မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းခေါင်းဆောင် နောက်ခံလူ ကွန်ပနီ၏ ဦးခေါင်းဒဏ်ရာ ပြင်းထန်ခြင်း မရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ကွန်ပနီသည် ခရစ္စတယ်ပဲလေ့စ် အသင်းအား (၂-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အသင်း၏ ဂိုးသမား ဘရာဗိုနှင့် ထိခိုက်မိပြီး ဆက်လက် မကစားနိုင်တော့သဖြင့် ပွဲချိန်(၃၇)မိနစ်တွင် ဇာဘလက်တာနှင့် လူစားလဲခဲ့ရသည်။
 ဂွါဒီယိုလာက "ကွန်ပနီမှာ ဦးခေါင်းဒဏ်ရာ ရှိနေပါတယ်။ အခုတော့ 
ကျွန်တော်တို့ သူ့ကို စောင့်ကြည့်နေပါတယ်။ ဦးခေါင်းဒဏ်ရာနဲ့ ပတ်သက်လာရင် 
အရမ်းသတိထားရပါတယ်။ ပြင်းထန်တဲ့ ဒဏ်ရာမျိုးမဟုတ်ဖို့ မျှော်လင့်ပါတယ်"ဟု 
ပြောကြားခဲ့သည်။
မန်စီးတီး အသင်းသည် လာမည့် ဗုဒ္ဓဟူးနေ့တွင် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် မိုချန်ဂလာဘတ် အသင်းနှင့် ကစားရမည်ဖြစ်ပြီး ယင်းပွဲကို ကွန်ပနီ ကစားနိုင်ရန် မသေချာကြောင်း သိရသည်။
Photo: Sky Sports
မန်စီးတီး အသင်းသည် လာမည့် ဗုဒ္ဓဟူးနေ့တွင် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် မိုချန်ဂလာဘတ် အသင်းနှင့် ကစားရမည်ဖြစ်ပြီး ယင်းပွဲကို ကွန်ပနီ ကစားနိုင်ရန် မသေချာကြောင်း သိရသည်။
Photo: Sky Sports

No comments:
Post a Comment