ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လက်စတာအသင်း အသင်းနည်းပြ ရာနီရေးရီက တန်းဆင်း အန္တရာယ်အတွက် မစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ် ပွဲစဉ်(၁၂)အပြီးတွင် လက်စတာ အသင်းမှာ ရမှတ် (၁၂)မှတ်သာ ရရှိသေးပြီး တန်းဆင်းဇုန်နှင့် (၂)မှတ်အကွာတွင် ရှိနေသည်။
 ရာနီရေးရီက "စိုးရိမ်နေသလားဆိုရင် No ပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရာသီမှာ 
ကျွန်တော်က ကိုယ့်ရဲ့အနောက်ကို အမြဲတမ်း ကြည့်ခဲ့သလို၊ အခုလည်း ကိုယ့်ရဲ့ 
အနောက်ကို ကြည့်နေပါတယ်။ တန်းဆင်းဇုန်နဲ့ အရမ်းကပ်နေလို့ ကျွန်တော်တို့ 
တုံ့ပြန်ဖို့ လိုအပ်ပါတယ်။ ဒီရာသီမှာ ခက်ခဲမယ်လို့ မျှော်လင့်ပြီးသားပါ။ 
လက်စတာလို အသင်းမျိုးက ချန်ပီယံဖြစ်ပြီးရင် ဒီလိုပြန်ဖြစ်တာ ပုံမှန်ပါပဲ။ 
လက်ရှိ အချိန်မှာတော့ ကျွန်တော်တို့ စုစည်းရတော့မယ်။ 
အလုပ်ကြိုးစားရတော့မယ်။ အလုပ်ကြိုးစားခြင်းက ကျွန်တော်တို့အတွက် 
တစ်ခုတည်းသော ဖြေဆေးပါ"ဟု ဆိုခဲ့သည်။
ရာနီရေးရီက လာမည့် ဇန်န၀ါရီတွင် လူသစ်များ ခေါ်ယူကာ အသင်းကို အင်အားဖြည့်တင်းသွားမည်ဟုလည်း အတည်ပြုခဲ့သည်။
Photo: Goal
ရာနီရေးရီက လာမည့် ဇန်န၀ါရီတွင် လူသစ်များ ခေါ်ယူကာ အသင်းကို အင်အားဖြည့်တင်းသွားမည်ဟုလည်း အတည်ပြုခဲ့သည်။
Photo: Goal

No comments:
Post a Comment