Friday, November 25, 2016

တိုက်စစ်မှူး ဗာဒီ ဂိုးပေါက်ပျောက်နေခြင်းမှာ အံ့အားသင့်စရာကောင်းသော်လည်း ယုံကြည်မှုအပြည့်ရှိသည်ဟု ရာနီရေးရီ ဆို

တိုက်စစ်မှူး ဗာဒီ ဂိုးပေါက်ပျောက်နေခြင်းမှာ အံ့အားသင့်စရာကောင်းသော်လည်း ယုံကြည်မှုအပြည့်ရှိသည်ဟု ရာနီရေးရီ ဆို
လက်စတာနည်းပြ ရာနီရေးရီက အသင်းမှ တိုက်စစ်မှူး ဗာဒီအနေဖြင့် အံ့အားသင့်စရာကောင်းလောက်အောင် ဂိုးပေါက်ပျောက်ဆုံးနေသော်လည်း မကြာမီ သွင်းဂိုးများဖြင့် ပြန်လာနိုင်မည်ဟု ယုံကြည်မှုအပြည့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဗာဒီသည် ပြီးခဲ့သည့်ရာသီက လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိခဲ့ရာတွင် သွင်းဂိုးများဖြင့် အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့သူဖြစ်သော်လည်း လက်ရှိရာသီတွင်မူ ပြိုင်ပွဲစုံ(၁၉)ပွဲကစားအပြီး၌ (၂)ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။
ယင်း(၂)ဂိုးကိုလည်း ပရီးမီးယားလိဂ်ရာသီအစပိုင်းတွင် သွင်းယူခဲ့ခြင်းဖြစ်သောကြောင့် စက်တင်ဘာ(၁၀)ရက်နောက်ပိုင်းမှစ၍ ဂိုးပေါက်ပျောက်သွားခဲ့ခြင်းဖြစ်ပြီး ဂိုးမသွင်းနိုင်သည်မှာ စုစုပေါင်း(၁၄)ပွဲ ရှိသွားခဲ့ပြီဖြစ်သည်။

ရာနီရေးရီက "သူ ဂိုးမသွင်းနိုင်တာ (၁၄)ပွဲရှိသွားပြီလား။ အံ့အားသင့်စရာကောင်းတာကတော့ အဲဒီအချိန်ကာလအတွင်းမှာ ဗာဒီဟာ လေ့ကျင့်ရေးကွင်းမှာလည်း ဂိုးမသွင်းနိုင်တာပါပဲ။ အခု သူ လေ့ကျင့်ရေးကွင်းမှာ ဂိုးသွင်းနိုင်ခဲ့ပါပြီ။ ဒါ သတင်းကောင်းပါ။ သူက အမြဲကြိုးစားတဲ့သူဖြစ်တာကြောင့် ကျွန်တော် သူနဲ့ အလုပ်လုပ်ရတာ ပျော်ပါတယ်။ သူ ဂိုးတွေ ပြန်သွင်းနိုင်မယ်လို့လည်း ယုံကြည်မှုအပြည့်ရှိပါတယ်။ ကျွန်တော်တို့အတူတကွ လမ်းကြောင်းမှန်ပေါ် ပြန်တက်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်" ဟုပြောကြားခဲ့သည်။
Photos: Skysports

No comments:

Post a Comment