Wednesday, November 23, 2016

ဒေါ့မွန်-လီဂီယာဝါဆောပွဲ ချန်ပီယံလိဂ်သမိုင်းတွင် ဂိုးအများဆုံးပွဲအဖြစ် စံချိန်တင်

ဒေါ့မွန်-လီဂီယာဝါဆောပွဲ ချန်ပီယံလိဂ်သမိုင်းတွင် ဂိုးအများဆုံးပွဲအဖြစ် စံချိန်တင်
အင်္ဂါနေ့ညက ယှဉ်ပြိုင်ကစားခဲ့သော ဒေါ့မွန်အသင်းနှင့် လီဂီယာဝါဆောအသင်းတို့၏ ပွဲစဉ်မှာ ချန်ပီယံလိဂ်သမိုင်းတွင် ဂိုးအများဆုံးပွဲအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရှိရသည်။
ယင်းပွဲတွင် ဒေါ့မွန်အသင်းက လီဂီယာဝါဆောအသင်းကို (၈-၄)ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့် နှစ်သင်းပေါင်းသွင်းဂိုး (၁၂)ဂိုးရှိခဲ့သဖြင့် စံချိန်သစ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ခြင်းလည်းဖြစ်သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲဟူသည့် အမည်မပြောင်းလဲမီ ဥရောပဖလားပြိုင်ပွဲအမည်ဖြင့်သာ ရှိခဲ့စဉ်ကမူ ၁၉၆၉-၇၀ ရာသီက ဖီယင်နု ၁၂-၂ ရီဂျာဗစ်ပွဲမှာ ဂိုးအများဆုံးပွဲအဖြစ် စံချိန်တင်ထားပြီး ချန်ပီယံလိဂ်ခေတ်တွင်မူ ၂၀၀၃-၀၄ ရာသီက မိုနာကို ၈-၃ ဒီပို့တီဗိုပွဲမှာ ဂိုးအများဆုံးပွဲအဖြစ် ရပ်တည်ခဲ့သည်။
ယခု ဒေါ့မွန်ပွဲက အဆိုပါ ချန်ပီယံလိဂ်ခေတ်စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
Photos: Dailymail



No comments:

Post a Comment