Saturday, November 5, 2016

ယနေ့ညနှင့် မနက်ဖြန်နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် အီတလီစီးရီးအေနှင့် ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်များပွဲကြိုသုံးသပ်ချက်

■ ယနေ့ညနှင့် မနက်ဖြန်နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် အီတလီစီးရီးအေနှင့် ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်များပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေ
----------
တိုရီနို နှင့် ကာဂလီယာရီ (၅-၁၁-၂၀၁၆ ည ၁၁း၃၀) 
တိုရီနိုရဲ့တိုက်စစ်က အားရစရာကောင်းတယ်။ ဒါပေမဲ့ ဂလစ်ခ်ကို ထွက်ခွင့်ပေးလိုက်တဲ့ခံစစ်က တော်တော်လေးအား နည်း နေတယ်။ ဂျိုးဟတ်ရောက်စက ပေးဂိုးတွေနည်းသွားပေမယ့် အခု ဂျိုးဟတ်လည်း မကယ်နိုင်ဘူး။ ဂိုးတွေပေးနေရတယ်။
ကာဂလီယာရီကလည်း တိုက်စစ်ကောင်းတဲ့အသင်းပါ။ တိုရီနိုခံစစ် ဂိုးပေးရမယ်။ သရေကျသွားနိုင်တယ်။

နာပိုလီ နှင့် လာဇီယို (၆-၁၁-၂၀၁၆ နံနက် ၂း၁၅)  
နာပိုလီက နှစ်ပွဲဆက်ပြန်နိုင်ပြီးမှ ဂျူဗင်တပ်စ်ကို ပြန်ရှုံးသွားတယ်။ စီးရီးအေမှာတော့ ဂျူဗင်တပ်စ်ကို ရှုံးတာက သိပ်တွက် စရာမလိုသလိုကိုဖြစ်နေတာ။ ကပ်ရှုံးခဲ့တာက အသင်းကို အကောင်းတောင် မြင်စေဦးမယ်ထင်တယ်။
ဒီပွဲမတိုင်ခင်လည်း ဆက်တိုက်နိုင်ထားတယ်ဆိုတော့ နာပိုလီရဲ့ ခြေစွမ်းနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေက အကောင်းဘက်ကို ရောက်နေတယ်။ လာဇီယိုကလည်း နောက်ဆုံးနှစ်ပွဲမှာ ကာဂလီယာရီနဲ့ ဆာဆူအိုလိုတို့ကို နိုင်ထားတယ်။ နိုင်သင့်တဲ့ပွဲတွေကို အနိုင်ကစားနေ တယ်လို့ ပြောလို့ရတယ်။
ဒါပေမဲ့ ဒါဟာ ကိုယ့်ထက်ပိုကောင်းတဲ့အသင်းတွေကို အနိုင်ကစားနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ဘူး။ လာဇီယိုရဲ့ ခြေစွမ်းနဲ့ ကစားပုံက အကန့်အသတ်ရှိတယ်။ နိုင်သင့်တဲ့ပွဲတွေမှာ နိုင်သလို၊ ရှုံးနိုင်ခြေရှိတဲ့ပွဲတွေကို Shock လုပ်ပြီးအနိုင်ယူလိုက်တာမျိုးလည်း သိပ်မတွေ့ရဘူး။
အီမိုဘီလီ ဂိုးမြူးနေပေမယ့် အီမိုဘီလီရဲ့ ကစားပေါက်နဲ့ လာဇီ ယိုရဲ့အသင်းလိုက်ကစားဟန်ကိုလည်း နာပိုလီ မကြောက်ဘူး။ နာပိုလီ နိုင်ပွဲပြန်ရမယ်။

ဂျာမန်ဘွန်ဒစ်လီဂါ
-----------------------
ဘိုင်ယန်မြူးနစ် - ဟော်ဖန်ဟင်မ် (၅-၁၁-၂၀၁၆ ည ၉း၀၀)
ဒဏ်ရာပြဿနာတွေ အနည်းငယ်ကင်းစင်လာချိန်မှာ ဘိုင်ယန်ရဲ့လူစာရင်းက (၁)နေရာအတွက် ကစားသမား(၂) ယောက်လောက်က အသင့်ရှိနေတယ်။ နည်းပြ အန်ဆယ်လော့တီအနေနဲ့ ပွဲတိုင်းနီးပါး ရှေ့၊ လယ်၊ နောက် (၁)နေရာစီလောက်
အပြောင်းအလဲလုပ်နေပေမယ့် သူ့အကြိုက်ဆုံး ပွဲထွက်စာရင်းကို မှန်းဆလို့ရနေပါပြီ။ ဒီပွဲမှာလည်း တိုက်စစ်မှာ ဂိုးသွင်းခြေမ ရှိဖြစ်နေတဲ့ မူလာကိုခေါက်ထားပြီး နောက်ဆုံး(၂)ပွဲမှာ (၄)ဂိုးသွင်းထားတဲ့ လီဝန်ဒေါစကီးကို ဒေါက်ဂလပ်စ်ကော်စတာ၊
ရော် ဘင်တို့နဲ့ပဲ တွဲပေးဦးမှာပါ။ အစဉ်အလာအရလည်း မြူးနစ်ကွင်းမှာ ဘိုင်ယန်က အသာရထားပြီး (၇)ပွဲတွေ့ဆုံရာမှာ (၁)ပွဲသာသ ရေကျကာ (၆)ပွဲနိုင်ထားပါတယ်။ ဟော်ဖန်ဟင်မ်ကတော့ အခွင့်အရေးအတော်လေးနည်းနေပေမယ့် ရှုံးပွဲမရှိမှတ်တမ်းကို
ဆက်ထိန်းနိုင်ဖို့ အသေအလဲကြိုးပမ်းမှာသေချာပါတယ်။ မြူးနစ်ကွင်းတွေ့ဆုံမှုတွေမှာ ဘိုင်ယန် ဂိုးပြတ်နိုင်တဲ့ပွဲများပေမယ့်  ဟော်ဖန်ဟင်မ်ရဲ့လက်ရှိခြေစွမ်းနဲ့ (၃)ဂိုးပြတ်ဖို့ မလွယ်လောက်ဘူး။ ဟော်ဖန်ဟင်မ်ကို ပိုကြိုက်တယ်။

လေဗာကူဆင် - ဒမ်းစတက်ဒ်(၅-၁၁-၂၀၁၆ ည ၉း၀၀)
နိုင်ငံတကာရက်သတ္တပတ်ပြီးချိန်မှာ ပွဲကျပ်တွေတောက် လျှောက်ကစားရမယ့် လေဗာကူဆင်အနေနဲ့ အခုလိုပွဲမျိုးမှာ အမှားခံလို့မရပါဘူး။ နိုင်ပွဲပြန်တွေ့ထားတဲ့ လေဗာကူဆင် အခု ပွဲမှာ အရှိန်ဆက်ရသွားဖို့များပါတယ်။
ဒမ်းစတက်ဒ်ကတော့ ဒီ ရာသီ ဘွန်ဒစ်လီဂါအဝေးကွင်း (၄)ပွဲစလုံး အရေးနိမ့်ထားခဲ့တာ ပါ။ လေဗာကူဆင် (၂)ဂိုးတော့ပြတ်နိုင်တယ်။

ဟမ်းဘတ် - ဒေါ့မွန်(၅-၁၁-၂၀၁၆ ည ၉း၀၀)
ဒေါ့မွန်နည်းပြ တူဟယ်လ်အဖို့ (၃)ပွဲဆက်သရေကျထား တဲ့ အသင်းအခြေအနေကို ပြန်သုံးသပ်ရတော့မှာပါ။ ကြားမှာ ချန်ပီယံလိဂ်ကစားခဲ့ရပေမယ့် ဒေါ့မွန် ပွဲမကျပ်ပါဘူး။ အခုပွဲမှာ အင်ပြည့်အားပြည့် ကစားနိုင်လိမ့်မယ်။
(၇)ပွဲဆက်ဂိုးပေါက် ပျောက်ထားတဲ့ ဟမ်းဘတ်တိုက်စစ်ကြောင့် ဒေါ့မွန်ရဲ့သွင်းဂိုးကို ပဲ ကြည့်ရလိမ့်မယ်။ ဒေါ့မွန် (၁-၀)၊ (၂-၀)နဲ့ ပြီးနိုင်တယ်။

အင်ဂိုးလ်စတက်ဒ် - အော့စ်ဘတ်(၅-၁၁-၂၀၁၆ ည ၉း၀၀)
အိမ်ကွင်းနောက်ဆုံးပွဲမှာ ဒေါ့မွန်ကို  အင်ဂိုးလ်စတက်ဒ် အသင်း အနိုင်ရလုနီးပါးဖြစ်ခဲ့တာက တစ်ပွဲကောင်း ထတောက် သလိုမျိုးပဲဖြစ်ပါလိမ့်မယ်။ နှစ်သင်းစလုံး အခြေအနေဆိုးရွား နေပေမယ့် အော့စ်ဘတ်ရဲ့ရလဒ်ပိုင်းက လက်ခံလို့ရပါသေး တယ်။
အော့စ်ဘတ် မရှုံးနိုင်ဘူး။

ဖရိုင်းဘတ်- ၀ုလ်ဖ်ဘတ်(၅-၁၁-၂၀၁၆ ည ၉း၀၀)
ဝုလ်ဖ်ဘတ်အသင်း ယာယီနည်းပြ အစ္စမေးလ်လက်ထဲ မှာ (၂)ပွဲဆက်အပါအ၀င် (၃)ပွဲဆက် အရေးနိမ့်ခဲ့ပါတယ်။ ၀ုလ်ဖ်ဘတ်အသင်းမှာ လူပြန်စုံလာပေမယ့်
(၄)ပွဲစလုံး အနိုင် ကစားထားတဲ့ ဖရိုင်းဘတ်ရဲ့အိမ်ကွင်းခြေစွမ်းက ပိုအဆုံးအ ဖြတ်ပေးနိုင်တယ်။ ၀ုလ်ဖ်ဘတ် နိုင်ပွဲ ပြန်ရှာမတွေ့လောက်ဘူး။

ဖရန့်ဖတ် - ကိုလုံး(၅-၁၁-၂၀၁၆ ည ၁၂း၀၀)
အကောင်းဆုံးပုံစံရနေတဲ့ အလယ်အလတ်(၂)သင်း တွေ့ဆုံကြတာပါ။ ဖရန့်ဖတ်က အိမ်ကွင်းမှာ ဟာသာဘာလင်၊ ဘိုင်ယန်မြူးနစ်အသင်းတွေကို သရေခံကစားထားသလို၊
ကိုလုံး ကလည်း အဝေးကွင်းပွဲကျပ် (၄)ပွဲမှာ (၁)ပွဲပဲ အရေးနိမ့်ခဲ့တယ်။ မိုဒက်စ်တေ ဂိုးမြူးနေတဲ့ ကိုလုံးဘက်က ရပ်တည်သင့်တယ်။

ပုံစာ-ပြီးခဲ့သည့်ရာသီတွေ့ဆုံမှုတွင် လာဇီယိုဘက်သို့တိုက်စစ်ဆင်နေသည့် နာပိုလီကွင်းလယ်လူ ဟမ်ဆစ်
Photo:AFP

No comments:

Post a Comment