Sunday, November 20, 2016

စီးရီးအေပွဲစဉ်များ အကြိုသုံးသပ်ချက်

■ စီးရီးအေပွဲစဉ်များ အကြိုသုံးသပ်ချက်

■ ဆမ်ဒိုးရီးယား နှင့် ဆာဆူအိုလို (တနင်္ဂနွေည ၆း၀၀ နာရီ)

ဆာဆူအိုလိုရဲ့ ရလဒ်ပိုင်းက တော်တော်ဆိုးနေတယ်။  နောက်ဆုံး (၄)ပွဲမှာ (၁)ပွဲသရေ၊ (၃)ပွဲရှုံးခဲ့တယ်။ သွင်းဂိုးနှစ်ဂိုး ပဲရှိပြီး ပေးဂိုး (၈)ဂိုးရှိတယ်။ ရှုံးခဲ့တဲ့ (၃)သင်းစလုံးက ရလဒ်ပိုင်း  ကောင်းပြီး ခြေတက်နေတဲ့အသင်းတွေဖြစ်နေတာကြောင့် ကံဆိုးတယ်လို့ ပြောရမယ်။ ဒီပွဲကလည်း ယူရိုပါလိဂ်နဲ့ အာရုံ များနေနိုင်တာကြောင့် အိမ်ရှင်ဆမ်ဒိုးရီးယားပဲ ကြိုက်ပါတယ်။

■ အတ္တလန်တာ နှင့် ရိုးမား (တနင်္ဂနွေည ၈း၃၀ နာရီ)

နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲဆက်အနိုင်ကစားခဲ့တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ရလဒ်ပိုင်းက အံ့အားသင့်စရာပဲ။ ဒီအချိန်မှာ အတ္တလန်တာနဲ့ ကစားခွင့်ရတဲ့အသင်းတိုင်း အခက်အခဲရှိမှာ သေချာတယ်။ ရိုးမားကလည်း နောက်ဆုံး (၅)ပွဲမှာ အတ္တလန်တာလိုပဲ (၄)ပဲနိုင်၊ (၁)ပွဲသရေကျခဲ့တယ်။ ဒါပေမဲ့ ပွဲချောင်နေ တာတွေ့ရတယ်။
ဂိုးများများနဲ့ သရေကျနိုင်တယ်။

■ ဘိုလော့ဂ်နာ နှင့် ပါလာမို (တနင်္ဂနွေည ၈း၃၀ နာရီ)

ဘိုလော့ဂ်နာက နောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး
နောက်ဆုံး (၂)ပွဲမှာ ရှုံးပွဲဆက်ခဲ့တယ်။ ပါလာမိုကတော့ ပွဲတိုင်း ရှုံးနေတဲ့အသင်းပါ။ တစ်ပွဲတစ်ဂိုးပုံမှန်ရပြီး ပေးဂိုး (၁၅)ဂိုးရှိခဲ့တယ်။
ဘိုလော့ဂ်နာက သိပ်မကောင်းပေမယ့် ပါလာမိုရဲ့ အနေအထားက ပိုဆိုးပါတယ်။ ဘိုလော့ဂ်နာ အိမ်ကွင်းမှာ အနိုင်ကစားလိမ့်မယ်။

■ ခရိုတိုနီ နှင့် တိုရီနို (တနင်္ဂနွေည ၈း၃၀ နာရီ)

တိုရီနိုရဲ့ တိုက်စစ်က အကောင်းဆုံးပုံစံမှာ ရှိနေတယ်။
ဂိုးမြူးနေတဲ့ ဘယ်လော့တီက ပွဲတိုင်းနီးပါးဂိုးတွေသွင်းနေပြီး တိုက်စစ်ကိုလည်း ကောင်းကောင်းဦးဆောင်နိုင်တယ်။
နောက် ဆုံး (၅)ပွဲမှာ (၁၄)ဂိုးသွင်းခဲ့တဲ့ တိုက်စစ်က ဂျူဗင်တပ်စ်၊ ရိုးမား၊ နာပိုလီတို့ထက်တောင် ပိုကောင်းနေတယ်။
ဒီပွဲလည်း ခရိုတိုနီ ကို သေချာပေါက်အနိုင်ကစားလိမ့်မယ်။

■ အမ်ပိုလီ နှင့် ဖီအိုရင်တီးနား (တနင်္ဂနွေည ၈း၃၀ နာရီ)

အမ်ပိုလီက နောက်ဆုံး (၅)ပွဲမှာ နာပိုလီ တစ်သင်းတည်း ကိုရှုံးခဲ့တယ်။ ဒါပေမဲ့ နိုင်ပွဲကလည်း နောက်ဆုံးကစားခဲ့တဲ့ ပက်စ်ကာရာနဲ့ ပွဲမှာမှ ရခဲ့တာပါ။ ဖီအိုရင်တီးနားကတော့ သရေတစ် လှည့်၊ နိုင်တစ်လှည့်နဲ့ ရလဒ်တွေကောင်းနေတာတွေ့ရတယ်။ လက်ရှိခြေစွမ်းနဲ့ဆိုရင်တော့ အမ်ပိုလီက ဖီအိုရင်တီးနားကို ယှဉ် နိုင်ပါတယ်။
သရေကျဖို့ များနေတယ်။

■ လာဇီယို နှင့် ဂျီနိုအာ (တနင်္ဂနွေည ၈း၃၀ နာရီ)

လာဇီယိုရဲ့ ရလဒ်တွေက အကောင်းဘက်မှာ ရှိတယ်။ နာပိုလီနဲ့ပွဲမှာလည်း အဝေးကွင်းမှာ သရေကစားနိုင်ခဲ့တာကို တွေ့ရတယ်။ ဖိလစ်ပီအန်ဒါဆန်၊ ကီတာဘယ်လ်ဒီ၊ အီမိုဘီလီ တို့တိုက်စစ်က အဆိပ်ရှိတယ်။
အဝေးကွင်းညံ့တဲ့ ဂျီနိုအာ ခက် ခဲမယ်။ ခံစစ်ပိုင်းကလည်း ခပ်လေးလေးဖြစ်လို့ မထိန်းချုပ်နိုင် လောက်ဘူး။ လာဇီယိုကိုကြိုက်တယ်။

■ အေစီမီလန် နှင့် အင်တာမီလန် (တနင်္လာနံနက် ၂း၁၅ နာရီ)

ကမ္ဘာပေါ်မှာ အထင်ရှားဆုံး ဒါဘီပွဲစဉ်တွေထဲက တစ်ခုဆိုပေမယ့် ဒီဘက်နှစ်တွေမှာတော့ မီလန် နှစ်သင်းစလုံးရဲ့ ကျဆင်းမှုနဲ့အတူ မီလန်ဒါဘီက အရှိန်အ၀ါ လျော့ကျနေခဲ့တာကြာပြီ။ ဒီနှစ်တော့ နှစ်သင်းစလုံး နည်းနည်းပြန်လှုပ်လာတယ်။ အင်တာ မီလန်က ပိုရည်မှန်းချက်ကြီးသလိုထင်ရပေမယ့် ရလဒ်တွေ ကျဆင်းနေတယ်။ အေစီမီလန်ကတော့ ဒီဘက်ကာလတွေမှာ တော်တော်လေးတိုးတက်လာတယ်။ အသင်းကို ပြင်ဆင်မှု ကြီးကြီးမားမားမလုပ်ထားဘဲ မွန်တဲလားရဲ့လက်အောက်မှာ တည် ငြိမ်တိုးတက်လာတာကိုတွေ့ရတယ်။ လက်ရှိရပ်တည်နေတဲ့ အဆင့် (၃)နေရာကိုလည်း ထိုက်ထိုက်တန်တန်ရောက်နေတယ်လို့ ပြောရမယ်။
ဒါပေမဲ့ ပက်စ်ကာရာနဲ့ ပွဲရော၊ ပါလာမိုနဲ့ ပွဲမှာပါ ကစားပုံညံ့ခဲ့တာကို သတိပြုရမယ်။ အဲဒီရှေ့မှာလည်း ဂျူဗင်တပ်စ် ကိုနိုင်ပြီးမှ ဂျီနိုအာကို ဂိုးပြတ်ရှုံးခဲ့တယ်။ အင်တာမီလန်က လူသာတယ်လို့ ထင်ရပေမယ့် အေစီမီလန်လောက်စုစည်းမှုမ ကောင်းဘူး။
နည်းပြသစ် ပီအိုလီနဲ့ အင်တာမီလန် အထိုင်မကျလောက်သေးပါဘူး။ အေစီမီလန်နိုင်မယ်။

No comments:

Post a Comment