■ ဗီလာရီးယဲလ် နှင့် အလာဗတ်စ် (တနင်္ဂနွေညနေ ၅း၃၀ နာရီ)
နောက်ဆုံး(၃)ပွဲမှာ (၂)ပွဲရှုံးထားလို့ ဒီပွဲကို ဗီလာရီးယဲလ် သေချာအားစိုက်ဖို့များနေတယ်။ အိမ်ကွင်းမှာလည်း
အမှားကင်း ကင်းနဲ့ကစားနိုင်တဲ့အပြင်
အခုတလော အလာဗတ်စ်ရဲ့ခြေစွမ်းက အားရစရာမရှိလို့
ဗီလာရီးယဲလ်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။
■ အိုဆာဆူနာ နှင့် အက်သလက်တီကို (တနင်္ဂနွေည ၉း၄၅ နာရီ)
နောက်ဆုံး (၂)ပွဲဆက်အရှုံးကြောင့် အခုပွဲကိုတော့ အက် သလက်တီကို အတိမ်းအစောင်းခံမယ်မထင်ဘူး။ အဲဒီရှုံးပွဲ(၂)ပွဲမှာ ဂိုးမရခဲ့လို့ ဒီပွဲမှာ
အက်သလက်တီကိုတို့ တိုက်စစ်ကို ပိုမြှင့်လာဖို့ပဲရှိတယ်။
အက်သလက်တီကိုနဲ့ ဂိုးအများကိုပဲရွေးထားရမယ်။
■ ဆယ်လ်တာဗီဂို နှင့် ဂရန်နာဒါ (တနင်္ဂနွေည ၁၂း၀၀ နာရီ)
အခုနောက်ပိုင်း ဂရန်နာဒါအဝေးကွင်းမှာ ခံစစ်အားပြုရင်း အမှတ်ရအောင်ရှာနေတာတွေ့ရလို့ ဒီပွဲက ဆယ်လ်တာတိုက်စစ်နဲ့ ဂရန်နာဒါခံစစ်အားပြိုင်မယ့်ပွဲမျိုးဖြစ်လာနိုင်တယ်။
အိမ် ကွင်းနိုင်ပွဲဆက်နေတဲ့ ဆယ်လ်တာနဲ့ ဂိုအများပဲကြိုက်တယ်။
■ ဆိုစီဒက် နှင့် ဘာစီလိုနာ (တနင်္လာနံနက် ၂း၁၅ နာရီ)
ဘာစီလိုနာအတွက် စိန်ခေါ်မှုအပြည့်ရှိနေတဲ့ပွဲပါပဲ။ ဘာစီလိုနာက ရီးယဲလ်ထက် (၄)မှတ်လျော့နေပြီဖြစ်လို့ နောက်ထပ် အတိမ်းအစောင်းခံလို့မရတော့တဲ့အချိန်ဖြစ်နေတယ်။ ဒါပေမဲ့ အခု အနိုတာကွင်းမှာသွားပြီး ရင်ဆိုင်ရမယ့် ဆိုစီဒက်က နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ(၄)ပွဲဆက်အနိုင်ရထားတဲ့အသင်းဖြစ်နေတဲ့အပြင် အဲဒီ(၄)ပွဲမှာခံစစ်ပိုင်းက (၁)ဂိုးသာပေးခဲ့ရပြီး တိုက်စစ် က(၁၀) ဂိုးအထိသွင်းထားနိုင်တဲ့အသင်းဖြစ်နေတယ်။ ဒါကြောင့် ဆိုစီဒက်ရဲ့တိုက်စစ်၊ ခံစစ်ဟန်ချက်ညီမှုက ဘာစီလိုနာအတွက် ပြိုင်ဘက်ကောင်းဖြစ်လာနိုင်တဲ့အနေအထားပါ။ ဘာစီလိုနာဟာ ဒီပွဲမတိုင်ခင် ဆဲလ်တစ်နဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲ ကစားထား ရတဲ့အပြင် ဒီရာသီ ဘာစီလိုနာမှာ ဒဏ်ရာပြဿနာတွေကြောင့် လူထုတ်ပုံအပြောင်းအလဲများနေမှုကြားမှာလည်း အသင်းက ခြေမငြိမ်သလိုဖြစ်နေတယ်။ ဒီပွဲမှာ MSN တိုက်စစ်အတွဲပြန်ကစားနိုင်ဖို့ရှိနေတာ၊ ခံစစ်ပိုင်းမှာ လူပြန်စုံလာတာတွေကတော့ ဘာစီလိုနာရဲ့အားသာမှုလို့ပြောနိုင်ပေမယ့် ဒီရာသီ ကွင်းလယ်ပိုင်းလူထုတ်ပုံ ပုံမှန်မရှိတဲ့အချက်ကတော့
ဘာစီလိုနာရဲ့အားနည်းမှု လိုရှိနေသေးတယ်။ လက်ရှိဆိုစီဒက်ရဲ့ကစားအားနဲ့ ကစားပုံကြောင့် အိမ်ရှင်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။

No comments:
Post a Comment