■ ဒီပို့တီပို့ နှင့် ဆီဗီလာ (စနေည ၆း၃၀ နာရီ)
ဆီဗီလာ အဝေးကွင်းမှာ နိုင်ပွဲရဖို့ခက်နေသေးတာတွေ့ရ တယ်။ ဒီပို့တီဗိုကလည်း အိမ်ရှင်ဖြစ်နေပြီး သရေထိန်းကစား တတ်တဲ့အသင်းမျိုးလည်းဖြစ်လို့ ဒီပွဲလည်း ဆီဗီလာနိုင်ဖို့မလွယ် ဘူးထင်တယ်။ ဂိုးနည်းပြီးသရေကျမယ့်ပွဲလို့ပဲထင်တယ်။
 ■ ဘာစီလိုနာ နှင့် မာလာဂါ (စနေည ၉း၄၅ နာရီ)
နိုင်ငံတကာပွဲတွေက အပြန်ကစားရမယ့်ပွဲဖြစ်လို့ ဘာစီလိုနာကစားသမားတွေ ပွဲပန်း၊ ခရီးပန်းတာမျိုးတွေ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့ သေချာသလောက်ဖြစ်နေချိန်မှာ ဒီပွဲကို ဘာစီလိုနာ သေချာအာရုံစိုက်ကစား မယ့်ပုံပါပဲ။ နောက်ဆုံးကစားခဲ့တဲ့ ဂရန်နာဒါနဲ့အိမ်ကွင်းပွဲမှာ (၁-၀)ဂိုးနဲ့သာနိုင်ခဲ့ပေမယ့် ဆီဗီလာနဲ့အဝေးကွင်းပွဲကိုတော့ အကောင်း ဆုံးကျော်ဖြတ်နိုင်ခဲ့လို့ ဘာစီလိုနာအတွက်ယုံကြည်မှုအားကောင်းနေနိုင်မယ့်အချိန်မျိုးလည်းဖြစ်နေတယ်။ မာလာဂါကလည်း ဒီရာသီမှာ အဝေးကွင်းရလဒ်တွေ သိပ်မကောင်းလှဘူး။ အဝေးကွင်းနိုင်ပွဲမရှိသေးဘဲ နောက်ဆုံးအဝေးကွင်းပွဲမှာလည်း အက်သ လက်တီကိုçကို (၂-၄)ဂိုးနဲ့ ရှုံးထားတယ်။ ဒါပေမဲ့ မာလာဂါရဲ့အဝေးကွင်းကစားပုံက ပွဲမရှုံးရရေးကိုဦးစားပေးကစားတတ်လို့ ဘာစီ လိုနာအတွက် ဂိုးစောစောမရရင် ဂိုးရဖို့ခက်သွားနိုင်တယ်။ ဂိုးရစောရင်တော့ မာလာဂါလည်း ဂိုးရဖို့ပြန်ဖွင့်ကစားလို့ ခံစစ်လျော့ သွားတတ်တယ်။ ဒါပေမဲ့ ဘာစီလိုနာကလည်း တစ်ဖက်မှာ မက်ဒရစ်(၂)သင်းထိပ်တိုက်တွေ့နေချိန်ဖြစ်လို့ ဒီပွဲကိုအမှတ်ပြည့်ယူ ထားရမှာဖြစ်ပြီး အိမ်ကွင်းမှာတော့ အမှားခံမှာမဟုတ်ဘူး။ ဘာစီလိုနာနဲ့ဂိုးအနည်းပဲကောင်းမယ်ထင်တယ်။
■ အီဘာ နှင့် ဆယ်တာဗီဂို (စနေည ၁၂း၀၀ နာရီ)
အီဘာဟာ အိမ်ကွင်းဆိုရင် အသင်းကြီးတွေကို ဒုက္ခပေး တတ်တဲ့အသင်းမျိုးလို့ပြောနိုင်တယ်။ အိမ်ကွင်းနောက်ဆုံးပွဲမှာ
ဗီလာရီးယဲလ်ကို အနိုင်ယူထားတဲ့အပြင် တိုက်စစ်အားလည်း စိတ်ချရတယ်။ အီဘာနဲ့ ဂိုးအများပဲကောင်းမယ်။
■ အက်သလက်တီကို နှင့် ရီးယဲလ်မက်ဒရစ်
ပြီးခဲ့တဲ့ရာသီကချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးယဲလ်ကိုအရှုံးပေးခဲ့ရပေမယ့် လာလီဂါမှာတော့ အက်သလက်တီကို (၂)ပွဲစလုံး မရှုံးခဲ့ပါဘူး။
အိမ်ကွင်းမှာ သရေကျပြီး၊ အဝေးကွင်းမှာ အနိုင်ကစားနိုင်ခဲ့ပါတယ်။ အခုတစ်ကြိမ်ပြန်အတွေ့မှာလည်း အက်သလက်တီကိုအတွက် ရှုံးလို့မရတဲ့ပွဲမျိုးဖြစ်နေတယ်။ လက်ရှိမှာတောင် ရီးယဲလ်နဲ့ (၆)မှတ်ပြတ်နေလို့ ဒီပွဲသာရှုံးလိုက်ရင်အက်သလက် တီကိုအတွက် အခြေအနေဆိုးသွားနိုင်တယ်။ ဒါကြောင့် အိမ်ကွင်းပွဲမှာ ရီးယဲလ်ကို အကောင်းဆုံးရင်ဆိုင်ဖို့ အက်သလက်တီကို ပြင်ဆင်ထားလိမ့်မယ်။
တိုက်စစ်မှာ ဂရစ်ဇ်မန်းဒဏ်ရာကြောင့် ဒီပွဲအတွက် မသေချာသေးတဲ့သတင်းတွေထွက်နေပေမယ့် ဂရစ်ဇ် မန်းမပါခဲ့ရင်တောင် အက်သလက်တီကိုရဲ့တိုက်စစ်က သိပ်ပြီးမဆိုးသွားနိုင်လောက်ဘူး။ ရီးယဲလ်ကတော့ မိုဒရစ်ပြန်လာတော့မှ တိုနီကရူးစ်နာသွားပြန်လို့ ကွင်းလယ်မှာလူစုံဖို့ မလွယ်သေးဘူး။
ခံစစ်မှာလည်း ကာဗာဟယ်လ်ပွဲပယ်ခံထားရပြီး ပီပီ၊ ရာမို့စ်တို့ မကစားနိုင်သေးလို့ အားလျော့နေနိုင်တယ်။
တိုက်စစ်မှာလည်း ဘန်ဇီမာကြံ့ခိုင်မှုပြည့်ဖို့ မသေချာသလို၊
စီရော်နယ်လ်ဒို ဂိုးသွင်း နှုန်းပုံမှန်မရှိပုံနဲ့ အက်သလက်တီကိုခံစစ်ကိုခြိမ်းခြောက်နိုင်ဖို့ မလွယ်ပါဘူး။ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲရွေးထားချင်တယ်။

No comments:
Post a Comment