■ ပရိသတ်များ ရွေးချယ်သည့် အောက်တိုဘာလ ပရီးမီးယားလိဂ်အကောင်းဆုံးဆုကို ဟာဇက် ရရှိ
ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့အစည်းနှင့် Skysports ရုပ်သံတို့ပူးပေါင်း၍ ရွေးချယ်ပေးနေသည့် ပရီးမီးယားလိဂ်၏ အောက်တိုဘာလအတွက် အကောင်းဆုံးဘောလုံးသမားဆုကို ချယ်လ်ဆီးကစားသမား ဟာဇက် ရရှိသွားခဲ့ကြောင်း သိရှိရသည်။
ယင်းဆုကို အွန်လိုင်းမှတစ်ဆင့် ပရိသတ်များက ဆန္ဒမဲပေးရွေးချယ်ရခြင်းဖြစ်ပြီး ဟာဇက်သည် အာဆင်နယ်ကစားသမား ဝေါလ်ကော့၊ စတုတ်စီးတီးကွင်းလယ်ကစားသမား ဂျိုးအယ်လန်တို့နှင့် အဓိကပြိုင်ဆိုင်ခဲ့ရကြောင်း သိရှိရသည်။
စုစုပေါင်းပရိသတ်(၆၁၀၀၀)ကျော်က မဲပေးခဲ့ကြပြီး ဟာဇက်က (၂၇၂၆၂)မဲ၊ ဝေါလ်ကော့က (၁၄၇၃၇)မဲ၊ ဂျိုးအယ်လန်က (၁၄၄၉၁)မဲ ရရှိခဲ့ကြောင်း သိရှိရသည်။
သြဂုတ်နှင့် စက်တင်ဘာလအတွက်မူ နှစ်လပေါင်း၍ တစ်ဦးသာ ရွေးချယ်ခဲ့ပြီး လီဗာပူးလ်ကစားသမား မာနေးက ရရှိခဲ့ကြောင်းလည်း သိရှိရသည်။
Photos: Skysports
 
No comments:
Post a Comment