ပါတယ်။
ဂျီနိုအာ ရလဒ်ကောင်းယူသွားရင် အံ့သြစရာမရှိဘူး။
■ ရိုးမား နှင့် ပက်စ်ကာရာ (တနင်္လာနံနက် ၂း၁၅ နာရီ)
ဂျူဗင်တပ်စ် သိပ်အားမထည့်တာတောင် (၃)ဂိုးပြတ်အ ရှုံးပေးခဲ့ရတဲ့ ပက်စ်ကာရာအတွက် နောက်ထပ် အခက်တွေ့ မယ့်ပွဲပါ။
ရိုးမားက ဂျူဗင်တပ်စ်လောက် ကစားပုံမကောင်း၊ ခံစစ်မငြိမ်ပေမယ့် တိုက်စစ်ကစားပုံအရမ်းကောင်းတာကို တွေ့ ရတယ်။ ဆာလာ၊ ဂျက်ကို၊ ပါရော့တီတို့ရဲ့ တိုက်စစ်က ဒီပွဲလည်း ဂိုးတွေသွင်းဦးမယ်။

No comments:
Post a Comment