Wednesday, November 2, 2016

ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ်ဆုကြေးရရှိမှုတွင် ချန်ပီယံရီးယဲလ်အသင်းထက် မန်စီးတီး ပိုများ

■ ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ်ဆုကြေးရရှိမှုတွင် ချန်ပီယံရီးယဲလ်အသင်းထက် မန်စီးတီး ပိုများ

ပြီးခဲ့သည့် ၂၀၁၅-၁၆ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ဆုကြေးရရှိမှုစာရင်း ထွက်ပေါ်လာခဲ့ရာ မန်စီးတီးအသင်းသည် ချန်ပီယံရီးယဲလ်အသင်းကိုကျော်၍ ဆုကြေးအများဆုံးရရှိသည့်အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။

မန်စီးတီးအသင်းသည် စုစုပေါင်းဆုကြေး ပေါင်(၇၆)သန်းကျော် ရရှိခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်အသင်းက ပေါင်(၇၃)သန်းနီးပါးသာ ရရှိခဲ့သည်။

ယခုကဲ့သို့ မန်စီးတီးအသင်း ဆုကြေးပိုမိုရရှိခဲ့ခြင်းမှာ ရုပ်သံဝင်ငွေခွဲတမ်း ပိုမိုရရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။

ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိခဲ့သည့် မန်စီးတီးအသင်းသည်  ရုပ်သံဝင်ငွေ ပေါင်(၄၂)သန်း ရရှိခဲ့ပြီး ရီးယဲလ်အသင်းမှာ ပေါင်(၂၃.၄)သန်းသာ ရရှိခဲ့ခြင်းဖြစ်သည်။

မန်စီးတီးနှင့် ရီးယဲလ်တို့၏နောက်တွင် ဆုကြေးငွေအများဆုံးရရှိသော ထိပ်ဆုံး(၁၀)သင်းစာရင်း၌ ဂျူဗင်တပ်စ်၊ PSG ၊ အက်သလက်တီကို၊ ချယ်လ်ဆီး၊ ရိုးမား၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာနှင့် အာဆင်နယ်တို့ ပါဝင်ခဲ့ကြောင်းလည်း သိရှိရသည်။

Photos: Dailymail & AFP

No comments:

Post a Comment