■ ယနေ့ညယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
ဘုန်းမောက် - ဆန်းဒါးလန်း (၅-၁၁-၂၀၁၆ ည ၉း၃၀)
ဆန်းဒါးလန်းအတွက် ပြန်ပေါ် ချိန်ရောက်ပြီဆိုတဲ့ စကားက ပြောလို့ကိုမရဘူး။ ခြေစွမ်းညံ့သလို၊ စိတ်ဓာတ်လည်း အားနည်း တယ်။ ယုံကြည်မှုပျောက်ဆုံးနေသလို၊ ခံစစ်မှာလည်း Rhythm ပျက်စီးနေတယ်။ ဘုန်းမောက်တိုက်စစ်ကို မထိန်းချုပ်နိုင်ဘူး။ 
မ ထင်မှတ်တဲ့ ရလဒ်မျှော်လင့်လို့မရဘူး။ ဘုန်းမောက်နိုင်မယ်။
ဘန်လေ - ခရစ္စတယ်ပဲလေ့စ် (၅-၁၁-၂၀၁၆ ည ၉း၃၀)
ဘန်လေရဲ့ ကစားပုံကို မလေးစားရင်တောင် အိမ်ကွင်းရ လဒ်၊ ခြေစွမ်းနဲ့ ကစားအားကိုတော့ လေးစားရမယ်။ မိုက်ကယ် ကင်း ခံစစ်မှာ ခြေစွမ်းပြနေပြီး၊ အသင်းလိုက်ဟန်ချက်မဆိုးဘူး။
  ပဲလေ့စ်ကလည်း ရလဒ်တွေဆိုးနေတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ တိုက်စစ်စိတ်ဝင်နေနိုင်တဲ့ဘန်လေကို ပဲလေ့စ်ပညာပေးမယ်။ 
မန်စီးတီး - မစ်ဒယ်ဘရော့ (၅-၁၁-၂၀၁၆ ည ၉း၃၀)
အာဆင်နယ်ကို သရေကျခဲ့ခြင်းက တိုက်ဆိုင်မှုနဲ့ ကံတရား ဆိုရင်တောင် ဘုန်းမောက်ကို (၂-၀)ဂိုးနဲ့ ဆက်နိုင်ခဲ့တာကြောင့်  မစ်ဒယ်ဘရော့ကို ချီးကျူးရမယ်။ 
ခံစစ်နဲ့ ပတ်သက်တဲ့ ယုံကြည်မှု တစ်ခုကို ရနေပြီ။ ဒါပေမဲ့ ဂိုးစပေးလိုက်ရတာနဲ့ ပျက်စီးသွားမယ့် အရာပါ။ မန်စီးတီးအတွက် သိပ်မခက်ပါဘူး။
ဝက်စ်ဟမ်း - စတုတ်စီးတီး (၅-၁၁-၂၀၁၆ ည ၉း၃၀)
ဝက်စ်ဟမ်းက ပဲလေ့စ်နဲ့ ဆန်းဒါးလန်းကိုနိုင်ပြီး အဲဗာတန် ကို ရှုံးခဲ့တယ်။ ဖြစ်သင့်တဲ့ ရလဒ်တွေပါ။ သူတို့ခြေပြန်ငြိမ်လာပြီ။ 
စတုတ်စီးတီးကတော့ ပုံစံကောင်းပြနေတယ်။ ဒါပေမဲ့ ရှာကီရီ ဒဏ်ရာရသွားတာ ဒီလိုပွဲမျိုးမှာအခက် တွေ့နိုင်တယ်။ သူမပါရင် တိုက်စစ်ကလေးပါတယ်။ ၀က်စ်ဟမ်းကို ကြိုက်တယ်။ 
ချယ်လ်ဆီး - အဲဗာတန် (၅-၁၁-၂၀၁၆ ည ၁၂း၀၀)
ချယ်လ်ဆီးက ဆောက်သမ်တန်ကွင်းမှာ ပြီးပြည့်စုံတဲ့ ကစားပုံကို ပြသနိုင်ခဲ့တယ်။ ခြေစွမ်းရော ရလဒ်ပါအကောင်းဆုံး ပုံစံကိုရနေတယ်။ နောက်ဆုံး (၄)ပွဲဆက် Clean Sheets ယူခဲ့ပြီး သွင်းဂိုးက (၁၁)ဂိုးရှိတယ်။ 
အဲဗာတန်ကတော့ ရလဒ်တွေ ယိမ်းယိုင်လာတယ်။ ဒါပေမဲ့ နောက်ဆုံးပွဲမှာ ၀က်စ်ဟမ်းကို အနိုင်ကစားခဲ့တယ်။ ချယ်လ်ဆီးနဲ့ ကစားတဲ့ ပွဲတွေမှာ အဲဗာတန် က ယုံကြည်မှုအားကောင်းတဲ့အစဉ်အလာရှိတယ်။ 
ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ချယ်လ်ဆီးကိုတော့ သူတို့ မကြောက်ဘူး။  ထိပ်တိုက်တွေ့ဆုံမှုရလဒ်တွေသိပ်မကွာဘူး။ ခြေရည်တူကစားနိုင်လေ့ရှိတယ်။ ပြီးခဲ့တဲ့ ရာသီကလည်း တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားခဲ့တယ်။ 
ဒီရာသီမှာတော့ ဂျာဂယ်လ်ကာ သိသိသာသာခြေကျလာတယ်။ အက်ရှ်လေ၀ီလျံစ်ခြေစွမ်းပြနိုင်တဲ့ပွဲတွေမှာပဲ ခံစစ်က စိတ်ချရတယ်။ ကိုးလ်မန်း၊ အိုဗီယေဒိုတို့ကလည်း တိုက်စစ်ကောင်းပေမယ့် ခံစစ်ပိုင်းမှာ အားနည်းချက်တွေရှိတယ်။ 
အိုဗီယေဒိုက ပိုဆိုးတယ်။ ချယ်လ်ဆီးတိုက်စစ်မှာ အားသာမှုက ဟာဇက်နဲ့ ဒီယေဂိုကော်စတာဖြစ်ပြီးPositioning အရဆိုရင် အဲဗာတန်ရဲ့ အားနည်းချက်တွေနဲ့ ကွက်တိကျနေတာလည်းတွေ့ရတယ်။ ချယ်လ်ဆီးနိုင်ပွဲဆက်ဦးမယ်။ 
ပုံစာ-ပြီးခဲ့သည့်ရာသီ ချယ်လ်ဆီး - အဲဗာတန်ပွဲမှ ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာ
Photo:AFP
 
No comments:
Post a Comment